What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခေါင်းမစားရလေအောင်ပျိုမေတို့အတွက်Office Dress လေးများ

 

ရုံးတစ်ခါသွားခါနီး တိုင်း ဘာဝတ်ရမှန်းမသိ အိုင်ဒီယာမရှိ ဖြစ်နေတဲ့ ပျိုမေတွေ၊ အလုပ်သွားတဲ့အခါ အပြောင်းအလဲမရှိ ဒါတွေချည်း ထပ်တလဲလဲ ဝတ်နေရလို့ အသစ်အဆန်းလေး ဝတ်ချင်တဲ့ မမဒါဝတ်တွေအတွက် office outfit ဆိုတာ ကလည်း ကိုယ်အိုင်ဒီယာရှိရင် ရှိသလို အထာ ကျအောင် ဝတ်လို့ရတယ်ဆိုတာလေး ပြောပြ ပေးချင်ပါတယ်။

တစ်ခုတော့ ရှိတာပေါ့လေ။ ကုမ္ပဏီက ထုတ်ပေးတဲ့ ဝတ်စုံကိုပဲ ဝတ်ရ တယ်ဆိုရင်တော့ ကိုယ့်ဘက်က ဘာမှသိပ် အဆန်းမထွင်နိုင်တော့ဘူးပေါ့နော်။ အဲ့လို မဟုတ်ပဲ သိပ်ဟော့ဟော့ ရမ်းရမ်းကြီး မဖြစ်ရင်ပြီးရော ကိုယ့်ကုမ္ပဏီက ဝတ်ဖို့ အိုခေတယ်ဆိုရင်တော့ ဒါလေးတွေ ဖတ်ကြည့် လိုက်နော်။

(၁) ကုတ်နဲ့ဘောင်းဘီ ဝမ်းဆက်လေးတွေ ဝတ်ပါ။

ခု နောက်ပိုင်း ဘလေဇာနဲ့ စတိုင်ဘောင်းဘီ ဝမ်းဆက်လေးတွေ ထွက်လာပါတယ်။ ကိုယ်က ကုတ်အကျီ ဒါမှမဟုတ် ဘလေဇာ အောက်ကဝတ်မယ့် tee ဒါမှမဟုတ် ရှပ်၊ တီရှပ် သင့်တော်ရာရွေးဝတ်ရုံပါပဲ။ ပုံထဲကလို အောက်က sneaker နဲ့ တွဲဝတ်မယ်ဆို တော် တော်လေး အထာကျသွားပါပြီ။

 2

(၂) Wrap Dress လေးတွေ ရွေးပါ။

၂၀၁၇အနှောင်းပိုင်းနဲ့ ၂၀၁၈ လတ်တလော အထိပါ ခေတ်စားနေတဲ့ wrap dress ဒီဇိုင်း သိပ်မတိုတာလေးတွေ ရွေးဝတ်နိုင်တယ် နော်။ မိန်းကလေးဆန်ဆန် ဝတ်ရတာ နှစ်ခြိုက်သူတွေအတွက် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

 3

(၃) ခြေမျက်စိလောက်အရှည် စတိုင် ဘောင်းဘီမျိုး ရှာဝတ်ပါ။

ဒေါက်ပြောက် စတိုင်ဘောင်းဘီတွေ၊ အောက်နားကျဉ်းသွား တဲ့ ဖိုးကွာတားစတိုင်ဘောင်ဘီမျိုးတွေက အပေါ်နဲ့ရှပ်နဲ့တွဲတွဲ၊ tee အဖြူလေးတွေနဲ့ ဝတ်ဝတ် အဆင်ပြေပါတယ်။

21

(၄) pencil skirt နဲ့ tight skirt တွေကိုလည်း မေ့မထားပါနဲ့။

ရုံးသွား၊ ကုမ္ပဏီသွားတဲ့သူတွေအတွက် pencil skirt လို ဒူး မရောက်တရောက် စကတ် အကျပ်လေးတွေကလည်း လိုအပ်ပါတယ်။ သူနဲ့ဆို အပေါ်က ဘလောက်စ်လေးတွေ၊ ရှပ်အကျီလေးတွေအပြင် ခုနောက်ပိုင်း ခေတ်စားနေတဲ့ ruffle အထပ်ထပ် ဒီဇိုင်း အကျီလေးတွေနဲ့ပါ ဝတ်နိုင်တယ်လေ။

