လက်ကိုင်အိတ် က အမျိုးသမီးတွေအတွက် ရုံးသွားတဲ့အခါ၊ အပြင်သွားတဲ့အခါတွေနဲ့ ပွဲလမ်းသဘင်သွားတဲ့ အခါတွေမှာ မရှိမဖြစ် အရေးပါတဲ့ အရာတစ်ခုပါပဲ။
မိန်းကလေးအများစုဟာ လက်ကိုင်အိတ်တွေကို ဘယ်လိုနေရာမျိုးမှာ ဘယ်လိုအိတ်တွေကို လွယ်ရမလဲဆိုတာ သီးခြားသတ်မှတ်ထားလေ့မရှိကြဘူး။ ဒါကြောင့်မို့ ပျိုမေတို့အတွက် မတူကွဲပြားတဲ့ လက်ကိုင်အိတ်အမျိုးအစားတွေအကြောင်းကို ပြောပြပေးပါမယ်။
1.Shoulder Bag

shoulder bag တွေက နေ့စဉ် ရုံးသွားတဲ့အခါတွေမှာ သင့်အတွက် သင့်တော်ပြီး လွယ်သင့်တဲ့အိတ်ပါပဲ။ ဒီဇိုင်းပုံစံက ကြီးမားပြီး ပစ္စည်းများများထည့်ချင်တဲ့ မိန်းကလေးတွေအနေနဲ့တော့ အသုံးဝင်တဲ့အိတ်တစ်ခုပေါ့။
2.Satchel

အမျိုးသမီးတွေအတွက် နေ့စဉ်လှုပ်ရှားသွားလာတဲ့ အခါတွေမှာ မရှိမဖြစ်လိုအပ်တဲ့ အိတ်ဆိုရင်လည်းမမှားပါဘူး။သက်တောင့်သက်သာရှိပြီးဘယ်နေရာပဲသွားသွား ပေါ့ပေါ့ပါးပါး လွယ်လို့ရတဲ့ အိတ်လဲဖြစ်ပါတယ်။
3.Sling Bag

sling bag သို့မဟုတ် cross body bag ဟာ အသုံးဝင်ပြီးတော့ ပေါ့ပေါ့ပါးပါးလဲရှိပြီး စတိုင်ကျစေတဲ့ အိတ်ပါပဲ။ ရှော့ပင်းထွက်တဲ့အခါမျိုးတွေ နဲ့ ခရီးသွားတဲ့အခါမျိုးတွေမှာ အလွယ်တကူ သယ်ဆောင်သွားနိုင်တဲ့ အိတ်လေးဖြစ်ပါတယ်။
4.Clutch

clutch ကတော့ ပွဲအခမ်းအနားတွေမှာ အဓိကလိုအပ်တဲ့ လက်ကိုင်အိတ် တစ်ခုပါပဲ။ သယ်သွားရာမှာလည်း ပေါ့ပေါ့ပါးပါးရှိပြီး ချစ်စရာကောင်းတဲ့ အိတ်လေးပါ။
5.Minaudiere

minaudiere က clutch နဲ့ပုံစံတူကိုမှ အပေါ်ကနေ ကျောက်မျက်ရတနာ၊ ပုလဲတွေနဲ့ တန်ဆာဆင်ထားတဲ့ပုံစံ ဖြစ်ပါတယ်။ ပါတီပွဲတွေ၊ မင်္ဂလာပွဲအခမ်းအနားတွေ တက်ရောက်တဲ့အခါမှာ clutch အစား minaudiere ကို ယူဆောင်သွားသင့်ပါတယ်နော်။
6.Hobo

hoboအိတ်က ပုခုံးမှာလွယ်ရတဲ့ ဒီဇိုင်းဖြစ်ပြီး ပစ္စည်းထည့်ဖို့ သိပ်ပြီးတော့ မကျယ်ပါဘူး။ လခြမ်းကွေးပုံသဏ္ဍန်ရှိတဲ့ hobo အိတ်တွေကို ထသွားထလာသွားတဲ့အခါ နှင့် အခမ်းအနားပွဲတွေမှာလည်း လွယ်နိုင်ပါတယ်။ တကယ်လို့ သင်ဟာ ပုံမှန်လွယ်နေကျအိတ်တွေကို ကိုင်ဖို့ ရိုးနေပြီဆိုရင် hobo အိတ်ကိုသာ ရွေးချယ်လိုက်ပါ။
7.Wristlet

wristlet ဟာပိုက်ဆံအိတ် ဒီဇိုင်းနဲ့တူပင်မဲ့ အရမ်းကိုအသုံးဝင်ပြီး သယ်သွားရမှာလည်း ပေါ့ပေါ့ပါးပါးရှိစေတယ်။ ဖုန်း၊ ပိုက်ဆံ နဲ့ ကဒ် တွေကို လုံလုံလောက်လောက် ထည့်နိုင်ပါတယ်။
8.Beach Bag

အားလပ်ရက် ခရီးထွက်တဲ့အခါမှာ ဒီအိတ်လေးက သင့်အတွက်လိုအပ်ပါတယ်။ စတိုင်လည်းကျပြီး ရေစိုခံတဲ့အိတ်လေးပါ။
9.Wallet

ပိုက်ဆံအိတ် သို့မဟုတ် ခေါက်ပိုက်ဆံအိတ်လို့ လူအများ ခေါ်ဝေါ်ကြပါတယ်။ ပိုက်ဆံအိတ်ဟာ မိန်းကလေးတွေအတွက် မရှိမဖြစ်အရေးပါတဲ့ အိတ်ပါ။
Author:TDA





