What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မိန်းကလေးငယ်များအတွက် ပိုက်ကွန်ဒီဇိုင်းဖက်ရှင်

မိန်းကလေးငယ်များအတွက်  ပိုက်ကွန်ဒီဇိုင်းဖက်ရှင် google.com

ယနေ့အွန်လိုင်းတွင် နာမည်ကြီးလူကြိုက်များ အရောင်းသွက်လာတာကတော့ မိန်းမငယ်လေးတွေဝတ်တဲ့

ပိုက်ကွန်ဒီဇိုင်း ဖက်ရှင်လေးပဲဖြစ်ပါတယ်။

မိန်းကလေးဝတ် ပိုက်ကွန် stocking, legging တွေဆို ယနေ့ခေတ်စားလာတာ အားလုံးတွေ့မြင်ရတဲ့ အတိုင်းပဲဖြစ်ပါတယ်။

ယင်း မိန်းကလေးဝတ် ပိုက်ကွန်ဒီဇိုင်းထဲမှာမှ ဒီဇိုင်းအစိပ်၊ အကြဲ ဆိုပြီး ရှိပါသေးတယ်။ အရောင်အားဖြင့် အဖြူရောင်၊ အနက်ရောင်တို့ကိုသာ ဈေးကွက်ထဲတွင် တွေ့နိုင်ပါတယ်။

ယင်းဖက်ရှင်ရေစီးကြောင်းကတော့ တစ်ကျော့ပြန်လည်လာတယ်လို့ ထင်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ၎င်းဖက်ရှင်ကို ကိုယ်တွေ ငယ်ငယ်က ခေတ်စားခဲ့တဲ့ ဒီဇိုင်းမျိုးတွေဖြစ်ကြပါတယ်။

ယခင်ကဆိုရင် ငါးဖမ်းပိုက်ဒီဇိုင်းအကျ၊ လက်အိတ်လေးတွေ ခေတ်စားပြီး ၀တ်ဆင်ခဲ့ကြတာဖြစ်ပါတယ်။

ပိုက်ကွန်ဒီဇိုင်းဝတ်စုံတွေကို Ripped Jean တွေရဲ့အောက်မှာဝတ်ဆင်ကြပြီး၊ ဂျင်းစကတ်တွေ၊ လည်သာစကတ်အတိုတွေအောက်မှာ ၀တ်ကြလေ့ရှိပါတယ်။

ထို့အပြင် Over Size Shirt လိုမျိုး ပွပွယောင်းယောင်းရှိတဲ့ ၀တ်စုံအောက်မှာလည်း ခံဝတ်လေ့ရှိတာတွေ့ရပါတယ်။

ပိုက်ကွန်ဒီဇိုင်းတွေကို အောက်က sneaker တွေ၊ Boot တွေနဲ့ တွဲဖက်ဝတ်ဆင်ခြင်းဖြင့်လည်း ဖက်ရှင်ကျနိုင်ပါတယ်။

အချို့ကတော့ ဒေါက်မြင့်ဖိနပ်တွေနဲ့လည်း တွဲစီးတတ်ကြပါတယ်။ Jegging အနေနဲ့မ၀တ်ဘဲ stocking အနေနဲ့လည်း ပိုက်ကွန်ဒီဇိုင်းတွေ ခေတ်စားလာပါတယ်။ ပိုက်ကွန်ဝတ်စုံတစ်ထည်ဝယ်ပြီးလျှင်လည်း ၀တ်စုံသုံးမျိုးလောက်နဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

Read 3033 times
Rate this item
(1 Vote)