What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပြန်လည်ခေတ်စားလာသောMidi Skirtများ

စကတ်အတိုလေးတွေ အကြောင်းအမျိုးမျိုးကြောင့် ဝတ်ရတာ အဆင်မပြေတဲ့သူတွေ အတွက် ဒီလို စကတ်အကားလေးတွေ ဝတ်ကြည့်ဖို့ အကြံပေး ချင်ပါတယ်။

ခုနောက်ပိုင်း Midi skirtလေးတွေ ပြန်ခေတ်စားလာတယ်ဆိုတော့ အဲ့လို စကတ်လေးတွေကို ဘယ်လိုတွဲစပ်ရမယ်ဆိုတာ လေး သိရအောင် ဖော်ပြပေးလိုက်ပါတယ်နော်။

သူက ခြေမျက်စိထိ မရောက်ပဲ ဒူးကျော်ကျော်လေး ဆိုတော့ အရပ်ပုတဲ့ သူတွေအတွက်လည်း အောက်က ဖိနပ်အမြင့်လေး၊ ankle boot၊ boot လေးတွေနဲ့ တွဲဝတ်နိုင်တယ်နော်။ အရပ်ပုတဲ့ သူတွေက ခြေမျက်စိလောက်ရှည်တဲ့ စကတ်မျိုးတွေ မဝတ်သင့်ပေမယ့် ခုလို ဒူးဖုံးလေးက အဆင်ပြေပါတယ်။

နည်းနည်း ဘော်ဒီပြည့်တဲ့ သူတွေ ဝတ်မယ်ဆိုရင် တော့ အပေါ်က အကျီကို သိပ်ပွတာမျိုး မဟုတ်ပဲ၊ fit size ဝတ်ရင်ဝတ် မဟုတ်ရင် ခါးသိမ်တာ ရွေး ဝတ်ပါ။ နောက်တစ်ခု ပြောချင်တာက ကိုယ်က ဘော်ဒီပြည့်တယ် ကိတ်တယ်ဆိုရင် ဖိနပ်ကို ထူထူကြီးတွေ၊ block heelတွေ မစီးပါနဲ့။

ကိုယ်က အရပ်လည်းမပု အနေတော် သိပ်လည်း မဝဘူးဆိုရင်တော့ ပုံမှာပြထားသလို ဖိနပ်အမျိုးမျိုး နဲ့ တွဲပြီး ဆင်မြန်းနိုင်ပါတယ်။

 

Source:social media

 12

34

56

Read 1096 times
Rate this item
(0 votes)