အခုခေတ်လူငယ်တိုင်းမှာ အလန်းစား sneaker shoes လေးတစ်ရံ ကတော့အမြဲရှိတတ်ကျပါတယ်။
အဲ့ဒီ sneaker shoes လေးတွေကို ခါတိုင်းဝတ်နေကျ ပုံစံလေးတွေနဲ့မတူပဲ ခပ်မိုက်မိုက်လေးနဲ့ဖက်ရှင်ကျအောင် တွဲဖက်ဝတ်ဆင်လို့ ရမယ့် ဖက်ရှင်လေးတွေကို ပျိုမေတွေအတွက် တင်ပြပေးလိုက်ပါတယ်။
Cuffed jeans
အခုခေတ် ရေးစီးကြောင်းပေါ် ရောက်နေပြီး ကောင်မလေးတော်တော်များများ ဝတ်ဆင်တတ်ကြတဲ့ တီရှပ်အဖြူကို Cuffed jeans ဘောင်းဘီ လေးတွေနဲ့ တွဲဝတ်ပြီး sneaker shoes လေးစီးထားတဲ့ပုံစံလေးက
ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်တဲ့ ဖက်ရှင်လေးဖြစ်စေမှာပါ။ အရမ်းကြီးထွေထွေထူးထူး ပြင်စရာမလိုပဲ ဒီပုံစံလေးကသင့်ကို ရိုးရိုးလေးနဲ့ဖက်ရှင်ကျစေမှာပါ။
Midi Dress
Midi dress လိုမျိုး ဟိုမေရောက်ဒီမရောက် ဂါဝန်အကျပ်လေးတွေကို sneaker shoes လေးတွေနဲ့တွဲပြီး ဝတ်ဆင်တဲ့ ပုံစံလေးတွေက သင့်ကိုအလွန်ချစ်စရာကောင်းစေပါတယ်။ အားလပ်ရက်ဘော်ဒါတွေနဲ့ အပြင်သွားရင်ဖြစ်ဖြစ် ကောင်လေးနဲ့
ဒိတ် ရင်ပဲဖြစ်ဖြစ် ဝတ်သွားလို့အဆင်ပြေမယ့် လူငယ်ဆန်တဲ့ ဖက်ရှင်လေးပါ
Track suit
အနုပညာရှင်နဲ့ ဆယ်လီတွေဝတ်ဆင်ကြတဲ့ ဖက်ရှင်မျိုးဖြစ်ပြီး Track suit လေးတွေကို sneaker shoes လေးတွေနဲ့ ဝတ်တဲ့ ပုံစံလေးကအလွန်မိုက်ပါတယ်။ တစ်ခါတစ်လေ အနုပညာရှင်တွေက airport fashion အဖြစ်နဲ့တောင်ဝတ်ဆင်တတ်
ကြပါသေးတယ်။ လူငယ်ဆန်ပြီး ခပ်မိုက်မိုက်ပုံစံလေးပါ။
Culttoes
Culttoes လိုပွယောင်းယောင်းဘောင်းဘီတွေကို Sneaker shoes လေးတွေနဲ့ တွဲဝတ်တဲ့ ပုံစံလေးတွေကလည်း တစ်မျိုးတစ်ဖုံ အမြင်ဆန်းပြီး ကြည့်ကောင်းတဲ့ ပုံစံလေးတစ်မျိုးပါ။
Culttoes လို မတိုမရှည် ဘောင်းဘီလေးတွေက မိမိဝတ်ထားတဲ့ Sneaker shoes လေးတွေရဲ့ အလှကိုပိုပြီး ပေါ်လွင်စေပါတယ်။ ရုံးတက်တဲ့အခါမျိုးမှာလည်း ဝတ်ဆင်လို့အဆင်ပြေစေတဲ့ ဖက်ရှင်ပုံစံလေးတစ်မျိုးပါ။
<<< Zawgyi ဖြင့်ဖတ်ရန် >>>
Cuffed jeans

Midi Dress

Midi dress လိုမျိုး ဟိုမရောက်ဒီမရောက် ဂါဝန်အကျပ်လေးတွေကို sneaker shoes လေးတွေနဲ့တွဲပြီး ဝတ်ဆင်တဲ့ ပုံစံလေးတွေက သင့်ကိုအလွန်ချစ်စရာကောင်းစေပါတယ်။
Track suit

Culttoes

Myanmar Textile & Garment Directory
အိတ်ဆိုင်များ၏လိပ်စာများကိုရှာရန်နှိပ်ပါ။
			    
					
		  	



