What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အတွဲအစပ်မှားတဲ့ FASHION

 ဒီနေ့တစ်မျိုး နောက်နေ့တစ်ဖုံ အရှိန်အဟုန် ပြင်းပြင်း နဲ့ ပြောင်းလဲနေတဲ့ ဖက်ရှင်ခေတ် တစ် ခေတ်ကို ရောက်ရှိနေပြီလို့ ဆိုကြပါစို့။အကန့် အသတ်မဲ့တဲ့ နည်းသပဒေသတွေနဲ့ ဆန်းသစ်ချင် တိုင်း ဆန်းသစ်နေတဲ့ ဖက်ရှင်ရေစီးကြောင်း ထဲမှာ သင်စိတ်ကူးရရင်ရသလို ၀င်ရောက်လိုက်ပါ စီးမြောနိုင်ပါတယ်။ မတူတာတွေ များလေလေ ဖက်ရှင်မှာ ဆရာကျလေလေလို့ သတ်မှတ်ထားတဲ့ ခေတ်မှာ မသိမသာနဲ့ စွဲစွဲမြဲမြဲလိုက်နာရမယ့် စည်းကမ်းတွေ ရှိနေပါတယ်။  ဖက်ရှင်မှာ အရေးပါဆုံးကဏ္ဍဖြစ်ပြီး  ဘယ်တော့မှ လစ်လျူရှုထားလို့မရမယ့် အရောင်အတွဲအစပ်တွေ အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။

အရောင်များဟု ဆိုရာဝယ်
    အရောင်တွေမှာ အဓိကအားဖြင့် အနီ၊ အ၀ါ နဲ့ အပြာဆိုပြီး Primary Color လို့ ခေါ်တဲ့ အခြေခံ အရောင် သုံးရောင်ရှိပါတယ်။ ဒီအရောင်သုံးရောင် ကို ရောစပ်ပြီး Secondary Color နဲ့ Tertiary Color တွေကို ဖန်တီးရတာပါ။

အနွေး နဲ့ အအေး
    Secondary Color နဲ့ Tertiary Color တွေကို ထပ်မံပြီးတော့ Warm Color နဲ့ Cold Color ဆိုပြီး အုပ်စုနှစ်ခု ထပ်ခွဲလို့ရပါသေးတယ်။ လိမ္မော် ရောင်၊ အနီရောင်နဲ့အ၀ါရောင်တွေကို Warm Color များလို့ သတ်မှတ်နိုင်ပါတယ်။ အစိမ်းရောင်၊ အပြာရောင်၊ ခရမ်းရောင် တွေကိုတော့ Cold Color များလို့ ဆိုနိုင်ပါတယ်။ အရောင်တွေကို တွဲဖက် ၀တ်ဆင်တဲ့အခါ တူညီတဲ့အုပ်စုထဲက အရောင်အ ချင်းချင်းတွဲစပ်ပြီး ၀တ်ဆင်တာက သင့်ရဲ့ ဖက်ရှင် ကို ပိုမိုအသက်ဝင်စေပြီး ကြည့်ရမြင်ရတဲ့ သူအဖို့လည်း သက်တောင့်သက်သာ ဖြစ်စေပါတယ်။

ကြားရောင်များ
    ကြားရောင်လို့ ဆိုရမယ့်  အရောင်အမျိုး အစားတွေလည်း ရှိနေပါတယ်။ အဖြူရောင်၊ အမည်းရောင်နဲ့ မီးခိုးရောင်များက  Neutral Color (ကြားရောင်)များဖြစ်ပြီး  ဖက်ရှင်ကျကျ ၀တ်စားရာ မှာ မရှိမဖြစ်တဲ့ အရောင်များလို့ ဆိုကြပါစို့။

Color Tone
    ဘယ်လိုအရောင်မျိုးကို မဆို အဖြူရောင်နဲ့ တွဲဖက်လိုက်တဲ့အခါ ပိုမိုအရောင်တောက်ပလာပြီး အမည်းရောင်နဲ့ တွဲစပ်မယ်ဆိုရင်တော့ အရောင်ကို ငြိမ်ပြီး မှိုင်းသွားစေပါတယ်။ မူရင်းအရောင်ကို ဖျော့ သွားစေချင်တော့ မီးခိုးရောင်ကို အသုံးပြုနိုင်ပါ တယ်။ အရောင်ရဲ့ အခြေခံသဘောတရားကို အကြမ်းဖျင်း သိရှိထားပြီဆိုရင်တော့ သင့်ရဲ့အ ရောင်စုံ အသွေးဆန်းဖက်ရှင် အတွဲအစပ်များကို ကြိုက်နှစ်သက်သလို ဖန်တီးကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ဘယ်တော့မှာ မတွဲဖက်သင့်တဲ့ အရောင်တွေ ဒါပေမဲ့ အထက်မှာဆိုထားခဲ့သလိုပဲ သင် အမြဲ လိုက်နာရမယ့် စည်းကမ်း ၊ တစ်နည်းအားဖြင့် ဘယ်တော့မှ မတွဲဖက်သင့်တဲ့ အရောင်အတွဲအစပ်တစ်ချို့ရှိနေပါတယ်။ တစ်ခါထပ်ပိုမ၀တ်သင့်တဲ့ Color အတွဲအစပ်များ Color Theory အရ လိုက်ဖက်သော်လည်း နေ့စဉ်ဝတ်ဆင်ဖို့နဲ့ အချို့သော အခါသမယများအတွက် မရွေးချယ်သင့်တဲ့ အရောင်အတွဲအစပ်များ ရှိနေပါသေးတယ်။

