အိမ်မှာ သီချင်း နားထောင်ရတာကို သဘောကျတဲ့ယောင်းတွေ ရှိသလို Music Festivals တွေကို သွားပြီး ကိုယ်နှစ်သက်တဲ့ အနုပညာကို သွားအားပေးရတာကို သဘောကျတဲ့ သူတွေလည်း ရှိတယ်လေနော်…
အဲလို သွားကြတဲ့ အချိန် ဘယ်သူပဲဖြစ်ဖြစ် လှလှလေး ၊ လန်းလန်းလေးတော့ ဖြစ်နေချင်ကြမှာပါ… အဲဒီတော့ EDM Festival တွေ သွားကြမယ့်သူတွေအတွက် လှလှလေး နဲ့ လန်းလန်းလေး ဖြစ်နေစေဖို့ ဒီအချက်လေးတွေ ပြောပြပေးမယ်နော်။
Crop Top ဒီဇိုင်းဆန်းဆန်းလေးတွေ ဝတ်ကြမယ
ပိန်သွယ်တဲ့သူတွေ ဆိုရင်တော့ Crop Top လေး နဲ့ ဂျင်းဘောင်းဘီ အတိုလေး ကို တွဲဖက် ဝတ်ဆင်တာ မျိုး ဖြစ်ဖြစ် ၊ စကဒ် နဲ့ တွဲဖက် ဝတ်ဆင်တာမျိုး ဖြစ်ဖြစ် ရွေးချယ်နိုင်ပါတယ်… ဒီဇိုင်းဆန်းဆန်း စီးကွင့် ဝတ်စုံလေးတွေ ကိုဝတ်လိုက်ရင်လည်း ညဘက်ပွဲဆိုတော့ တောက်ပနေမှာ အမှန်ပဲနော်…
ပြည့်ပြည့်ဖောင်းဖောင်းလေး နဲ့ ချစ်စရာကောင်းတဲ့ သူတွေ ကတော့ ဘောင်းဘီ အတိုတွေ ဝတ်တာထက် စကဒ်အတို အကြပ် ဒါမှမဟုတ် ကားကားလေးတွေ ဝတ်ဖို့ အကြံပေးပါရစေ… ပိုက်ကွန်ပုံစံ အသားကပ်ဘောင်းဘီတွေ ကလည်း ဒီနှစ်ထဲမှာ တော်တော်လေး ခေတ်စားတာမလို့ လန်းလန်းလေး ကို သဘောကျတဲ့ သူတွေ အတွက်တော့ အဆင်ပြေမှာ သေချာပါတယ်နော်…
အရောင်ဆန်းဆန်းလေးတွေ ဝတ်ကြရအောင်…
ကိုယ်ကသဘောကျနေပေမယ့် ပုံမှန်အချိန်တွေမှာ ဝတ်ဆင်လေ့မရှိတဲ့ အရောင်မျိုးကို ဒီလိုအချိန်မျိုးမှာ ရဲရဲကြီး ရွေးချယ်လိုက်ပါတော့ … ပြီးတော့ music festival အများစုက ညဘက်တွေ မှာ လုပ်လေ့ရှိတာမို့ ပုံမှန်ဝတ်နေကျအရောင်တွေကို ရှောင်လိုက်ပါ… အရောင်မှိုင်းတိုင်းတိုင်းတွေ ဝတ်ဆင်တာထက် အရောင်လန်းလန်းလေးတွေ ဝတ်ဆင်ပြီး အပြတ်လန်းနိုင်ပါတယ်နော်… ပြီးတော့ ဒီနှစ်မှာလည်း ပန်းရောင်နဲ့ လိမ္မောရောင်ကို တွဲဖက်ဝတ်ဆင်တာမျိုးက ခေတ်စားနေတာမို့ ဒီနှစ်ရောင်ကိုလည်း တွဲစပ်ဝတ်ဆင်နိုင်ပါတယ်လို့…..
အိတ်သေးသေးလေးတစ်လုံးယူသွားပါ…
လူငယ်တစ်ယောက်လို လွတ်လွတ်လပ်လပ်သွားမယ့် အချိန်ဆိုတော့ ပစ္စည်းများများ မယူပါနဲ့ … ပိုက်ဆံ ၊ ဖုန်း နဲ့ မပါမဖြစ် အရေးကြီးတဲ့ ပစ္စည်းတွေ လောက်ကို ပဲ ယူသွားပါ… အိတ်ကို လည်း တတ်နိုင်သလောက် ခပ်သေးသေးလေးပဲ ယူသွားပေးပါ… ပြီးတော့ လက်ကကိုင်ဖို့ မစဉ်းစားပါနဲ့ … ဘေးလွယ်လို့ ရအောင် လွယ်ကြိုးပါတဲ့ အိတ်လေး ဖြစ်ဖို့ ကိုလည်း တစ်ချက်သတိထားပေးပါနော်…
ဖိနပ်လှလှလေးလည်း လိုတယ်နော်…
ပေါ့ပေါ့ပါးပါး စတိုင်မျိုးပဲ ကြိုက်တယ် ဆိုရင်တော့ sneaker ဖိနပ်လေး ကို ရွေးချယ်ပေးပါနော်… ဖိနပ် ကို ဒေါက်ပါတာလေးကို စီးချင်တယ် ဆိုရင်တော့ ဒေါက်နည်းနည်းထူတဲ့ boot ဖိနပ်မျိုးကို ရွေးချယ်စေချင်ပါတယ်… အခုဆိုရင် Glitter boots လေးတွေလည်း တော်တော်ခေတ်စားတာမို့ ယောင်းစီးမယ် ဆိုရင်တော့ အများကြားမှာ ထင်းလင်းပြီးစတိုင်ကျတဲ့ မိန်းမလှလေးတစ်ယောက် ဖြစ်သွားမှာ အသေအချာပါပဲနော်…
EDM Festival တွေ သွားကြမယ့် သူ အတွက် အခုပြောပြခဲ့တဲ့ ဖက်ရှင်နည်းလမ်း တွေက အကူအညီ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်…ဧပြီလ၁ရက်နေ့မှာတော့ bella cosmetic ကကျင်းပပြုလုပ်မယ့် music festivalရှိတယ်နော်။