နေ့စဉ်နဲ့အမျှ အိမ်မှုဝေယျာဝစ္စတွေကို ပြုလုပ်တဲ့အထဲမှာ အဝတ်အထည်များ လျှော်ဖွတ်ရတာဟာလည်း တစ်ခါတလေ ငြီးငွေ့ဖွယ်ရာ ကောင်းရင်ကောင်းနေပါလိမ့်မယ်။
အဝတ်လျှော်စက်တွေ ရှိပင်မဲ့လည်း ဒီလုပ်ငန်းစဉ်တစ်ခုထဲနဲ့တော့ အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ စစ်တမ်းကောက်ချက်တွေအရ အမျိုးသမီးတွေဟာ အဝတ်လျှော်တဲ့အခါမှာ 17မိနစ်လောက် အချိန်တွေကုန်နေကြတယ်။ ဒါကြောင့်မို့ အဝတ်တွေကို လျှော်ဖွတ်တဲ့အခါ၊ ဆေးကြောတဲ့အခါတွေနဲ့ ခြောက်သွေ့အောင်ပြုလုပ်တဲ့အခါတွေမှာ အချိန်တွေလျော့ချပေးဖို့အတွက် နည်းလမ်းကောင်းအချို့ကိုမျှဝေပေးလိုက်ပါတယ်။
1. အဝတ်လျှော်စက်သန့်ရှင်းဖို့အတွက် ပလုတ်ကျင်းဆေးအရည်ကိုသုံးပါ။
အဝတ်လျှော်စက် တွေနဲ့ အဝတ်လျှော်တဲ့အခါ ကောင်းမွန်စွာ လည်ပတ်နိုင်ရန်အတွက် ပုံမှန်ပိုးသတ်ပေးဖို့ လိုအပ်တယ်။ ပုံမှန်သုံးနေကျ ဆပ်ပြာမှုန့်ကို သုံးသလို ဒီပလုတ်ကျင်းဆေးကိုလည်း ပုံမှန်သုံးနိုင်ပါတယ်။ ဒီလိုသုံးပေးခြင်းဖြင့် မှိုနှင့် အန္တရယ်ရှိတဲ့ ဘက်တီးရီးယားတွေကို ဖျက်ဆီးပေးပါလိမ့်မယ်။
2. ခြေအိတ်များလျှော်တဲ့အခါ အထူးအိတ်များကို အသုံးပြုပါ။
လူတော်တော်များများဟာ ခြေအိတ်တွေလျှော်ဖွတ်တဲ့အခါမှာ အဝတ်လျှော်စက်ထဲမှာဘဲ ပျောက်ကွယ်သွားတဲ့အခြေအနေတွေ ဖြစ်ကြပါတယ်။ သိပ္ပံပညာရှင် Simon Moore နှင့် Geoff Ellis တို့က ဒီလို နက်နဲတဲ့အရာတွေကို ဖြေရှင်းဖို့နည်းလမ်းတွေကို တီထွင်ထုတ်လုပ်ခဲ့တယ်။ ဒါကြောင့်မို့ အိမ်ရှင်မတွေအနေနဲ့ ဒီလို သေးငယ်တဲ့ အဝတ်အစတွေကို လျှော်ဖို့အတွက် အိတ်ကောင်းကောင်းတွေကို ဝယ်ယူဖို့ အကြံပြုချင်တယ်။ ဒါဟာ ဆုံးရှုံးခဲ့ရတဲ့ အဝတ်များအတွက် ပြဿနာတစ်စုံတစ်ရာ အခက်အခဲမရှိဘဲ ဖြေရှင်းနိုင်ပါလိမ့်မယ်။
3.သင့်ရဲ့အဝတ်တွေဖြူဖွေးစေဖို့ အဝတ်လျှော်စက်ထဲသို့ aspirin ဆေးပြားအနည်းငယ်ထည့်ပါ။
တစ်ချို့လူတွေဟာ အဖြူရောင်အင်္ကျီကို ဝတ်ဆင်ဖို့ ရှောင်ရှားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ မကြာခဏပေါ်လာတတ်တဲ့ အဝါရောင်ချွေးအစွန်းအကွက်တွေကြောင့်ဖြစ်တယ်။ ဒီလိုမျိုးစွန်းထင်းနေတာတွေကို ဖယ်ရှားပေးဖို့ နည်းလမ်းကောင်းတချို့ရှိပါတယ်။ အဝတ်လျှော်စက်ထဲသို့ အက်စပရင်ဆေးပြားကို အများအပြားထည့်လိုက်ပါ။ salicylic အက်စစ်ဓာတ်ပါဝင်တာကြောင့် သင့်ရဲ့အဖြူရောင်အင်္ကျီတွေကို ဖြူဖွေးစေဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။ ဒါဆိုရင် အဝါရောင်အစွန်းအကွက်တွေ ကင်းစင်ပြီး အဖြူရောင်အင်္ကျီလေးတွေကို ရဲရဲဝံ့ဝံ့ဝတ်နိုင်ပြီပေါ့။
