Christian Dior ဟာ Forbes' Global 2000 စာရင်းမှာ အ၀တ်အစားနဲ့ ရှူးကဏ္ဍမှာ အကြီးမားဆုံး လုပ်ငန်းကြီး အဖြစ် ပထမ နေရာကို ရရှိထားပါတယ်။
Forbes' Global 2000 စာရင်းဟာ ကမ္ဘာပေါ်မှ အများပိုင် လုပ်ငန်းများကို ကြီးစဉ်ငယ်လိုက် စီထားတာ ဖြစ်ပြီး စုစုပေါင်း လုပ်ငန်းပေါင်း ၂၀၀၀ ပါဝင်ပါတယ်။ စာရင်းပြုစုတာမှာ အများပိုင်ကုမ္ပဏီရဲ့ ၀င်ငွေ၊ အမြတ်၊ ပိုင်ဆိုင်မှုနဲ့ ဈေးကွက်တန်ဖိုး အချက်လေးချက်ဖြင့် အမှတ်ပေးပြီး အဆုံးအဖြတ်ပြုပါတယ်။ အဲဒီစာရင်းမှာ အ၀တ်အစားနဲ့ ရှူးဖိနပ်ကဏ္ဍမှ အများပိုင်ကုမ္ပဏီများကို သီးခြားခွဲထုတ်ပြီး ကြည့်မယ်ဆိုရင် စာရင်းရဲ့ နံပါတ် ၁၅၀နေရာမှာ ရှိနေတဲ့ Christian Dior ကို အ၀တ်အစားနဲ့ ရှူးကဏ္ဍမှာအကြီးမားဆုံး လုပ်ငန်းကြီးအဖြစ် တွေ့ကြရတာ ဖြစ်ပါတယ်။
Christian Dior ဖက်ရှင်တိုက်ကို ၁၉၄၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ် အရောင်းတန်ဖိုး စုစုပေါင်း ကန်ဒေါ်လာ ၄၉ဘီလျံ ရှိခဲ့ပါတယ်။ စတော့ရှ်ယာတန်ဖိုးက ၇၅ ရာခိုင်နှုနှုန်း မြင့်တက်ခဲ့ပါတယ်။
Louis Vuitton, Dom Pérignon နဲ့ Sephora. စတဲ့ နာမည်ကြီး အမှတ်တံဆိပ်တွေအပါအ၀င် အမှတ်တံဆိပ် စုစုပေါင်း ၇၀ ခု ကို ပိုင်ဆိုင်ထားတဲ့ LVMH မှာ အစုရှယ်ယာ ၄၁ ရာခိုင်နှုန်းကို Christian Dior က ပိုင်ဆိုင်ထားကြောင့် အကျိုးအမြတ်များ ရရှိနေပါတယ်။
အ၀တ်အစားနဲ့ ရှူးကဏ္ဍမှာ ဒုတိယ အကြီးမားဆုံး နေရာမှာတော့ စပိန်နိုင်ငံမှ အ၀တ်အစား လက်လီအရောင်းလုပ်ငန်းကြီး Inditex ရှိနေပါတယ်။ Inditex ဟာ Zara ကို ပိုင်ဆိုင်တဲ့ မိခင်ကုမ္ပဏီ ဖြစ်ပါတယ် ။ Forbes' Global 2000 စာရင်းကဏ္ဍစုံမှာတော့။ Indite ဟာ နံပါတ်၂၈၉ မှာ နေရာယူထားပါတယ်။ ပြီးခဲ့တဲ့နှစ်က ရောင်းအား ၂၉ ဘီလျံ ရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အတွက် Forbes' Global 2000 စာရင်းမှာတော့ နံပါတ်၂၇၆ ရှိခဲ့တာမို့ ယခုနှစ်မှာ ၁၃ နေရာ လျှောကျသွားခဲ့တာ ဖြစ်ပါတယ်။
တတိယနေရာမှာ Nike ရှိနေပါတယ်။ ၁၉၆၄ ခုနှစ်မှာ အပြေးသမား Phil Knight နဲ့ သူ့ရဲ့ နည်းပြဆရာတို့က အသေးစားလုပ်ငန်းတစ်ခုအဖြစ် စတင်ထူထောင်ခဲ့ကြတယ်။ ဂျပန်မှ အပြေးသမားစီး ရျူးဖိနပ်များကို ဖြန့်ချိရောင်းချတဲ့ လုပ်ငန်းအဖြစ်မှ ကမ္ဘာသိလုပ်ငန်းကြီး အဖြစ်သို့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်က ရောင်းအား ကန်ဒေါ်လာ ၃၅ဘီလျံ ၇ှိခဲ့ပါတယ်။