What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပုတဲ့ မိန်းကလေးတို့အတွက် လပ်ကီးဆဲဗင်း

အရပ်ပုတဲ့ မိန်းကလေးတွေ မမတွေ ၀တ်စားဆင်ယင်တဲ့အခါ အရပ်ပုတာ မသိသာဘဲ ကြည့်ကောင်းနေအောင် ဘယ်ဟာတွေကို ဘယ်လို စတိုင်လ်ထုတ်ရမလဲ။ ဘယ်ဟာတွေကို ရှောင်သင့်သလဲဆိုတာ စုစည်းတင်ပြပေးထားပါတယ်။

 

short 1
၁ တီရှပ်ကို အပြင်ထုတ် မ၀တ်ပါနဲ့

တီရှပ်အောက်နားကို ဘောင်းဘီဖြစ်ဖြစ်၊ စကပ်ဖြစ်ဖြစ်၊ ထမီဖြစ်ဖြစ် အပြင်မှာ ထုတ် မ၀တ်ပါနဲ့။ အထဲကို ကျကျနန ထိုးထည့်ပြီး သေသေသပ်သပ် ၀တ်ဆင်ပါ။ ရယ်ဒီမိတ် အသင့်ချုပ်ပြီးသားကို ၀ယ်ဝတ်ရတဲ့အခါ ရှပ်ရဲ့ အောက်ပိုင်းက အရပ်ပုတဲ့သူတွေအတွက် ဖြစ်သင့်တာထက် ပိုရှည်နေတယ်။ အဲဒီလို ရှည်နေတာက သင်ဟာ အရပ်ပုသူတစ်ဦးဖြစ်သည်လို့ ညွှန်ပြရာ ရောက်နေစေတယ်။ ဒီတော့ အဲဒီလို ညွှန်ပြနေတာကို ဖြေဖျောက်ဖို့ အောက်နားစကို အထဲမှာ ထည့်ဝတ်လိုက်ပါ။

 

 

 

short 2


၂။ ဂျင်းဘောင်းဘီ အောက်နားစကို ခေါက်ဝတ်ပါ။

ရှပ်လို့ပဲ ဘောင်းဘီကို ရယ်ဒီမိတ် အသင့်ချုပ်ပြီးသား ၀ယ်ဝတ်ရတဲ့အခါ အရပ်ပုသူအဖို့ အောက်ဘက်မှာ ပုံကျနေတယ်။ ဒီတော့ လိပ်ခေါက်ပြီး တင်ပေးထားရမယ်။ ပုံကျနေတာဟာလည်း သင်ဟာ အရပ်ပုသူတစ်ဦးဖြစ်သည်လို့ ညွှန်ပြရာ ရောက်နေစေတယ်။ ဒီတော့ ဖြတ်ပစ်လို့ရရင် ဖြတ်ပစ်။ မဖြတ်ပစ်ချင်ရင်တော့ လိပ်ခေါက်ပြီး ၀တ်ဖို့ လိုမယ်။ ခေါက်တဲ့အခါ အပြားကြီးကြီး မခေါက်ပါနဲ့။ အပြားကြီးကြီး ခေါက်ရင် ခုနက ပြောတဲ့အတိုင်း သင်ဟာ အရပ်ပုသူတစ်ဦးဖြစ်သည်လို့ ညွှန်ပြရာ ရောက်နေလိမ့်မယ်။ လက်နှစ်လုံးစာလောက်ဖြင့် ခေါက်ပါ။ သေသေသပ်သပ် မခေါက်ပါနဲ့။ ဘိုဘီဘတ်သီလေး ခေါက်ပြီး ခေါက်ထားတာ ဖြောင့်ဖြောင့် ထင်းထင်းကြီး မဖြစ်အောင် ပုံဖျောက်ထားပါ။

 

 

short 3

 

၃။ ခါးပတ်ကို အလှပတ်လို့ရရင် ပတ်ပါ။

မြင်ရတဲ့သူက ကိုယ်ခန္ဓာအချိုးအစားအရ ပုတာ ရှည်တာကို ချင့်ချိန်တယ်။ ဒီတော့ ခါးပတ်ကို နည်းနည်းလေး မြှင့်ပြီး ပတ်ပါ။ အောက်ပိုင်းက ရှည်နေသလို မြင်ရရင် အရပ်မပုသလိုမျိုး မြင်ရလိမ့်မယ်။ ခြေတံပိုရှည်သလို မြင်ရတာ ကောင်းချက်ပဲ။

