What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Plus size မမများအတွက် အလန်းဆုံး ဖက်ရှင်စတိုင်များ

မမဝဝလေးတွေဟာ တကယ်ကို ချစ်စရာကောင်းကြပါတယ်။ ဝတယ်ဆိုပြီး ဖြစ်သလိုကြီးတော့ မနေလိုက်ပါနဲ့နော်။

အရမ်းနှမြောစရာကောင်းလို့ပါ။ ခုဖော်ပြပေးမယ့် အဝတ်အစားဒီဇိုင်းတွေအတိုင်း ဝတ်ကြည့်လိုက်ရင် ဝလို့လှလို့ဆိုတဲ့ စကားက သင့်အတွက်ဖြစ်နေမှာပါနော်။

(၁) ဂါဝန်တို

1
ဂါဝန်အတို ရင်အောက်ပိုင်း မသိမသာလေး ကားသွားတဲ့ ပုံစံလေးတွေဟာ ဗိုက်ပူတာကို ဖုံးပေးနိုင်ပါတယ်။ အရမ်းမကားဖို့တော့ သတိပြုပါနော်။ ဗြောင်မဟုတ်ရင် အပွင့်ကြီးကြီး တွေကို ရွေးချယ်ပါ။

(၂) ဝမ်းဆက်

11
အပေါ်အောက်အရောင်ဆင်တူကိုမှ ခါးလေးကို ကားပေးထားတဲ့ ပုံစံလေးပါ။ ခါးလေးက ကားပြီးသားဖြစ်လို့ စကပ်ကိုတော့ အောက်ရှူးလေးပဲ ဝတ်ပါနော်။

(၃) လက်ရှည်ဂါဝန်တို

2
ဒီပုံစံလေးကလည်း တကယ့်ကို လှပပြီး ဖက်ရှင်ကျပါတယ်။ ဒီဖက်ရှင်မှာ ဖိနပ်က အဓိကဖြစ်တာကြောင့် ဒီဖိနပ်ပုံစံမျိုး တစ်ရံတော့ မဖြစ်မနေရှိထားသင့်ပါတယ်နော်။ ဒီလိုဖိနပ်ဟာ အဝတ်အစားတော်တော်များများနဲ့ လိုက်ဖက်တာကြောင့် ဝယ်ထားသင့်ပါတယ်နော်။

(၄) ဂျင်းနဲ့ဆွယ်တာ

5
ဒီပုံစံလေးဟာ အရမ်းကို ဖက်ရှင်ကျပြီး ဆွဲဆောင်မှုအရမ်းရှိပါတယ်။ ဘောင်းဘီက ဒီလို ခြေမျက်စိအပေါ်နားလေးကိုမှ အကျပ်လေးရွေးဝတ်ပေးပါနော်။

(၅) လက်ရှည်နဲ့ဂျင်း

6
ဒါလေးလည်း တကယ့်ကို အထာကျတဲ့ ဖက်ရှင်လေးပါ။

(၆) အစင်း Jump suit အရှည်

7
ဝတဲ့သူတွေဟာ ဒေါင်လိုက်အစင်းတွေကို အပေါ်အောက် ဝမ်းဆက်တွဲဝတ်လိုက်ရင် ပိန်သယောင်ထင်ရပြီး အရပ်လည်း ပိုရှည်တယ်လို့ ထင်ရစေပါတယ်။ ဒီပုံစံလေးဟာ ဝတ်ရတာလည်းပေါ့ပါးသလို မြင်သူတကာ ငေးကြည့်ရလောက်တဲ့ ဖက်ရှင်လည်း ဖြစ်ပါတယ်။

(၇) ဝမ်းဆက်

12
ဒါလေးက အပေါ်ဗြောင်ကိုမှ အောက်က အဆင်လေးနဲ့ လိုက်ဖက်ညီစွာ ဝတ်ဆင်ထားတာဖြစ်ပါတယ်။ ဒီပုံစံလေးဟာ တော်တော်လေးကို စမတ်ကျပါတယ်။

(၈) free style

3
ဒီပုံစံလေးကတော့ အရမ်းကို ချစ်စရာကောင်းပြီး၊ အရမ်းကို လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်ပါ။ ဒီလိုပုံစံလေး ဝတ်လိုက်ရင် မမဝဝလေးတွေ နဂိုထက်တောင် ပိုပြီး ချစ်စရာကောင်းနေမှာပါ။

 

Source:aunty may

Read 2071 times
Rate this item
(1 Vote)