ခရီးတစ်ခုသွားတော့မယ်ဆိုတာနဲ့ သွားမယ့် နေရာဒေသကို လိုက်ပြီး အဝတ်အစားတွေ စီစဉ်ကြရပါတယ်။ အဲ့လိုစီစဉ်တဲ့အခါ လေယာဉ်နဲ့ပဲသွားသွား၊ ကားနဲ့ပဲသွားသွား ကိုယ့်အတွက် ပေါ့ပါးလုံခြုံ ပြီး လွတ်လွတ် လပ်လပ်ဖြစ်မယ့် အဝတ်အစားတွေကိုသာ ရွေးချယ်သင့်ပါတယ်။
ကားပေါ်၊ လေယာဉ်ပေါ် အေးမယ်ထင်ရင် Hoodie လေးတွေ jacket လေးတွေ Cardigan လေးတွေ ထပ်ဝတ်သွားသင့်ပါတယ်။ ရှပ်လက်ရှည်ဆိုလည်း တစ်ချက်တည်း ပြီးတာပါပဲ။ ခရီးသွားမယ်ဆိုရင်တော့ ဘောင်းဘီတိုထက် အရှည်က ပို အဆင်ပြေမယ်။ စကတ်ဆိုလည်း pencil skirt လို tennis skirt လိုဟာမျိုးတွေထက် အရှည်အကားတွေက ပို အဆင်ပြေပါလိမ့်မယ်။
ဖိနပ်ဆိုရင်တော့ ဒေါက်မြင့်တွေဘာတွေ စီးမယ့်အစား canvas တွေ shoe ဖိနပ်လေး တွေနဲ့ Flat လိုအလွယ်တကူ ကောက်ထိုးစီး နိုင်တာလေးတွေသာ ရွေးချယ်စေချင်ပါတယ်။
အောက်မှာ ပုံလေးတွေနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်နော်။
Source:socialmedia