ဖက်ရှင်ဆိုတာ လူတိုင်းအတွက်အရေးပါပါတယ်။ ၀တ်စားဆင်ယင်ဖို့ ဆုံးဖြတ်တဲ့အခါမှာ ဦးခေါင်းကနေ ခြေဖျားအထိ ဘယ်လိုလိုက်ဖက်အောင် ဆင်ယင်ရမလဲဆိုတာ အရေးကြီးပါတယ်။
ဆံပင်အတို နဲ့ မိန်းကလေးများက အများအားဖြင့် စနစ်တကျဝတ်စားဆင်ယင်ဖို့ အားနည်းပါတယ်။ ဆံပင်ပုံစံနှင့် အ၀တ်အစားက လိုက်ဖက်သင့်ပါတယ်။ တကယ်လို့ ဆံပင်အတိုညှပ်ထားရင် ကြမ်းပြင်မှာပုံကျနေတဲ့ ဂါဝန်အရှည်ကြီးတွေ မ၀တ်ဆင်သင့်ပါဘူး။ ဆံပင်အတိုက အလွန်ခေတ်မှီပြီး ပေါ့ပေါ့ပါးပါးလည်းရှိစေပါတယ်။အချိန်အများကြီးယူပြီး အလှပြင်စရာလည်း မလိုပါဘူး။
ဆံပင်အတိုညှပ်ထားပြီး ဘယ်လိုဝတ်စုံဒီဇိုင်းတွေ ၀တ်ဆင်ရမလဲလို့ ခေါင်းစားနေတဲ့ ပျိုမေတွေအတွက် ချစ်စရာကောင်းတဲ့ ဖက်ရှင်ဒီဇိုင်းများကို ဖော်ပြပေးလိုက်ပါတယ်။Bobအတိုပုံစံညှပ်ထားတဲ့ ဆံပင်ဒီဇိုင်းက ကြည့်လိုက်ရင် အလွန်ယောကျာ်းဆန်စေပါတယ်။ ဒါ့ကြောင့် နည်းနည်း မိန်းကလေးဆန်စေဖို့ အ၀တ်အစားကို ဂရုစိုက်ရပါမယ်။ လျော့ရဲရဲ အ၀တ်အစား၊ အိတ်နဲ့တူတဲ့ အ၀တ်အစားများကို ရှောင်ပါ။ ဒါကဆံပင်အတိုနဲ့ မကိုက်ညီပါဘူး ။
ဆံပင်အတိုနဲ့ မိန်းကလေးတွေက စကတ်အတိုလေးတွေနဲ့ လိုက်ဖက်ပါတယ်။ ကြည့်လိုက်ရင် Classy ဖြစ်အောင် ဖန်တီးချင်တယ်ဆိုရင်တော့ Fedora ဦးထုပ်နှင့်အတူ ဘွတ်ဖိနပ်အမြင့် ဒါမှမဟုတ် Timberland ဘွပ်ဖိနပ်ကို ၀တ်ဆင်နိုင်ပါတယ်။ တခြားထက် မိတ်ကပ်အနည်းငယ် လိမ်းမယ်ဆိုရင် အဆင်ပြေပါတယ်။ အနီရောင်တောက်တောက် နှုတ်ခမ်းနီနဲ့အတူ မျက်လုံးကို Smokey လေးချယ်သပေးနိုင်ပါတယ်။ သင့်မျက်နှာပုံစံနဲ့ လိုက်ဖက်ပြီး ချစ်စရာကောင်းတယ့် နားဆွဲကို ရွေးချယ်ပါ။
ဆံပင်အတိုတွေအတွက် ပြင်သစ်အလိမ်ဆံထုံး၊ အစည်းနှင့် ကျစ်လစ်တဲ့ ပိုနီတေးကဲ့သို့ ဆံပင်ပုံစံများ ပြုလုပ်ပေးနိုင်ပါတယ်
Fedora ဦးထုပ်နှင့်အတူ ဆံပင်ပုံစံအတို
အလုပ်သွားဖို့ ဆံပင်အတိုကို ဘာနှင့် ၀တ်ဆင်မလဲ?
သိုးမွှေးဦးထုပ်အောက်က ဆံပင်စတိုင်
ရင့်ကျက်တဲ့ မိန်းကလေးတွေအတွက် ဆံပင်အတိုဒီဇိုင်း
ဆံပင်အတိုနဲ့ လမ်းမက ဒီဇိုင်း
Tomboy ၀တ်စုံ
အပျံစားဝတ်စုံ
ဆံပင်အတိုနဲ့ Midi စကတ်
နွေရာသီဝတ်စုံ
ဆံပင်အတိုနဲ့ ဆောင်းရာသီဝတ်စုံ
မိုးရာသီဝတ်စုံ
Source:Lifestyle Myanmar