What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Levi Strauss & Co ရဲ့ 501 model အသစ်အလန်း ၃ မျိုး

Levi Strauss & Co ရဲ့ 501 model က လာမယ့် မေလ ၂၀ ရက်ဆိုရင် သက်တမ်း ၁၄၅ နှစ် ရှိပြီ။ ဖိုက်အိုဝမ်းဆိုရင် ဇစ်မပါတဲ့ဘောင်းဘီ။ ကြယ်သီးတွေက ရှေးဆန်ဆန် ကြေးကြယ်သီး အသားထူထူမာမာတွေ။


အခု ၁၄၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် 501 model ကို limited edition ၃ မျိုးထုတ်မယ်။ အသစ်အလန်းစား သုံးမျိုး ဖြစ်တာ တွေ့ရတယ်။

ပထမတစ်မျိုး
*********
ပထမတစ်မျိုးက ခေတ်ဟောင်းတေးကို ပြန်သီဆိုထားတာ။ ၁၉၄၇ ခုနှစ်တုန်းက ထုတ်ခဲ့ဖူးတဲ့ ရွှေကြယ်သီး model ဖြစ်ပါတယ်။

အကန့်အသတ်နဲ့ ထုတ်မှာဆိုတာ့ ဘယ်နှထည်ပဲ ထုတ်မှာလဲ။ Levi’s က မိုင်းတွင်းထဲ လုပ်ကိုင်ကြရတဲ့ လုပ်သားတွေအတွက် ထုတ်လုပ်ခဲ့တဲ့ 501 model ကို ရည်ညွှန်းတဲ့အနေဖြင့်

501 ခုပဲ ထုတ်မယ်။

ရွှေကြယ်သီးတွေနဲ့ဆိုတော့ ဈေးမသေးမှာတော့ သေချာတယ်။ အခုထိ ကုမ္ပဏီက ရောင်းဈေးကို မပြောသေးဘူး။

အမျိုးသမီးဝတ်နဲ့ အမျိုးသားဝတ် နှစ်မျိုးထုတ်မယ်လို့တော့ သတင်းပြေးနေတယ်။

Gold


ဒုတိယနဲ့ တတိယ
*************
ဒုတိယတစ်မျိုးကတော့  အမျိုးသားတွေအတွက်ပဲ ထုတ်မယ့် model ဖြစ်ပြီး

ကြယ်သီးအနီတွေချည်း ပါမယ်။

red

 

တတိယတစ်မျိုးကတော့ အမျိုးသမီးတွေအတွက်ပဲ ထုတ်မယ့် Model ဖြစ်ပြီး

ကြယ်သီး တွေက အနီတစ်လုံး အ၀ါတစ်လုံး အပြာတစ်လုံး အစိမ်း တစ်လုံး ဖြစ်ပါတယ်။

lady only

 


ဒုတိယနဲ့ တတိယ နှစ်မျိုးစလုံးမှာ ခေါင်အလုံးဖြစ်တဲ့ နည်းနည်းပိုကြီးတဲ့ ကြယ်သီးကတော့ ထုံးစံအတိုင်း ကြေးကြယ်သီးပါတဲ့။
ဥရောပမှာ ရောင်းချပေးမယ်။ ဈေးနှုန်းက ယူရို ၁၀၀ ။ ကျပ်နဲ့ဆိုရင် တစ်သိန်းခြောက်သောင်း ဆိုပါတော့။

 

t shirt

တီရှပ်တွေလည်း နှစ်မျိုး ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပြီး
တစ်မျိုးကတော့ 501 လိုဂိုကို ရွှေရောင် အ၀ိုင်းကြီးကြီးထဲမှာ ဖော်ပြထားတဲ့ ဒီဇိုင်းနဲ့ ဖြစ်ပါတယ်။
ကျန်တစ်မျိုးကတော့ အင်တာနက်မှာ လိုက်ရှာတာ အခုစာရေးချိန်အထိ ဘယ်လိုမှန်း မသိရလို့ ချန်လှပ်ခဲ့ရပါတယ်။ 

 

http://textiledirectory.com.mm

Read 1293 times
Rate this item
(0 votes)