မိန်းကလေးတွေအတွက် ပုံမှန်ဝတ်နေကျအရောင်တွေထဲကကွဲထွက်တဲ့ purple color လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ဒီကာလာလေးက ခဏခဏဝတ်နေကြတဲ့အရောင်မဟုတ်တော့ ဝတ်လိုက်ရင် ပိုပြီးထူးထူးခြားခြားလေးနဲ့ ချစ်စရာကောင်းစေတယ်လေ။ ဒါကြောင့် သင့်ကိုပိုပြီးချစ်စရာကောင်းသွားစေမယ့် purple color fashion လေးတွေကို ရွေးချယ်ပေးလိုက်တယ်နော်။
၁.ဒီလို purple အင်္ကျီလေးကို ဂျင်းစကပ်လေးတွေနဲ့တွဲဝတ်တာလည်း တော်တော်လေးလိုက်ဖက်တဲ့ဖက်ရှင်တစ်ခုပါ။
၂. ဒီလိုစကပ်အကွက်လေးတွေကို တီရှပ်လေးတွေနဲ့တွဲဝတ်တာလည်း အရမ်းချစ်စရာကောင်းတဲ့ purple fashion တစ်ခုပါ။
ပျိုမေတို့အတွက် အနီရောင်ဖက်ရှင် ဒီဇိုင်းများ
၃. ဒီလိုဂျင်းဘောင်းဘီအတိုလေးနဲ့တွဲဝတ်ရင်လည်း ပေါ့ပါးပြီး ချစ်စရာကောင်းတယ်နော်။
၎. ဆွယ်တာအနွေးထည်လေးကိုလည်း ဒီလိုစကပ်လေးတွေနဲ့တွဲဝတ်မယ်ဆိုရင် စတိုင်ကျပြီး ချစ်စရာကောင်းသွားမှာပါ။
၅. ဒီလိုစကပ်အကားလေးတွေဝယ်မယ်ဆိုရင်တောင် ပန်းရောင်တို့ အနက်ရောင်တို့က အရမ်းရိုးတယ်နော်။ ဒီလို purple color လေးကိုရွေးချယ်မယ်ဆိုရင်တော့ အနက်လေးနဲ့တွဲဝတ်ရင် အရမ်းလှပြီး ချစ်စရာကောင်းနေမှာပါ။
၆. Purple color လေးကိုဝတ်မယ်ဆိုရင် ဘယ်လောက်တောင်ထူးခြားပြီး လှနေမလဲဆိုတာ မြင်တဲ့အတိုင်းပဲနော်။
၇. ဒီလိုဂါဝန်လေးတွေဝတ်မယ်ဆိုလည်း ထူးခြားတဲ့အရောင်လေးဖြစ်တဲ့ purple color လေးကိုရွေးချယ်သင့်တယ်နော်။
၈. purple colour ဖလယ်နယ်ရှပ်အင်္ကျီကလည်း ဝတ်ရတာပေါ့ပါးပြီး ဖက်ရှင်ကျနေမှာပါ။
Source:we media