အဝတ်အစားဆိုတာ လူတစ်ယောက်အတွက် အရမ်းကို အရေးကြီးတဲ့အရာလည်း ဖြစ်ပါတယ်။ သင့်အနေနဲ့ လိုက်ဖက်မှုရှိအောင် ဝတ်တတ်ရင် ဝတ်တတ်သလို သင့်ရဲ့အသွင်အပြင်ကိုလည်း အများကြီးပြောင်းလဲပေးနိုင်ပါတယ်။
ခုဖော်ပြပေးမှာကတော့ လှပကျော့ရှင်းပြီး လူတကာငေးသွားစေမယ့် အဝတ်အစား ဝတ်ဆင်နည်းလေးတွေပဲဖြစ်ပါတယ်။
(၁) နည်းနည်းပဲဖော်ပါ
မိန်းကလေးတွေအနေနဲ့ အဝတ်အစားတစ်စုံကို ဝတ်တော့မယ်ဆိုရင် နည်းနည်းပဲဖော်ပါ။ ဥပမာ ဂါဝန်ရှည်ဝတ်တဲ့အခါ ရင်ဘတ် ဒါမှမဟုတ် လက်ပြတ်ပုံစံ ဝတ်ပေးတာမျိုးပေါ့။ အပေါ်လည်းပြတ်၊ အောက်ကလည်း တိုတဲ့ပုံစံတွေကိုတော့ လုံးဝမဝတ်သင့်ပါဘူး။ အပေါစားဆန်စေပါတယ်။
(၂) အင်္ကျီကိုမချည်ပါနဲ့

အင်္ကျီရဲ့ အောက်က ပိတ်စကို ထုံးတာ၊ စည်းတာမျိုး မလုပ်ပါနဲ့။ အဲ့ဒါထက်စာရင် စကပ် ဒါမှမဟုတ် ဘောင်းဘီထဲ ထည့်ဝတ်လိုက်တာ အများကြီးပိုစမတ်ကျသလို၊ ဘယ်တော့မှ ရိုးမသွားတဲ့ ဖက်ရှင်တစ်ခုလည်း ဖြစ်ပါတယ်။
(၃) အရောင်တောက်တောက်
သင့်ရဲ့ ဖက်ရှင်မှာ တစ်ခု၊ အများဆုံး နှစ်ခုလောက်ပဲ အရောင်တောက်တောက်၊ လက်လက်တွေ ဖြစ်သင့်ပါတယ်။ အရောင်တောက် တောက်ပြောင်ပြောင်တွေ အများကြီး တစ်ပြိုင်တည်းဝတ်တာ သင့်ကို ကြည့်ရဆိုးစေပါတယ်။
(၄) ခန္ဓာကိုယ်ပုံစံ

သင်ဟာ ဘယ်လောက်ပဲ ခေတ်မီနေပါစေ၊ ပေါ်သမျှ အဝတ်အစားတိုင်းကိုတော့ မဝတ်သင့်ပါဘူး။ သင့်ခန္ဓာကိုယ်အနေအထား၊ ပုံစံတွေနဲ့ လိုက်ဖက်တဲ့ အင်္ကျီမျိုးကိုသာ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။
(၅) ဖိနပ်
![USD 81.35] New European and American autumn and winter nude heels thin heel sexy pointed shoes work shoes commuter anti-velvet women's shoes wedding shoes - Wholesale from China online shopping | Buy](https://img.alicdn.com/imgextra/i1/2191773812/TB2pSsdXEgQMeJjy0FeXXXOEVXa_!!2191773812.jpg)
ဖိနပ်တွေ၊ ဒေါက်တွေ စီးတော့မယ်ဆိုရင် အရောင်ဖျော့တဲ့ Nude color တွေကို ရွေးချယ်ပါ။ ဘယ်အဝတ်အစားနဲ့မဆို လိုက်ဖက်တဲ့အပြင် ကြည့်ရတာလည်း ပိုပြီးလှစေပါတယ်။
By Myanmar Textile & Garment Guide
Source:AM





