မိန်းကလေးတစ်ယောက်အနေနဲ့ ဆွဲဆောင်မှုရှိချင်ရင်တော့ အနီရောင်ဖက်ရှင်ကိုပဲ ရွေးချယ်သင့်ပါတယ်။ အနီရောင်က ဝတ်လိုက်တာနဲ့ ဆွဲဆောင်မှုရှိတဲ့အပြင် ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိစေပါတယ်။
ယုံကြည်မှုအပြည့်နဲ့ လှပနေစေဖို့ အနီရောင်ဖက်ရှင်ကိုသာရွေးချယ်ပါလို့ အကြံပြုပါတယ်။
၁. အနီရောင်ဂါဝန်လေးတွေကို ရွေးချယ်ဝတ်ဆင်မယ်ဆိုရင်တော့ သူများထက်ပိုဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းနေစေပါတယ်။ ဒါ့အပြင် သူများကြားမှာ ပိုပြီးတော့လည်း ပေါ်လွင်နေစေပါတယ်။
၂. ဆွယ်တာတွေထဲမှာတော့ အနီရောင်နဲ့ အဝါရောင်က အရမ်းလှပါတယ်။ အဝါရောင်ကတော့ ချစ်စရာကောင်းပြီး သူများကြားမှာ ပေါ်လွင်စေတာပေါ့။ အနီရောင်လေးကတော့ ဆွဲဆောင်မှုအပြည့်နဲ့ သူများကြားမှာ ပေါ်လွင်နေစေပါတယ်။
၃. ဒီလိုဖက်ရှင်လေးဆိုလည်း အနီရောင်က ဆွဲဆောင်မှုအပြည့်နဲ့မိုက်နေစေပါတယ်။
၎. ခရီးသွားတဲ့အခါမှာ ဒီလိုဖက်ရှင်လေးဝတ်မယ်ဆိုရင် အနီရောင်ကိုသာရွေးချယ်လိုက်ပါ။ ဆွဲဆောင်မှုအပြည့်နဲ့ လှပနေစေပါတယ်။
၅. အနီရောင်ဂါဝန်လေးတွေက ဆွဲဆောင်မှုအပြည့်နဲ့ ချစ်စရာကောင်းနေတာတော့ မြင်တဲ့အတိုင်းပဲနော်...။ အသားညိုတဲ့သူတွေလည်း အနီရောင်ဝတ်လို့ရပါတယ်။ အခုနောက်ပိုင်းမှာတော့ အသားညိုတဲ့သူတွေလည်း အရောင်မရွေးတော့ဘူးလေ။
၆. ကိုယ်ကျပ်ဂါဝန်အနီရောင်ဝတ်မယ်ဆိုရင်တော့ ဆွဲဆောင်မှုရှိတယ်ဆိုတာကို ပြောနေစရာတောင်မလိုတော့ပါဘူး။ အရမ်းဆွဲဆောင်မှုရှိလွန်းလို့ သူများထက်ကိုပိုပြီး လှပနေမှာပါ။
၇. သူမဝတ်ထားသလို ဘောင်းဘီအရှည်အကားလေးကို အနီရောင်လေးဝတ်ပြီး အင်္ကျီအနီရောင်ကို ဘောင်းဘီထဲထည့်ဝတ်လိုက်ပါ။ ဒါဆိုရင်တော့ အရမ်းကိုဆွဲဆောင်မှုအပြည့်နဲ့ မိုက်နေစေမှာပါ။
၈. ဂျင်းဘောင်းဘီလေးတွေဝတ်တဲ့အခါမှာလည်း အနီရောင်ကိုယ်ကျပ်အင်္ကျီလေးတွေကို ရွေးချယ်လိုက်ပါလို့ အကြံပြုပါတယ်။
၉. အခုနောက်ပိုင်း အရမ်းခေတ်စားလာတဲ့ ဒီလိုဘောင်းဘီလေးတွေကို ဒီလိုစတိုင်လ်လေးဝတ်လို့လည်း ရပါတယ်။ သူများထက်ပိုပြီး ဖက်ရှင်ကျစေတာပေါ့။
Source:mingalarbar