8

(၅) အပေါက်အပြဲ မပါတဲ့ ဂျင်းဘောင်းဘီ ကလည်း အရေးပါပါတယ်။

ရုံးဆိုတော့ ပေါင်မှာ ဒူးမှာ ဖြဲထားတဲ့ ripped jean တွေက သိပ်အဆင်မပြေနိုင်ပါဘူး။ ရိုးရိုး skinny jean တွေ flare တွေဆိုရင်တော့ အပေါ်က ရှပ်အကျီလေး၊ အပွင့်အထပ် အတွန့် အကျီလေးတွေ၊ ရှပ် ဒါမှမဟုတ် tee ပေါ် ဘလေဇာထပ်ဝတ်တာမျိုးတွေနဲ့ လိုက်တာပေါ့။

9

(၆) မရိုးမဆန်း dress လေးတွေ၊ bodycon dress လေးတွေ ဆင်မြန်းပါ။

ခန္ဓာကိုယ်အလှကို ပေါ်လွင်စေပြီး ချစ်စရာ လည်း ကောင်းသလို သိပ်တိုသိပ်ဖော် ထားတာမျိုး မဟုတ်တဲ့ dress လေးတွေလည်း ရွေးချယ်နိုင်ပါသေးတယ်။

12

(၇) ခါးစည်းစတိုင်ဘောင်းဘီနဲ့ အောက်ကား wide leg ဘောင်းဘီလေးတွေ ရွေးပါ။

ခုနောက်ပိုင်း ခေတ်စားနေတဲ့ ခြေထောက်အကား စတိုင်ဘောင်းဘီ အသားနဲ့ ချုပ်ထားတဲ့ ဘောင်းဘီတွေ၊ ခြေမျက်စိအရှည်ကိုမှ ဒေါက်ထည့်ပြီး ခါးစည်း ကြိုးချည်ဝတ်ရတဲ့ ဘောင်းဘီမျိုးလေးတွေ ရုံး ဝတ်မယ်ဆိုလည်း အထာကျတာပါပဲ။

14

(၈) ဘောင်းဘီက ဘာမှမထူးခြားဘူးထင်ရင် အကျီကို ဆန်းတာလေး ဝတ်ပါ။

တစ်ခါတစ်လေ ဒီဘောင်းဘီချည်းပဲ ဝတ်နေရ တယ်၊ ဘောင်းဘီဒီဇိုင်းက ပျင်းစရာ ကောင်းတယ်လို့ ခံစားရရင် အကျီနဲ့ ပြန်ထိန်းဝတ်လိုက်ပါ။ ခုဆို အကျီဒီဇိုင်း အမိုက်စားတွေ ထွက်နေပြီဟုတ်။ အထပ်အလွှာလေးတွေ၊ wrap ဒီဇိုင်းလေးတွေ စသဖြင့် မျိုးစုံရှိလာတာမို့ အဲ့ဒါလေးတွေ ရွေး ချယ်နိုင်တယ်နော်။

15

(၉)skirtနဲ့ sneaker တွဲဝတ်ပါ။

စတိုင်ဘောင်းဘီနဲ့မှမဟုတ်၊ tight skirt နဲ့လည်း sneaker/ shoe လေးတွေ တွဲစီးနိုင်ပါတယ်။ စကတ်မှာမှ ဒူးလောက် အကားလေးတွေနဲ့ပါ sneaker ကအိုခေတာ မို့ စိတ်ပူစရာမရှိ။

17

(၁၀)cardigan လေးတွေ၊ ဆွယ်တာသား အကျီလေးတွေလည်း မရှိမဖြစ်ပါပဲ။

cardigan လို ခါးရှည်အပေါ်ထပ်အပါးလေး တွေက အလွယ်တကူ ကောက်ဝတ်နိုင်တာမို့ ရုံးသမားတွေ လိုအပ်ပါတယ်နော်။ နောက် ဆွယ်တာသား အပေါ်ထပ်လေးတွေလည်း လိုရမယ်ရ ဆောင်ထားသင့်တယ်လို့ အကြံပေးပါရစေရှင်။

20

ဒီလောက်ဆို ရုံးတက်ရတဲ့ သူတွေအတွက် တော်တော်လေး အဆင်ပြေပြီလို့ မျှော်လင့်ပါ တယ်နော်။

Source:social media

 

 

Read 1441 times
Rate this item
(1 Vote)