သားသား၊ မီးမီးတွေ ရလာပြီဆိုတာနဲ့ ဆင်တူဝတ်စုံလေး ဝတ်ပြီး ပဲများချင်ကြမှာပါပဲ။
ဖေဖေနဲ့သား၊ မေမေနဲ့သမီး တို့အတွက် ချစ်စရာကောင်းတဲ့ ဝတ်စုံများကို လေ့လာအတုယူနိုင်ဖို့ မိသားစု ဖက်ရှင်ပုံရိပ်များကို တစ်စုတစ်စည်း တည်း ဖော်ပြပေးလိုက် ပါတယ်နော်။
(၁) ဖေဖေများ အတွက် သားသားနဲ့ အတူ စမတ်ကျကျဝတ်ဆင်နိုင်တဲ့ ဖက်ရှင်လေးပါပဲနော်။
(၂) မေမေနဲ့ ချစ်စရာသမီးလေး အတွက် ထသွားထလာပုံစံနဲ့ ပေါ့ပေါ့ပါးပါး ဖက်ရှင်လေးပါပဲ။
(၃) သမီးလေးကို ကစားကွင်းလိုက်ပို့တဲ့ အခါမှာ ချစ်စရာဂါဝန်လေး ဝတ်ပြီး ရှိုးထုတ်လို့ ရပြီပေါ့နော်။
(၄) မွေးနေ့ပွဲမှာ ဆင်တူဝတ်ချင်ပါတယ် ဆိုတဲ့ မေမေများ အတွက် တကယ့်ကို ချစ်စရာကောင်းတဲ့ ဝတ်စုံလေးပါပဲနော်။
(၅) ဈေးဝယ်ထွက်တဲ့ အခါမှာ ဒီလို ချစ်စရာကောင်းတဲ့ ဂါဝန်ကို ဆင်တူ ဝတ်လိုက်လို့ကတော့ ဖေဖေတောင် မနာလို ဖြစ်သွားမယ်နော်။
Source:MyanmaPlatform