What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တစ်ခေတ်ပြန်လည်ဆန်းသစ် လာသော ခေါင်းလောင်းဘောင်းဘီ

Flare ဘောင်းဘီလို့လည်း ခေါ်သလို Bell ခေါင်းလောင်း ဘောင်းဘီလို့ ခေါ်တဲ့ ဘောင်းဘီအကြောင်း လေးဖော်ပြပေးချင်ပါတယ်။

Flare မှာမှ တိတိကျကျ ပြောရရင်တော့ boho printed flare အကြောင်းပေါ့။သူက ၁၉၇၀ ပြည့်နှစ်လောက်က တအားခေတ်စားခဲ့တဲ့ ဘောင်းဘီဒီဇိုင်း ဖြစ်သလို ၂၀၁၄ခုနှစ်က တစ်ဖန်ပြန် ပေါ်ပြူလာဖြစ်ခဲ့ပြီးတဲ့နောက် မှာတော့ ခုထိကို လူငယ်တွေ စွဲစွဲမက်မက် ဆက်လက်ဝတ်ဆင်နေတဲ့ ဘောင်းဘီဒီဇိုင်း လို့ ဆိုရင်လည်း မမှားပါဘူးနော်။

နိုင်ငံတကာမှာဆို ဖျော်ဖြေပွဲတွေ သွားတဲ့အခါ ဒီလိုဘောင်းဘီမျိုးတွေ ဝတ်ပြီးသွားတဲ့ အမိုက် စားကောင်မလေးတွေကို မကြာခဏ မြင်တွေ့ ရပါတယ်။

boho fashion ပုံစံဝတ်ဆင်မယ် ဆိုရင်လည်း ဒီ Flareဘောင်းဘီတွေက မပါမဖြစ် မတွဲမဖြစ် မဟုတ်လား။

- သူ့ကို ဘာတွေနဲ့ ဘယ်လိုတွဲဝတ်ရမလဲ?
ဒီဘောင်းဘီဝတ်မယ်ဆို အပေါ်က ဘယ်လို အကျီနဲ့ တွဲရမလဲဆိုပြီး ခေါင်းစားနေကြတဲ့ သူတွေအတွက် အလွယ်ဆုံးတွဲစပ်နိုင်တာ ကတော့ crop top လေးတွေ၊shoulder offလေးတွေ၊ လက်ပြတ် tee အပါးလေးတွေ၊ တီရှပ်ကို ခါးစည်း ဝတ်တာ မျိုးလေးတွေနဲ့ တွဲဝတ်နိုင်ပါတယ်။

- အရောင်ကရော?
သိပ်ခေါင်းစားမနေပါနဲ့။ အခြေခံအကျဆုံး အရောင် အဖြူ။ အနက် စတဲ့ နှစ်ရောင်နဲ့က ဘာဖြစ်ဖြစ် လိုက်ပါတယ်။

ဝတ်ရဲရင်တော့ ကာလာတောက်တာလေးတွေနဲ့ တွဲဝတ်ပစ် လိုက်ပါ။

1

 

2

-ဖိနပ်ကရော?
Flat sandal တွေကတော့ အလိုက်ဖက်ဆုံးပါ ပဲ။ bootတွေနဲ့ တွဲစီးနိုင်ပါတယ်။

- accessories ဆိုရင်ရော?
ဆွဲကြိုးဆို ခပ်ကြီးကြီး ခပ်မိုပ်မိုက် statement necklace တွေ၊ လက်စွပ်ခပ်ကြီးကြီးတွေ နဲ့ လက်ပတ်ကြိုး လက်ကောက်ကွင်း ခပ်များ များနဲ့ ရှုပ်နေအောင် ဆင်မြန်းနိုင်တယ်နော်။

5

ဦးထုပ်ကတော့ Floppy hat လို့ခေါ်တဲ့ အဝိုင်းအကြီးကြီး ဦးထုပ်မျိုးတွေ ရွေး ချယ်နိုင်ပါတယ် နော်။

Source:Social Media

 

Read 1067 times
Rate this item
(1 Vote)