 

short 4

 

၎။ အထက်အောက် အရောင်တူ ၀တ်ပါ။ ပုတဲ့သူက ကြည့်ကောင်းအောင် ဒေါက်ဖိနပ် အကူအညီကို ယူရတော့ ခြေထောက်ကို အများဆုံး ဖော်ပေးထားတဲ့ ဒေါက်ဖိနပ်မျိုးကို စီးပါ။ လည်ပင်းပေါက်က V ပုံ ရှည်ရှည် ဖြစ်အောင် ၀တ်စားဆင်ယင်ပါ။

ထက်အောက် တစ်ရောင်တည်း ၀တ်တဲ့အခါ အရင့်အဖျော့ ပါးပါးလေး ကွဲပြားတာကို ၀တ်ပါ။ ဒေါက်ဖိနပ်ကိုလည်း အရောင်တူတာ စီးပါ။ ပုံမှာ မြင်ရတဲ့စတိုင်လ်မျိုးပေါ့။ ခါးမှာ ခါးပတ်အဖြစ် ခါးစည်းလေးပါနေတော့ ကြည့်ကောင်းသွားတာပေါ့နော်။

 

 

 

short 5

 

၅။ အိတ်ကြီးကြီး မကိုင်ပါနဲ့။


အိတ်ကြီးကြီးကိုင်ရင် ပုနေတာ ပေါ်လွင်သွားမယ်

။ ဒီတော့ အရွယ်အစားကြီးတဲ့ အိတ်မျိုးတွေ မသုံးပါနဲ့။

ကိုယ်ပုတာ အိတ်ကြောင့် ပေါ်လွင်ကုန်လိမ့်မယ်။

 

 

 

 

short 6

၆။ လည်ပင်းပေါက် က အိုက်ကျနေရင် ပြင်ချုပ်ပါ။


အရပ်ပုတဲ့သူအတွက် ရယ်ဒီမိတ် အသင့်ချုပ် ရှပ်ရဲ့ လည်ပင်းပေါက်က အတော်ကလေး အောက်ကို ကျနေတတ်တယ်။ ချိုင်းပေါက်ကလည်း အောက်ကို ကျယ်နေတတ်တယ်။ ဒီတော့ ပခုံးနဲ့နီးအောင် ဆွဲတင်ပေးဖို့ လိုတယ်။ ပခုံးနေရာမှာ ဖြတ်တောက်ပြီး တိုအောင်လုပ်ပေးဖို့ လိုတယ်။ အဲဒီလို ပြင်ချုပ်ပေးလိုက်မှ ချိုင်းပေါက် အိုက်ကျပြီး ကြည့်မကောင်း ဖြစ်နေတာလည်း ပျောက်သွားမယ်။

 

 

 

short 7

၇။ ရှပ်အင်္ကျိလက်ရှည်ကို ခေါက်ပါ။


ပုတဲ့သူအတွက် လက်ရှည်ဟာ လိုတာထက် ပိုရှည်နေတတ်တယ်။ ဒီတော့ လက်ကောက်ဝတ်နားမှာ တွန့်ပြီး ပွနေမယ်။ အဲဒီလို လက်တံတိုကြောင်း ပြသနေတာကို ဖျောက်ဖို့ လက်ကို ခေါက်ဝတ်ပါ။ မသေမသပ်ကလေး ခေါက်ပေးပါ။ ခေါက်တင်ထားသလို ဖြစ်မနေဘဲ လက်ပင့်တင်ထားသလိုလေး ဖြစ်နေမှ အဆင်ပြေမယ်။

၇ ဆိုတာ လက်ကီး ဂဏန်းပါ။ Lucky 7 ဖြစ်စေမယ့် စတိုင်လ် ၇ ချက်ကို လိုက်နာလိုက်ရင် ပုလို့ နုတဲ့သူအဖြစ် နုပျိုလန်းဆန်းနေတော့မှာ အမှန်ပါပဲ။

textiledirectory.com.mm

Read 4081 times
Rate this item
(1 Vote)