ကုတ္အက်ႌေတြကို လြန္ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်လောက်ထဲက ပွဲအခမ်းအနားတွေမှာ လူအများ ဝတ်ဆင်ခဲ့ကြတယ်။ ကုတ်အင်္ကျီက ထူတဲ့အတွက်ကြောင့် ဝတ်ဆင်ရာမှာ အခက်အခဲရှိပါတယ်။
ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကုတ်အင်္ကျီဒီဇိုင်းအမျိုးမျိုးတွေဟာ ဖက်ရှင်ရေစီးကြောင်းပေါ်လိုက်ပြီး ပြောင်းလဲလာပါတယ်။ ပျိုမေတို့အနေနဲ့လည်း ကုတ်အင်္ကျီလေးတစ်ထည်လောက်တော့ ပိုင်ဆိုင်ထားသင့်တယ်နော်။ ကုတ်အင်္ကျီတွေကို ဘယ်လိုဖက်ရှင်မျိုးနဲ့ လိုက်ဖက်အောင် ဝတ်ဆင်ရမလဲဆိုတာ ပြောပြပေးပါမယ်။
1.Single Buttoned Blazer

single button blazer ဟာ ကြယ်သီးတစ်လုံးပဲပါရှိတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ ခန္ဓာကိုယ်အမျိုးအစားအားလုံးနဲ့ လိုက်ဖက်ပြီး ဘယ်လို နေရာမှာမဆို ဝတ်ဆင်နိုင်တယ်။ ပေါ့ပေါ့ပါးပါးရှိပြီး စတိုင်ကျတာကြောင့် မိန်းကလေးတွေအနေနဲ့ တစ်ထည်လောက်တော့ ရှိထားသင့်ပါတယ်။
2. Double Buttoned Blazer

two button blazer ကို ပွဲအခမ်းအနားတွေမှာ ဝတ်ဆင်ပြီး လူကြိုက်များတဲ့ ကုတ်အင်္ကျီဖြစ်ပါတယ်။
3. Peplum Blazer

peplum ကုတ်ကို pencil skirt တို့၊ style pant တို့နဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဒီဇိုင်းပုံစံက ထူးခြားပြီး သင့်ကို စမတ်ကျကျ ဖြစ်စေမှာပါ။
4. Waterfall Blazer

waterfall blazer ဟာ ကုတ်အင်္ကျီနဲ့တော့ သိပ်မတူလှပါဘူး။ ဒါပေမဲ့ ပေါ့ပေါ့ပါးပါးရှိပြီး ရုံးသွားတဲ့အခါနဲ့ အပြင်သွားတဲ့အခါတွေမှာလည်း ဝတ်ဆင်နိုင်ပါတယ်။
5. Blazer With A Button Down Shirt

button down ရှပ် နှင့် ကုတ်အင်္ကျီက ရုံးတက်ဝတ်စုံအနေနဲ့ အလွန်လိုက်ဖက်ညီပြီး စမတ်ကျစေပါတယ်။ pencil skirt နဲ့ တွဲဖက်လိုက်ပါ။
6. Blazer Dress

blazer short dress က သင့်ကို စတိုင်ကျစေပြီး ဆွဲဆောင်မှုရှိစေမှာပါ။ အနီရောင် ဒေါက်မြင့်ဖိနပ် စီးဖို့မမေ့နဲ့နော်။
7. Blazer with skinny jean

skinny jean ကို ဘယ်လို အင်္ကျီမျိုးနဲ့ တွဲဖက်ရမလဲ စဉ်းစားရခက်နေရင်တော့ အဖြူရောင်ရှပ်အင်္ကျီနှင့်အတူ ဘလေဇာကုတ်ကို ရွေးချယ်လိုက်ပါ။ စတိုင်ကျလှပစေပါလိမ့်မယ်။
8. Shorts, Blazer And A Scarf

blazer ကို denim jean အတိုနဲ့ မဝတ်ဆင်ရဘူးလို့ ဘယ်သူမှမသတ်မှတ်ထားပါဘူး။ ဒါဟာ အမြင်ဆန်းပြီး စတိုင်ကျစေတယ်။ ဗွီပုံစံ တီရှပ်၊ လည်စည်းပုဝါ၊ ဒေါက်မြင့်ဖိနပ် နဲ့ crossbody bag ကို ရွေးချယ်လိုက်ပါ။
9. Formal Bodycon Dress With A Waterfall Style Blazer

ခန္ဓာကိုယ်ပေါ်လွင်စေတဲ့ bodycon dress ကို ဘလေဇာကုတ် နဲ့ တွဲဖက်နိုင်ပါတယ်။ ပါတီပွဲလိုနေရာမျိုးတွေမှာ ဒီလိုပုံစံ outfit လေးကို ဝတ်ဆင်သင့်တယ်နော်။
10.Linen Blazer

ချည်သားနဲ့ ပြုလုပ်ထားတဲ့ လိုင်းအစင်းပုံစံ ဘလေဇာကုတ်ဟာ သင့်ကို အမြင်ဆန်းစေပြီး ဖက်ရှင်ကျနေမှာပါ။
Author:TDA





