ပြည့်ပြည့်ဖြိုးဖြိုး ကိုယ်ခန္ဓာရှိသူတွေ၊ ၀၀ဖြိုးဖြိုး ကိုယ်ခန္ဓာရှိသူတွေအတွက် ကမ္ဘာ့ထိပ်တန်း ဖက်ရှင်တိုက်တွေက အ၀တ်အစားတွေ ထုတ်လုပ်လာကြတယ်။
ပုံမှန်ကိုယ်ခန္ဓာ ရှိသူများအဖြစ် သတ်မှတ်ကာ plus-size တွေ ချုပ်လုပ်ပြီး ရောင်းချပေးလာကြတယ်။
အိုအီးစီဒီ လို့ အတိုကောက်အားဖြင့် လူသိများတဲ့ Organisation for Economic Cooperation and Development (OECD) ရဲ့ ပြီးခဲ့တဲ့နှစ် ၂၀၁၇ အစီရင်ခံစာမှာ ယူကေမှာ နေထိုင်သူ အရွယ်ရောက်ပြီးသူ လူဦးရေမှာ ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ၀၀ဖြိုးဖြိုး ရှိသူဦးရေက ၆၃ ရာခိုင်နှုန်း ရှိတယ်လို့ ဖော်ပြထားတယ်။ ၀ဖြိုးတာကြောင့် ကိုယ်အလေးချိန် လွန်ကျွံနေတာကို အပင်ပန်းခံပြီး လျှော့ချလိုစိတ်လည်း နည်ပါးလာနေတာတွေ့ရတယ်။ ၀ဖြိုးသူတွေထဲမှာ ၈၅ ရာခိုင်နှုန်းက ၀ိတ်ချဖို့ စိတ်ကူးမရှိဘူးလို့ ဖြေကြားခဲ့ကြတယ်။ ၀ဖြိုးသူတွေထဲမှာ ၈၅ ရာခိုင်နှုန်းက ၀ိတ်ချဖို့ စိတ်ကူးမရှိဘူးလို့ ဖြေကြားခဲ့ကြတယ်။
ဒီတော့ အ၀တ်အစား ချုပ်လုပ်ရောင်းချတဲ့ လက်လီလုပ်ငန်းကြီးတွေဟာ လူဦးရေရဲ့ ထက်ဝက်ကျော် ရှိနေတဲ့ ပြည့်ဖြိုးသူတွေနဲ့ ၀ဖြိုးသူတွေအတွက် အ၀တ်အစားတွေကို plus-size တွေနဲ့ ထုတ်လုပ်ကြတာ ဖြစ်ပါတယ်။ ဈေးကွက်ဝေစုက ကြီးမားနေတာမို့ ယခုလို ထုတ်လုပ်ရောင်းချကြတာ ဖြစ်ပါတယ်။
plus-size အ၀တ်အစားတွေကို ပုံမှန်အ၀တ်အစားတွေလိုပဲ တန်းတူထုတ်လုပ်တဲ့ brand တွေ တိုးလာတာကို တွေ့ကြရတယ်။
၂၀၁၅ ခုနှစ်မှာ River Island က ၎င်းရဲ့ ပထမဆုံး plus-size ဖက်ရှင်စုစည်းမှုကို ဖန်တီးခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာ Debenhams က အမျိုးသားများအတွက် plus-sizeဖြစ်တဲ့ 5XL ကို size တစ်မျိုး ထပ်တိုးပေးခဲ့ပါတယ်။ Seasalt ကလည်း အလားတူပင် plus-size အတွက်ပါ အ၀တ်အစားတွေ တိုးချဲ့ထုတ်လုပ်ခဲ့တယ်။
၂၀၁၇ ခုနှစ်မှာ Nike က ၎င်းရဲ့ အဦးဆုံး plus-size တွေ ထုတ်လုပ်ခဲ့တယ်။ ack & Jones က plus-size ဖက်ရှင်စုစည်းမှုကို ထည့်သွင်းခဲ့တယ်။
၂၀၁၈ ခုနှစ်မှာ Marks & Spencer က ၎င်းရဲ့ plus-size ဖက်ရှင်စုစည်းမှုကို စတင်ပွဲထုတ်ခဲ့ပါတယ်။
eBay မှာ plus-size အမျိုးသမီးတွေအတွက် ရောင်းဝယ်ရာနေရာကို ၂၀၁၆ ခုနှစ်မှာ စတင်ပေးခဲ့တယ်။ အသုံးအနှုန်းကို curve fashion လို့ သုံးနှုန်းထားတယ်။ ၀လွန်းသူလို့ ပြောမယ့်အစား ကိတ်တဲ့သူလို့ ပြောလိုက်တာ ဖြစ်ပါတယ်။ ဒီတော့ အကိတ်ဖက်ရှင်လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
အဲဒါအပြင် size နံပါတ်တွေကိုလည်း လျှော့ချပြီး ဖော်ပြပေးကြတယ်။ H&M က သူ့ရဲ့ အရွယ်အစား သတ်မှတ်ပုံကို ပြောင်းလဲသတ်မှတ်ပေးလိုက်တယ်။ ယခင်က size 12 ဟာ ယခု size 10 ဖြစ်သွားတယ်။
ဒီတော့ plus-size ဖြစ်နေတာကြောင့်နဲ့တော့ style ထုတ်ဖို့ အ၀တ်အစား ၀ယ်မရတာ မဖြစ်တော့ဘူး။ အဲဒါကြောင့် စတိုင်မှာ size မရှိဘူးလို့တောင် ကြော်ငြာတာ တွေ့ရပါတယ်။
Size နံပါတ်က ကိန်းဂဏန်းတစ်ခုကို အတိအကျ ဖော်ပြပေးနေတယ်။ ထိုကိန်းဂဏန်းက ပေါင်ချိန်စက်မှ ပြောပြတဲ့ ကိုယ်အလေးချိန် ကိန်းဂဏန်းထက် ပိုစိုးမိုးတယ်။ စိတ္တဇ ပိုဖြစ်တယ်။ ၀တဲ့သူလို့ အပြောခံနေရသူဟာ ပိုငယ်သော size ကို ရွေးချယ် ၀တ်ဆင်လိုတယ်။ သူက size 12 ဖြစ်ပေမဲ့ size 10 ကို ၀တ်လို့ရနေရင် သူ့ကိုယ်ခန္ဓာဟာ သိပ်မ၀ပါဘူး။ size 10 ပါလို့ ကျေနပ်မှာ ဖြစ်ပါတယ်။ size 10 ကို ၀ယ်ဝတ်ဖို့ အသင့်ဖြစ်နေမှာ ဖြစ်ပါတယ်။ အဲဒီ စိတ်သဘာဝကို အသုံးချပြီး size 12 ကို size 10 လို့ ပြောင်းလဲသတ်မှတ်ပေးပြီး ရောင်းအား ကောင်းအောင် လုပ်ကြရတာ ဖြစ်ပါတယ်။
အမျိုးသမီးတွေ ဂျင်းအကျပ်ကို ဘာလို့ ကြိုက်တာလဲ