What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမျိုးသမီးများအတွက်ရှိထားသင့်သောဖိနပ်များ

အမျိုးသမီးတစ်ယောက်မှာ မဖြစ်မနေ ရှိထားသင့်တဲ့ ဖိနပ်အမျိုးအစားတွေ အကြောင်း ကိုပြောပြပေးချင်ပါတယ်။

ပထမဆုံး ပြောချင်တာကတော့ လူ တစ်ယောက်ဟာ ဇာချဲ့ရင်ချဲ့သလောက် ဖိနပ်အရံပေါင်း အမျိုးအစားပေါင်း များစွာ ဝယ်လို့ရပါတယ်။ နောက်တစ်ချက်က မဖြစ်မနေ ဒီဖိနပ်တွေရှိမှ ဖြစ်မှာလားလို့ မေး လာရင်တော့ အဲ့လိုရယ်လည်း မဟုတ်ပါဘူး။ ခုခေတ်အခြေအနေ၊ သွားလာရတဲ့ နေရာ၊ ပွဲ စတာတွေကို အခြေခံပြီး ဒါလေးတွေ ရှိရင်တော့ဖြင့် အဆင်ပိုပြေစေဖို့ ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ပါတယ်။

(၁) Sneakers
ပထမဆုံးအနေနဲ့ ခုနောက်ပိုင်း စကတ်၊dress၊ ဘောင်းဘီတို/ရှည် ဘယ်အရာနဲ့မဆို တွဲဝတ်နိုင်တဲ့ sneaker တွေကတော့ မရှိမဖြစ် ကိုလိုအပ်တဲ့အကြောင်း ပြောချင်ပါတယ်။ ထသွားထလာတင်မက ခရီးသွားမယ် ဘာညာ ဆိုလည်း သူက အရေးပါတယ်။ ဖျော်ဖြေ ပွဲတွေဆိုလည်း သူနဲ့အမိုက်စား တွဲဖက် ဆင်မြန်းနိုင်ပါတယ်။


1

(၂) Sandals
ခြေ ထောက်မှာ ကြိုးလေးတွေ သိုင်းတဲ့ ဖိနပ် ဒီဇိုင်းမျိုး၊ ကွင်းသိုင်းထားတဲ့ ပုံစံ ရှုပ်ရှုပ်လေး တွေမှ ကြိုက်သူတွေအတွက် Sandals ဖိနပ် အမျိုးအစားက စိတ်ကျေနပ်မှု ပေးနိုင်မှာပါ။ Sandal တွေမှာမှ ဒီဇိုင်းတွေက အမျိုးမျိုးပါပဲ နော်။

2

(၃) Boots
အရင်တုန်းကဆို Boot ဖိနပ်တွေဆို Dr. Martin လောက်ပဲ ဒီမှာ အစီးများကြတယ်။ နောက်ပိုင်းမှာတော့ boot ဖိနပ်အမျိုးအစား အစုံ ရွေးချယ်ဆင်မြန်းလာကြတာ သတိထား မိပါတယ်။ အထူးသဖြင့် ၂၀၁၇ မှာ Ankle bootလေးတွေ တော်တော်စီးလာကြပါတယ်။ Boot ဖိနပ်တွေကလည်း စီးလိုက်ရင် သက်တောင့်သက်သာ ဖြစ်ပြီး အထာကျသွား သလိုကို ခံစားရတတ်တာကြောင့် ပျိုမေတွေ အတွက်တော့ သူလည်း ရှိထားသင့်တဲ့ ဖိနပ် လို့ ဆိုပါရစေနော်။

3

(၄) Classic Pumps
ပွဲတက်တွေ၊ ဒင်နာပါတီ နဲ့ ပွဲအခမ်းအနား တက်တတ်တဲ့ သူဆိုရင်တော့ Pump ဖိနပ်လို ဒေါက်မြင့်မြင့်လေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ဖိနပ် မျိုး ပိုင်ဆိုင်ထားသင့်တာပေါ့။ pump မှာလည်း ဒေါက်အနိမ့်အမြင့်နဲ့ ဒေါက်ပုံစံအလိုက် အမျိုး အစားလေးတွေ အစုံရှိတယ်နော်။

4

(၅) Flat shoes
ပေါ့ပေါ့ပါးပါးနဲ့ လွတ်လပ်မှုအပြည့်အဝ ခံစား ချင်ရင်တော့ Flat လေးတွေစီးပါ။ ပါးလွှာပေ မယ့် shoe ဖြစ်တာကြောင့် ပွဲအထိ စီးနိုင်တဲ့ ဖိနပ်ပါ။ ရှိထားသင့်တဲ့ စာရင်းထဲ သူလည်း ပါတယ်နော်။

5

(၆) Slide and Flip Flops
ထသွားထလာအတွက် အလွယ်တကူ ကောက်စွပ်သွားချင်တယ် ဒါမှမဟုတ် ညှပ် ဖိနပ်လေးတွေကလည်း အမြဲစီးဖြစ် တယ်ဆိုရင်တော့ ကွင်းထိုးဖိနပ်လေးတွေ၊သားရေ ညှပ်ဖိနပ်လေးတွေက သင့် ဖိနပ်စင်မှာ ရှိသင့်တာပေါ့။ ဒါဆို ဒီနားဟိုနား ကောက်စီးသွားရုံပဲနော်။

ခုဖော်ပြပေးသွားတဲ့ ဖိနပ် အမျိုးအစား တွေက ပျိုမေတို့ဆီမှာရှိပြီးသားတွေ ဖြစ်နိုင်သလို မရှိသေးရင်လည်း အဆင်ပြေမယ် ထင်တဲ့ ဟာလေးတွေ ထပ်ဖြည့်ထားလိုက်မယ် ဆိုရင် ကိုယ့်ဖက်ရှင်အတွက် အများကြီး အထောက် အကူပြုမယ်ဆိုတာ အာမခံပါတယ်။

67

 

Source:social media

Read 2289 times
Rate this item
(1 Vote)