စကပ်အလျား အမျိုးမျိုး ရှိနေတာမှာ ဖက်ရှင်ကျကျ ၀တ်ဖို့အတွက် ဆီလျော်ရာ အလျားကို ရွေးချယ်ဝတ်ဆင်ကြနိုင်ကြဖို့
အ၀တ်အစား ဖက်ရှင်တိုက်တွေက ယေဘုယျအားဖြင့် သတ်မှတ်ထားတဲ့ အလျားတွေနဲ့ အခေါ်အဝေါ်တွေကို ဖော်ပြပေးထားပါတယ်။
Micro ဆိုတဲ့ စကပ်က တိုနံ့နံ့ အဖြစ်ဆုံးစကပ်ပါပဲ။ မီနီစကပ်ထက် တိုတယ်။ မမြင်အပ်တဲ့နေရာ လုံရုံလောက်ပဲ ရှိတဲ့စကပ်ဖြစ်ပါတယ်။
Mini ဆိုတဲ့ စကပ်က မိုက်ခရိုထက် ပိုရှည်တယ်။ ဒူးခေါင်းကနေ တိုင်းရင် ၈ လက်မ (၂၀ စင်တီမီတာ) အနည်းဆုံး ကွာတဲ့နေရာမှာ စပကပ်ရဲ့ အောက်နားချုပ်သားလိုင်း ရှိနေတယ်။
Short ဆိုတဲ့စကပ်ကတော့ ဒူးခေါင်းနဲ့ ဒူးခေါင်းအထက် ၈ လက်မ (၂၀ စင်တီမီတာ) အတွင်းမှာ စကပ်အောက်နားချုပ်သားလိုင်း ရှိနေတယ်။
Standard ဆိုတဲ့ စကပ်ကတော့ မတ်တတ်ရပ် အနေအထားမှာ စကပ် အောက်နားချုပ်သားလိုင်းဟာ ဒူးခေါင်း အပေါ်နားမှာ ၀ဲနေတယ်။
Knee Length ဆိုတဲ့ စကပ်က Standard ထက် နည်းနည်းလေး ပိုရှည်တယ်။ ဒူးခေါင်း ဖုံးရုံသာသာအထိ ရှည်တယ်။
Midi ဆိုတဲ့ စကပ်ကတော့ ဒူးခေါင်း အောက်ဘက်အထိ အောက်အနားသတ် ရောက်နေတယ်။ ဒါပေမဲ့ ခြေသလုံးကြွက်သားအထိ တော့ မရောက်ဘူး။
Tea length ဆိုတဲ့ စကပ်ကတော့ ရှေ့ကကြည့်ရင် ညို့သကျည်းအလယ်နားအထိ နောက်က ကြည့်ရင်း ခြေသလုံးအလယ်နားအထိ စကပ် နောက်အနား ရောက်တယ်။ ရှေးအခါက အင်္ဂလန်မှာ လက်ဖက်ရည်ချိန်မှာ အမျိုးသမီးတွေ ၀ိုင်းဖွဲ့ထိုင်ပြီး လက်ဖက်ရည် သောက်ကြတဲ့အခါ ၀တ်ဆင်တဲ့ဓလေ့ကြောင့် Tea Length လို့ အမည်တွင်တာ ဖြစ်ပါတယ်။
Ballarina Length ဆိုတဲ့ စကပ်က ဘဲလေးကချေသည်တွေ ၀တ်ဆင်လေ့ရှိတဲ့အတွက် ဘဲလေးကချေသည်အလျားလို့ အမည်တွင်တယ်။ ခြေထောက်တွေ အကုန်ဖုံးပေးထားတယ်။ ခြေကျင်းဝတ်အထိ စကပ်အအောက်အနား ရောက်တယ်။
Maxi ဆိုတာကတော့ စကပ်အောက်နား ကြမ်းတိုက်နေတဲ့စကပ်ပါပဲ။ တကယ်လို့ ဒေါက်မြင့်ဖိနပ် စီးထားရင်လည်း စကပ်အောက်တားက ကြမ်းတိုက်နေတဲ့အထိ ရှည်တဲ့စကပ် ဖြစ်ပါတယ်။ အဲဒီလို ကြမ်းတိုက်နေလို့ floor length စကပ်လို့လည်း ခေါ်ကြပါတယ်။
ကျန်းမာရွှင်လန်းကြပါစေ
ချက္က၀ါ