What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပန်းပွင့်အင်္ကျီတွေနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်များ

အခုနောက်ပိုင်းမှာတော့ online shopping တွေမှာရော... မိန်းကလေးတိုင်းရဲ့ ဖက်ရှင်ရေစီးကြောင်းတွေမှာရော ပန်းပွင့်အင်္ကျီလေးတွေက အရမ်းကိုခေတ်စားလာတာ တွေ့ရပါတယ်။

ပန်းပွင့်အင်္ကျီလေးတွေက စကပ်လေးတွေနဲ့ဝတ်ရင်လည်း ချစ်စရာကောင်းပြီးလှပသလို၊ ဘောင်းဘီလေးတွေနဲ့တွဲဝတ်မယ်ဆိုလည်း ရိုးရိုးလေးနဲ့အရမ်းကို ချစ်စရာကောင်းပါတယ်။ ဒါ့အပြင် ဝတ်ရတာလည်း ပေါ့ပေါ့ပါးပါးရှိစေတယ်။ လုံခြုံတဲ့ဖက်ရှင်လေးလည်းဖြစ်တယ်။ ဒါကြောင့် ပန်းပွင့်အင်္ကျီ ဒီဇိုင်းမျိုးစုံကို ဘယ်လိုဖက်ရှင်ဒီဇိုင်းလေးတွေနဲ့ တွဲဝတ်ရင် ပိုချစ်စရာကောင်းပြီးလှပမလဲဆိုတာကို လေ့လာကြည့်လိုက်တော့နော်။

၁. တီရှပ်လိုပုံစံလေးနဲ့ ပန်းပွင့်အင်္ကျီလေးတွေကလည်း အခုနောက်ပိုင်းမှာ အရမ်းကိုခေတ်စားလာပါတယ်။ ဒီလိုအင်္ကျီလေးတွေကို ဂျင်းဘောင်းဘီအကျပ်လေးတွေနဲ့ဝတ်မယ်ဆိုရင် အရမ်းကိုလှပပြီးချစ်စရာကောင်းနေမှာပါ။

floral shirt min

 

၂. လှပတဲ့ဒီလိုအပွင့်အင်္ကျီလေးတွေဆိုရင် ချစ်စရာကောင်းတဲ့စကပ်အကားလေးတွေနဲ့ တွဲဝတ်လို့လည်းရပါတယ်။ ဒီလိုစကပ်လေးတွေနဲ့ဝတ်မယ်ဆိုရင်တော့ မိန်းကလေးဆန်ဆန်နဲ့ ချစ်စရာကောင်းစေတာပေါ့။

flare skirt min

စတိုင်ကျစေဖို့ မတူညီတဲ့ဖက်ရှင်တွေကို တွဲဖက်ဝတ်ဆင်ပုံ

 ၃. ဒီဇိုင်းဆန်းတဲ့ ဒီလိုအင်္ကျီအပွင့်လေးတွေလည်း ပေါ်နေပြီနော်။ ဒီအင်္ကျီ ဒီဇိုင်းလေးဆိုရင်တော့ စကပ်တွေနဲ့တွဲဝတ်တာထက် ဂျင်းဘောင်းဘီလေးတွေနဲ့တွဲဝတ်တာက ပိုပြီးလိုက်ဖက်ပါတယ်။

floral with skinny min

 

၎. အင်္ကျီအပွင့်လေးတွေက ကိုးရီးယားဆန်ဆန်လေးဆိုတော့ ဒီလိုမီနီစကပ်လေးတွေနဲ့ တွဲဝတ်လို့လည်းရတယ်နော်။

floral with skirt min

 

၅. အခုနောက်ပိုင်းအရမ်းခေတ်စားလာတဲ့ ဒီလိုအင်္ကျီ အပွင့်လေးတွေကို မီနီစကပ်အကျပ်လေးတွေနဲ့တွဲဝတ်ရင်လည်း လှပနေစေမှာပါ။ ဒီအင်္ကျီလေးတွေက ဘောင်းဘီ၊ စကပ်တွေတင်မကဘူး။ ထဘီလေးတွေနဲ့ဝတ်မယ်ဆိုလည်း အရမ်းလိုက်တယ်နော်။

pencil skirt min

 

၆. ကိုရီးယားဆန်ဆန်လေးနဲ့ချစ်စရာကောင်းချင်တယ် ရိုးရိုးလေးပဲဝတ်ချင်တယ်ဆိုရင်တော့ ဒီလိုဘောင်းဘီအဖြူလေးတွေနဲ့သာ တွဲဝတ်လိုက်ပါ။ အပွင့်ဒီဇိုင်းလေးလည်း ပိုပြီးပေါ်လွင်သွားစေတာပေါ့။

white pant min

 

၇. အပွင့်အင်္ကျီလေးတွေကို စကပ်ကားကားအနက်ရောင်လေးတွေနဲ့ ဝတ်မယ်ဆိုလည်း ချစ်စရာကောင်းနေမှာသေချာပါတယ်။ ပိုပြီးလည်း လူငယ်ဆန်စေတယ်လေ။

black skirt min

 

၈. ဂျင်းဘောင်းဘီလေးတွေနဲ့ တွဲမဝတ်ချင်တဲ့သူတွေကတော့ အပွင့်အရောင်လေးတွေပေါ်လိုက်ပြီး စကပ်အရောင်မျိုးစုံလေးတွေနဲ့ တွဲဝတ်လို့ရတာပေါ့။

same min

 

 Source:we media

Read 1425 times
Rate this item
(1 Vote)