What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အရပ်ပုတဲ့ကောင်လေးတွေအတွက်အရပ်ရှည်တယ်လို့ထင်သွားစေမယ့်ဖက်ရှင်

အရပ်ပုတဲ့ကောင်မလေးတွေအတွက် ဖက်ရှင်တွေတော်တော်များများကို ဖော်ပြပေးခဲ့ပြီးပြီဆိုတော့ အခုအခါမှာတော့ အရပ်ပုတဲ့ကောင်လေးတွေအတွက် ဖက်ရှင်ကိုဖော်ပြပေးတော့မှာပါ။ မိန်းကလေးတွေလို ဒေါက်ဖိနပ်စီးလို့မရတော့ အရပ်ပုတာကို ဘယ်လိုဖုံးကွယ်မလဲဆိုပြီး ခေါင်းစားမနေပါနဲ့။

ဝတ်ပုံစားပုံဖက်ရှင်တွေနဲ့ သင့်ရဲ့ပုံစံကို လုံးဝပြောင်း လဲပစ်လိုက်ပါ။ အရပ်ရှည်သယောင်ထင်စေတဲ့ ဖက်ရှင်မျိုးကို ရွေးချယ်ဝတ်ဆင်တတ်ဖို့အတွက် ဖော်ပြပေးလိုက်ပါ တယ်နော်။
(၁) ဒေါင်လိုက်အစင်းရှိတဲ့ ဝတ်စုံတွေကို ရွေးချယ်ဝတ်ဆင်ပါ။ ဒေါင်လိုက်Pattern ပါဝင်တဲ့ အကျီင်္ကိုဝတ်ရင် အဲ့ဒီအ စင်းကြောင်းတွေက သင့်ရဲ့ခန္ဓာကိုယ်ရှည်သလို ဖြစ်စေတာကြောင့် အရပ်ပုတာကို မသိသာစေတော့ပါဘူး။
(၂) အဝတ်အစားမှမဟုတ်ပါဘူး။ အသုံးအဆောင်ပစ္စည်းကအစ အသေးစိတ် သေချာရွေးချယ်တတ်ဖို့လိုပါတယ်။ မိမိခန္ဓာကိုယ်အချိုးအစား၊ အရပ်အမောင်းကိုကြည့်ပြီး ဆင်ယင်တတ်ဖို့ပဲလိုပါတယ်။ သူများနည်းတူဝတ်စား ဆင်ယင် ဖို့မလိုပါဘူး။ မိမိနဲ့လိုက်ဖက်ပြီး သင့်တော်တာကိုသာ ရွေးချယ်ပါ။ ဥပမာအားဖြင့် ခါးပတ်၊ နာရီ၊ အိတ်၊ နက်ခ်တိုင် စသဖြင့်ပေါ့။ နက်ခ်တိုင်ကိုလည်း ထူလွန်းတာမျိုးမဆင်ယင်ပါနဲ့။ ဒါ့အပြင် ခါးပတ်ကိုလည်း ကြီးမားလေးလံတာတွေ မရွေးချယ်ပါနဲ့။ လူကသေးနေပြီး အသုံးအဆောင်တွေကကြီးနေရင် အရပ်ပုတာ၊ ပိန်သေးတာက ပိုသိသာစေ ပါတယ်။
(၃) အထက်အောက်အရောင်တူတာ ဝတ်တဲ့အခါမှာ အရောင်ခပ်ရင့်ရင့်တွေကိုသာ ရွေးချယ်ပါ။ အရောင်တောက် တောက်ဝတ်ရတာကို ကြိုက်နှစ်သက်တယ် ဆိုရင်တော့ အကျီင်္ကိုအရောင်တောက်တာရွေးပြီး ဘောင်းဘီကိုတော့ အရောင်ခပ်ရင့်ရင့်လိုဟာမျိုး ရွေးချယ်ပါ။ အပြာရောင်အကျီင်္ကိုဝတ်မယ်ဆိုရင် ဂျင်းဘောင်းဘီအမည်း၊ ဒါမှမဟုတ် နက်ပြာကို