အိတ်တစ်လုံးဟာ မိန်းမသားတစ်ယောက်အတွက် ပစ္စည်းတွေထည့်ဖို့ သယ်ဖို့ထက် ပိုပြီး တဖြည်းဖြည်းအရေးပါလို့လာပါတယ်။
အမျိုးသမီးတစ်ယောက်ဘယ်လို အိတ်မျိုးကို နှစ်နှစ်ခြိုက်ခြိုက်ကိုင်သလဲဆိုတာကိုကြည့်ပြီး သူမရဲ့အကြိုက်၊ဝါသနာ နဲ့ဘဝရပ်တည်ချက်ကို ခန့်မှန်းနိုင်တာမျိုးကြောင့်လည်း အိတ်တွေဟာပစ္စည်းထည့်သယ်ရတဲ့အရာတစ်ခုထက်ပိုလာတာဖြစ်ပါတယ်။
အမျိုးသမီးတော်တော်များများကတော့ ချုပ်ရိုးချုပ်သားကောင်းပြီး Quality ရှိတဲ့ Brand တစ်ခုကို အသုံးပြုလာကြတာကို တွေ့မြင်ရပါတယ်။
Brand တွေတိုင်းမှာ ကိုယ်ပိုင်ဒီဇိုင်းတွေရှိကြသလို တီထွင်ဖန်တီးမှုနဲ့ ထုတ်လုပ်ရောင်းချနေကြတဲ့ပုံစံတွေမတူကြပါဘူး။
သူတို့ ထုတ်လုပ်ရောင်းချတဲ့ Quality အပေါ် မူတည်ပြီး ဈေးနှုန်းအမျိုးမျိုးကွာခြားသွားကြပါတယ်။
ဒါကြောင့်လည်းအနိမ့်ဆုံး $90,000 မှ $ 200,000 ကြားမှာရှိတဲ့ ကမ္ဘာကျော် Luxury Bag Brand ၅ ခု အကြောင်းကို မျှဝေသွားမှာ ဖြစ်ပါတယ်။
၁။ Chanel

ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ Brand ဖြစ်ပါတယ်။ Chanel ဟာ ပြိုင်စံရှား Luxury Bag Brand တစ်ခုပါ။
၁၉ ရာစုကစ အခုအချိန်အထိ နံပါတ် တစ်နေရာမှာ ရပ်တည်နေတာပဲဖြစ်ပါတယ်။
ထုတ်လုပ်သမျှ Collection တိုင်းကို Calfskin လို့ခေါ်တဲ့ ရှားပါးပြီး နူးညံ့လှတဲ့ နွားအသားအရေနဲ့ ချုပ်ထားတာဖြစ်ပါတယ်။
တာရှည်လည်းခံပြီး နူးညံ့တဲ့အထိအတွေ့တွေ၊ Famous France Designer တွေရဲ့ ဒီဇိုင်းတွေနဲ့ ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် ဈေးနှုန်းအများစုမှာ $261,000 ခန့်ရှိပါတယ်။
၂။ FENDI

FENDIဟာ ဒုတိယနေရာယူထားတာဖြစ်ပါတယ်။
ချုပ်ရိုးချုပ်သားနဲ့ Logo ပိုင်းကို ပိုပြီး ဦးစားပေးတတ်ပါတယ်။
Collection တွေထဲမှာမှ Monster Bag Collection ဟာ ပိုပြီး လူသိများခဲ့ပါတယ်။
ထုတ်လုပ်သမျှ Design တိုင်းဟာ Fashionဆန်တယ်။
သိုးသားရေနဲ့ မိကျောင်းသားရေတို့ကို အသုံးပြုပြီး ထုတ်လုပ်ရောင်းချတဲ့အတွက် ဈေးနှုန်းအများစုမှာ $ 28,000 ဝန်းကျင်ရှိပါတယ်။
၃။ Hermes

တတိယနေရာမှာ ရပ်တည်နေတာတော့ Hermes ပဲဖြစ်ပါတယ်။
Hermes ဟာ မိကျောင်းသားရေကိုသာ အဓိကထားပြီး ချုပ်လုပ်ထားတာပဲဖြစ်ပါတယ်။
အကျော်ကြားဆုံး Collection ကတော့ Jane Birkin ရဲ့ Favorite Design ဖြစ်တဲ့Matte Crocodile Biking Bag ပဲဖြစ်ပါတယ်။
ဈေးနှုန်းအများစုကတော့ $ 15,000 ၀န်းကျင်ရှိပါတယ်။
၎။ Hilde Palladino

နံပါတ်လေးနေရာမှာ နေရာယူထားနိုင်တဲ့ Brand ဖြစ်ပါတယ်။
မိကျောင်းသားရေကို အဓိကထားပြီး ချုပ်ထားတာဖြစ်ပါတယ်။
ထုတ်လုပ်သမျှ ဒီဇိုင်းတွေအားလုံးကို Norwegian Designer ဖြစ်တဲ့ Hlide Palladino ကိုယ်တိုင်ဖန်တီးထားတာဖြစ်ပါတယ်။
လူငယ်အကြိုက်ထက် သက်လတ်ပိုင်းတွေပိုပြီး နှစ်ခြိုက်ကြပါတယ်။ ဈေးနှုန်းအရတော့ $ 38,000 ၀န်းကျင်မှာရှိပါတယ်။
၅။ Lana Marks

Lana Marks ကတော့နောက်ဆုံး နံပါတ် ငါးနေရာမှာ နေရာယူနေတာဖြစ်ပါတယ်။
သူရဲ့ ထူးခြားချက်ကတော့ မိကျောင်းသားရေအပြင် ငှက်ကုလားအုပ်သားရေနဲ့ အိမ်မြှောင်သားရေတို့ကိုပါ အသုံးပြုပြီး ထုတ်လုပ်ရောင်းချတာပဲဖြစ်ပါတယ်။
Lana Marks ရဲ့ Collection တွေထဲက Cleopatra Clutch ဟာ နာမည်အကြီးဆုံးဖြစ်ပြီး တန်ဖိုးအကြီးဆုံးဖြစ်ပါတယ်။
ဈေးနှုန်းကတော့ $100,000 ကျော်ပါတယ်တဲ့နော်။
Source: Myanmaplatform





