မြန်မာလူမျိုးတို့ မြတ်နိုးတန်ဖိုးထား ရတဲ့ အတာသင်္ကြန်အချိန်အခါကို ရောက်ရှိလာပြန်ပါပြီ။ ၂၀၁၈ ခုနှစ်မှာ လူတိုင်းလူတိုင်းက ဖက်ရှင်ကို တန်ဖိုး ထား ဝတ်ဆင်တတ်လာကြတဲ့အတွက် သင်္ကြန်တွင်းမှာ ဖက်ရှင်ကျဖို့ကလည်း အရေးကြီးတယ်လို့ ပြောပါရစေ။
နှစ်ကူး ချိန် ရေစိုနေတာတောင်မှ ကျွန်မတို့လို ဖက်ရှင်ချစ်သူတွေကတော့ ဖက်ရှင်ကျဖို့ အတွက် အရမ်းကို အရေးပါအရာရောက် လှပါတယ်။ ဒါကြောင့် သင်္ကြန်မှာ ဖက် ရှင်ရေစီးကြောင်းနဲ့အမီ လန်းနိုင်ဖို့ နည်း လမ်းတချို့ကို တင်ဆက်ပေးလိုက်ပါ တယ်။
Colors
သင်္ကြန်အတွက်ဆိုတာထက် လတ် တလော Street Style တွေနဲ့ ဖက်ရှင် လျှောက်လမ်းထက်ပေါ်က Trend ဖြစ်နေတဲ့ အရောင်တွေကတော့ Pastel Color တွေနဲ့ အရောင်တောက် တွေပါပဲ။ သူ့သဘောကတော့ ဖျော့ချင် အားလုံး ဖျော့လိုက်၊ တောက်ချင် အား လုံး တောက်လိုက်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
Tops
နေပူတယ်ဆိုတော့ ရေစိုသွားတဲ့အ ခါ ကိုယ်ပေါ်မှာ လေးလေးကြီး ကျန်နေ ပြီး နေရထိုင်ရခက်စေမယ့် အင်္ကျီတွေ အစား ခါးတိုလေးတွေ၊ အင်္ကျီသေးသေး လေးတွေကို ဦးစားပေး ရွေးချယ်ပါ။ ခါးလွတ်နေတဲ့အရာမျိုးထက် ကိုယ်ပေါ် မှာ ကပ်နေတဲ့Tube Topလးတွေက အခုအချိန် ဖက်ရှင်ရေစီးကြောင်းနဲ့ ကွက် တိပါ။
Outerwear
နေပူပြီး အသားမည်းမှာ ကြောက် ကြတဲ့ ပျိုမေတို့အတွက် အပေါ်ထပ်က မရှိမဖြစ်ပေါ့နော်။ ဒါပေမယ့် ရာသီဥတု ကလည်း ပူ၊ ရေက စိုပြီး ကိုယ်ပေါ်က အင်္ကျီကလည်း ကိုယ့်ကို လေးလံစေပြီး ဒုက္ခပေးနေမယ်ဆိုရင် အဆင်မပြေပြန် ဘူးလေ။ ဒါကြောင့် ခပ်ပါးပါးဖြစ်တဲ့ အ ပေါ်ထပ်တွေ၊ မိုးကာသားနဲ့ ပြုလုပ်ထား တဲ့ အပေါ်ထပ်တွေနဲ့ တွဲဖက်ပါ။
Bottom
အောက်ပိုင်းအတွက်ကိုတော့ ဘယ် လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဘောင်း ဘီတိုတွေကိုပဲ ရွေးချယ်စေချင်ပါတယ်။ အပေါ်မှာ ဂျက်ကက်ထပ်ထားပြီး အောက်ကလည်း ဘောင်းဘီရှည်နဲ့ဆို ကိုးရိုးကားယားနဲ့ ဖက်ရှင်ကျနိုင်မှာ လုံးဝ မဟုတ်ပါဘူး။ ပေါင်တစ်ဝက်လောက်ပဲ ရှိတဲ့ ဘောင်းဘီတိုတွေက နွေရာသီနဲ့ အကိုက်ညီဆုံးဖြစ်ပြီး ဒူးအပေါ်နား လောက်ထိ ရှည်တဲ့ ဘောင်းဘီတိုမျိုးကို လည်းStreet Style တွေ အတော်များ များမှာ မြင်တွေ့နေရပါတယ်။
Accessories
သင်္ကြန်မှာ အရေးကြီးဆုံးက Accessories ပါပဲ။ ခေတ်ရေစီးကြောင်း နဲ့ လိုက်ပြီး အမှန်တကယ် လိုအပ်မယ့် ပစ္စည်း ၃ မျိုးကိုပဲ ထုတ်နုတ်ပြီး ပြောပြ ပေးချင်ပါတယ်။ အရင်ဦးဆုံးက အားလုံး သိကြပြီးဖြစ်မယ့် နေကာမျက်မှန်ပါ။ လတ်တလော စူပါမော်ဒယ်တွေအ ကြိုက် 90's မျက်မှန်ခပ်သေးသေး လေးတွေက အခုသင်္ကြန်နဲ့ကွက်တိပါပဲ။ ဒီမှာလည်း Fancy ဆိုင်တွေမှာ အလွယ် တကူ ဝယ်ယူလို့ရနေတာမို့ တစ်လက် လောက်တော့ အပြေးဝယ်ထားလိုက် တော့နော်။ နောက်ထပ်တစ်ခုကတော့ ဦးထုပ်ပါ။ ဘယ်တော့မှ မရိုးသွားနိုင်မယ့် Baseball Caps နဲ့ Bucket Hats လေးတွေက နေပူဒဏ်ကနေ ကာကွယ် လိုက်ပါ။ နောက်ဆုံးအနေနဲ့ လိုအပ်တာ ကတော့ ရေစိုခံတဲ့ Belt Bags လေး တွေဖြစ်ပါတယ်။ ၂၀၁၈ အတွက် အ ရေးကြီးဆုံး Accessory တစ်ခုလည်း ဖြစ်သလို ဖုန်းနဲ့ တခြားလိုအပ်တဲ့ ပစ္စည်း တွေကို လုံးဝ ဂွမ်းမသွားဘဲ ဖက်ရှင် ကျကျ သယ်ဆောင်နိုင်မှာဖြစ်ပါတယ်။
source:now magazine