တွဲဖက်ဝတ်ဆင်ပြီး ဖိနပ်ကိုလည်း အနက်ရောင်လေး စီးလိုက်ပါ။ ခန္ဓာကိုယ်တစ်ခုလုံးကို ခြုံကြည့် မယ်ဆိုရင် အရပ်ရှည်သလိုထင်သွားစေပါတယ်။ ဒ်ီလိုမဟုတ်ဘဲ အရောင်တောက်တောက်တစ်ရောင်စီ ဖြစ်နေမယ် ဆိုရင် ခန္ဓာကိုယ်ကအပေါ်ပိုင်းတိုလိုက်၊ အောက်ပိုင်းတိုလိုက်နဲ့ အပိုင်းပိုင်းဖြစ်နေတာကြောင့် အရပ်ပုတဲ့အမျိုးသား များနဲ့ မသင့်တော်လှပါဘူး။
(၄) ခန္ဓာကိုယ်နဲ့ Fit မဖြစ်တဲ့ အဝတ်အစားတွေကို လွှင့်ပစ်လိုက်ပါတော့။ ခပ်ပွပွအဝတ်အစားတွေက ခန္ဓာကိုယ် သေးပြီး ပုနေတာကို ပိုလို့သိသာစေပါတယ်။ ကလေးငယ်ကို အဖေ့အဝတ်အစားဝတ်ထားသလို ဖြစ်နေပါလိမ့်မယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်နဲ့ Fit ဖြစ်တဲ့ အဝတ်အစားတွေကိုသာ ဝတ်ဆင်သင့်ပါတယ်။
(၅) သင့်ရဲ့အရပ်အမောင်း၊ ခြေထောက်တိုတိုလေးတွေဆီကို လူတွေအမြင်မရောက်စေဖို့ မျက်နှာပိုင်း၊ အပေါ်ပိုင်းကို ပြင်ဆင်ခြယ်သရာမှာ အဓိကကျလှပါတယ်။ သပ်ရပ်တဲ့ ပြင်ဆင်ဖြီးလိမ်းမှုအပြင် အကျီင်္အိတ်ကပ်ကိုအလှဆင်တာ၊ လည်စည်းလှလှလေး စည်းလိုက်တာမျိုးနဲ့ လူတွေအမြင်ကို ဖမ်းစားနိုင်ပါတယ်။
(၆) တင်းကျပ်လွန်းတဲ့ အသားကပ်အကျီင်္ဝတ်ဆင်တာကို ရှောင်ကြဉ်ပါ။ သိုးမွှေး၊ စွယ်တာအသားကပ်အကျီင်္တွေက သင့်ရဲ့လက်မောင်းတိုနေတာကို ဖော်ပြနေသလိုပါပဲ။ ဒါ့ကြောင့် ဒီလိုတင်းကပ်နေမယ့် အသားကပ်အကျီင်္တွေကို မ ၀တ်ပါနဲ့။
(၇) အကျီင်္ကို အထပ်ထပ်ဝတ်တာက အရပ်ပုတဲ့သူတွေအတွက် အဆင်ပြေစေတဲ့ ဖက်ရှင်မဟုတ်ပေမယ့်လက် မောင်း တိုတာ၊ ခန္ဓာကိုယ်သေးတာကို ဖုံးအုပ်နိုင်တာတော့ အမှန်ပါပဲ။ ဒါ့ကြောင့် ဒီလိုဖက်ရှင်ကိုဝတ်ဆင်မယ် ဆိုရင်တော့ အတွင်းအကျီင်္ကို အရောင်တောက်တာရွေးချယ်ပြီး အပေါ်အကျီင်္ကို အရောင်ခပ်မှောင်မှောင်ဖြစ်တဲ့ အညို၊ အနက်၊ မီးခိုး၊ ခဲ စသဖြင့် ရွေးချယ်ဝတ်ဆင်တတ်ဖို့ အရေးကြီးပါတယ်။

source:myanmaplatform

Read 1779 times
Rate this item
(0 votes)