What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မြန်မာငွေနဲ့ဆိုသိန်းချီတန်တဲ့ CARMAR ဘရန်းဒ်ရဲ့ ripped jeanဒီဇိုင်းသစ်

ဖက်ရှင်လောကမှာ ripped jean တွေနေရာယူလာတာတော်တော်လေး ကြာပြီလို့ပြောလို့ရပါတယ်။ ဘယ်လောက်ထိနေရာယူလာလဲဆိုရင် ripped jean ဝတ်ထားရင်အထာကျတယ်၊ လန်းတယ်၊ ဟော့တယ်ဆိုတဲ့ ခံစားမှုကိုအလိုလိုခံစားမိတဲ့အထိ ripped jeanတွေကဆွဲဆောင်မှုရှိပါတယ်။

ဒါပေမဲ့ တခါတလေကျရင် ဖက်ရှင်လောကမှာ ကဘောက်တိကဘောက်ချာနိုင်တဲ့ ဖြစ်ရပ်တွေကလည်း ထထဖောက်တတ်ပါသေးတယ်။ လူ့အဖွဲ့အစည်းမှာ ဘယ်လိုမှအမြင်မတင့် တယ်တဲ့အရာတွေကို ဖက်ရှင်ရှုထောင့်ကနေ ဆန်းသစ်တီထွင်တာမျိုးတွေကိုမကြာခဏတွေ့ရတတ်ပါတယ်။ ဥပမာ ဂျိုင်းမွေးကိုအလှဆင်တာတို့၊ ပုံမကျပန်းမကျတဲ့အဝတ်အစားကြောင်ကြောင်ကြားကြားတွေကို တခမ်းတနားဝတ်ဆင်ကြတာတွေကိုမြင်တွေ့ဖူးကြမှာပါ။
အခုလည်း လာပါပြီ၊ ဖက်ရှင်လောကကလူတွေရဲ့အမြင်နဲ့ဆိုရင်တော့ ဘယ်လိုစတိုင်ကျပြီး ဘယ်လို ဆွဲဆောင်မှုဖြစ်စေလဲတော့မသိပေမယ့် ရိုးရိုးသာမန်အမြင်နဲ့ကြည့်မယ်ဆိုရင် တော်တော်လေးဂွတီး ဂွကျနိုင်တဲ့ဖက်ရှင်ပါ။ အဲဒါကတော့ လော့စ်အိန်ဂျလိစ်အခြေစိုက် ဖက်ရှင်ကုမ္ပဏီတစ်ခုကနေ သူတို့ရဲ့ item အသစ်တစ်ခုကို ထုတ်ပြလိုက်ပါတယ်။အဲဒီ itemက ripped jeanဘောင်းဘီဖြစ်ပြီး လွန်လွန် ကဲကဲဖြဲထားတဲ့ဒီဇိုင်းဖြစ်ပါတယ်။

15254107886971525410729248

လော့စ်အိန်ဂျလိစ်အခြေစိုက် အမေရိကန် ဘရန်းဒ်တစ်ခုဖြစ်တဲ့ CARMAR denimကနေ လုံးဝအလွင့် ဖက်ရှင်ကိုခံစားမယ့် ဖလန်းဖလန်းဂျနရေးရှင်းအတွက် ရည်ရွယ်ပြီးထုတ်လုပ်တာဖြစ်တယ် လို့ဆိုပါ တယ်။ ဒါ့အပြင် ဒီ ripped jeanဘောင်းဘီကို သူတို့ရဲ့ ဝက်ဘ်ဆိုက် အွန်လိုင်းစတိုးကနေရောင်းချသွား မှာဖြစ်ပြီးတော့ ဘောင်းဘီတန်ဖိုးကတော့ ၁၆၈ဒေါ်လာ(မြန်မာငွေ နှစ်သိန်းနှစ်သောင်းကျော်) နဲ့ရောင်း ချသွားမှာဖြစ်ပါတယ်။
ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်သတင်းတွေအရ ဒီဘောင်းဘီကို အရှေ့ရော၊ အနောက်ပါ ဖြတ်ထုတ်ထားတဲ့ အတွက် high fashionမှာ ပေါ့ပေါ့ပါးပါးနဲ့စတိုင်ကျ တဲ့ဖက်ရှင်အဖြစ် ဈေးကွက်မှာနေရာရနေပြီဖြစ် တယ်လို့သိရပါတယ်။
အွန်လိုင်းမှာတော့ ဒီဘောင်းဘီဟာ ဈေးကြီးရုံသာမက လိင်စိတ်ကြွအောင် ဖိတ်ခေါ်နေတဲ့ဒီဇိုင်းဖြစ် တယ်ဆိုပြီး ဝေဖန်ပြစ်တင်နေကြပါတယ်။ဒါပေမဲ့လက်ရှိမှာတော့ ဒီဘောင်းဘီဒီဇိုင်းကို စိတ်ဝင်တစားရှိကြပြီး ဝယ်ယူဖို့စာရင်းပေးတာနဲ့တင် အထည်တွေရောင်းနေရပြီလို့လည်းသိရပါတယ်။

source:myanmaplatform

Read 1312 times
Rate this item
(3 votes)