သင့်မှာ Fashion နဲ့ ပတ်သတ်ပြီး ဆန်းသစ်တဲ့ အမြင်ရှိကြောင်း ပြသလိုတဲ့ သဘောမျိုးနဲ့ ဒီလိုအရောင် အတွဲအစပ်တွေကို ၀တ်ဆင်မယ်ဆိုရင်တောင် ပထမဆုံး တစ်ကြိမ်အတွက်ပဲ ကောင်းပါတယ်။ ဒီလိုဆန်းပြားပြီး အများအမြင်မှာ ထူးဆန်းကောင်းထူးဆန်းနေနိုင်မယ့် အရောင်အတွဲအစပ်တွေကို ဒုတိယနဲ့တတိယအကြိမ်အဖြစ် ၀တ်ဆင် မယ်ဆိုရင်တော့ အပေါင်းအသင်းတွေက သင့်ကို Fashion Terrorist လို့ သတ်မှတ်လိုက်ပါလိမ့်မယ်။

အနက် နဲ့ Navy Blue

အနက်ရောင် က  ဘယ်လို အရောင်မျိုးနဲ့မဆို လိုက်ဖက်မှုရှိမယ့် တစ်ခုတည်းသော အရောင်လို့ သင်ထင်ကောင်း ထင်မှတ်ထားပါလိမ့်မယ်။ အနက် ရောင်နဲ့ ဘယ်တော့မှ တွဲဖက်ဖို့မသင့်တဲ့ အရောင်နှစ်ရောင် ရှိပါတယ်လို့ ဆိုလိုက်ရင် သင်အံ့သြကောင်း အံ့သြသွားနိုင်ပါတယ်။ သင်ဟာ အရောင်မှိုင်းမှိုင်း ဖက်ရှင်များကို ချစ်ခင်နှစ်သက်သူဆိုရင် တော့ အနက်ရောင်နဲ့ လုံးဝမတွဲဖက်သင့်တဲ့ အ ရောင်တစ်ရောင်က Navy Blue လို့ အများခေါ်တဲ့ အပြာရင့်ရောင်ပါလို့ ဆိုလိုက်ရင် ၀မ်းနည်းပက်လက်တောင် ဖြစ်သွားနိုင်ပါတယ်။ မှန်ပါတယ်။ အနက်ရောင်နဲ့ အပြာရင်ရောင်တွဲစပ်ထားတဲ့ ဖက် ရှင်က သင့်ကိုပိတ်သွယ်သယောင် ဖြစ်စေတာကလွဲလို့ အခြားဘယ်လိုဖက်ရှင် အရသာကိုမှ ပေးစွမ်းနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် အနက်နဲ့ အပြာရောင် ဖက်ရှင်အတွဲအစပ်ကို မေ့ထားပြီး အခြားအရောင်များနဲ့ ပြောင်းလဲတွဲစပ်ပြီး ၀တ်ဆင်ကြည့်ပါ။

အနက် နဲ့ အညို

အနက်နဲ့ အညို။ ဒါကတော့ သင်လက်ခံ နိုင်လောက်မယ့် အရောင်အတွဲအစပ်ပါ။ မြန်မာ လူမျိုးတွေရဲ့အမြင်မှာ အညိုရောင်က လူရဲ့အသွင် အပြင်ကို မှိုင်းစေပြီး အိုမင်းစေတယ်လို့ လက်ခံထားပြီးသား ဖြစ်ပါတယ်။ အညိုရောင်နဲ့ အနက်ရောင် တွဲစပ်လိုက်ခြင်းက လိုက်ဖက်မလိုနဲ့ တွင်တွင်ကြီး ဆန့်ကျင်တဲ့ အရောင်အတွဲအစပ် ဖြစ်သွားစေနိုင်ပါတယ်။ လူတစ်ယောက်မှာ သူနဲ့ လိုက်ဖက်တဲ့ အရောင်တစ်ရောင်တော့ အနည်းဆုံး ရှိတတ်ကြပြီး သင်နဲ့ အလိုက်ဆုံးအရောင်ထဲမှာ အညိုရောင် မပါရင်တော့ အညိုရောင်နဲ့ အမည်းရောင်ကို ဘယ်တော့မှာ တွဲပြီးမ၀တ်ဆင်လိုက်ပါနဲ့။

source:myanmar people magazine

Read 2966 times
Rate this item
(0 votes)