4.သင့်ရဲ့အဝတ်အထည်တွေကို အကြာကြီး အခြောက်မခံပါနဲ့။
အဝတ်အထည်တွေအပေါ် အပူသက်ရောက်မှုဒဏ် ဖြစ်လာနိုင်တာကြောင့် လိုအပ်တာထက် ကြာရှည်စွာ အခြောက်လှန်းမယ်ဆိုရင် အဝတ်အစားတွေကို မီးပူတိုက်ရာမှာ အလွန်ခဲယဉ်းလှပါတယ်။ ဒီအတွက်ကြောင့် စိတ်မပူပါနဲ့။ စိုထိုင်းနေတဲ့ အဝတ်တွေကို မီးပူတိုက်ဖို့ လွယ်ကူပါတယ်။ တကယ်လို့ သင့်အဝတ်အစားတွေဟာ တောတော်ကြီး ခြောက်နေမယ်ဆိုရင် ရေအနည်းငယ်ဖြန်းပေးလိုက်ပါ။ ဒါဆိုရင်တော့ အဆင်ပြေသွားပြီပေါ့နော်။
5.အဝတ်အစားတွေ မကျုံ့သွားစေရန် ကလေးခေါင်းလျှော်ရည်သုံးပေးပါ။
ဒါဟာ လူတိုင်းအတွက်တော့ပုံမှန်သုံးနေကျအရာမဟုတ်ပါဘူး။ ဒါပင်မဲ့ ကလေးခေါင်းလျှော်ရည်(သို့) conditioner တွေဟာ ကျုံ့သွားတဲ့ အင်္ကျီတွေကို နဂိုအရွယ်အစား ပြန်ဖြစ်သွားအေင် လုပ်ပေးနိုင်ပါတယ်။ အဝတ်အထည်တွေကို conditioner အနည်းငယ်ထည့်ပြီး ရေနွေးနှင့်အတူ 10မိနစ်15မိနစ်လောက်စိမ်ထားပါ။ ပြီးရင်တော့ အလျားလိုက်လှန်းပြီး ခြောက်သွေ့အောင်ပြုလုပ်ပါ။ ကဲ ခုဆိုရင် သင့်ရဲ့အင်္ကျီမူလအရွယ်အစား ရပြီလေ။
6. သင့်ရဲ့အဝတ်တွေကို အရောင်ပါတဲ့ အင်္ကျီတွေနဲ့မရောပါနဲ့။
အရောင်ပါတဲ့ အင်္ကျီတွေနဲ့မရောပါနဲ့။ ဘာကြောင့်လဲဆိုရင် အထည်တွေဟာ သိပ်သည်းဆမတူညီတာကြောင့်ဖြစ်တယ်။မတူညီတဲ့အဝတ်အထည်တွေကို ဆပ်ပြာမှုန့်နဲ့ ရောပေါင်းပြီး လျှော်တာဟာ အဝတ်အထည်တွေကို ပိုမိုပျက်စီးနိုင်ပါတယ်။ ဒါကြောင့် အခုပြောမယ့်အချက်(၂)ချက်ကိုတော့ သတိပြုသင့်တယ်။
-အဖြူရောင်အဝတ်တွေကို သီးခြားဆေးကြောပေးပါ။
-အရောင်ကွဲပြားတဲ့အဝတ်တွေကို အပူချိန် 85ဒီဂရီ ဖာရင်ဟိုက်ထက် မမြင့်စေပါနဲ့။ အင်္ကျီအရောင်တွေ ကျွတ်ပြီး မွဲသွားပါလိမ့်မယ်။
7. မိတ်ကပ်အစွန်းအထင်းတွေ ဖယ်ရှားရန် shaving cream(မုတ်ဆိတ်ရိတ် ခရင်မ်) ကိုသုံးပါ။
တစ်ခါတစ်ရံမှာ သင့်ရဲ့အင်္ကျီပေါ်မှာ မိတ်ကပ်၊ နှုတ်ခမ်းနီတွေ စွန်းထင်းနေရင် ဒါကို ဖယ်ရှားဖို့ဆိုတာ မလွယ်ပါဘူး။ သို့သော် ဒီလို စွန်းထင်းတဲ့ အရာတွေကို ဖယ်ရှားပစ်နိုင်တဲ့ အရာကတော့ shaving cream ပါပဲ။
8. ချွတ်ရခက်တဲ့ အစွန်းအထင်းတွေကို hair dryer နဲ့ဖယ်ရှားပါ။
ချွတ်ရခက်တဲ့ ဆီ၊ အချိုရည်အကွက်တွေကို စွန်းထင်းနေတဲ့နေရာပေါ်သို့ ဆပ်ပြာမှုန့်အနည်းငယ်ထည့်ပြီးhair dryer နဲ့အပူပေးပါ။ ပြီးရင်တော့ အဝတ်လျှော်စက်ထဲထည့်ပြီး လျှော်ဖွတ်နိုင်ပါပြီ။
9.ညစ်ပတ်နေတဲ့ ခြေအိတ်တွေကို ရေအေးနဲ့လျှော်ဖွတ်ပါ။
ချွေးတွေနဲ့ ညစ်ပတ်နေတဲ့ ခြေအိတ်တွေက ပရိုတိန်းဓာတ်ကို အခြေခံနေတာကြောင့် ခြေအိတ်တွေကို ရေနွေးနဲ့ မလျှော်သင့်ပါဘူး။ ရေအေးနဲ့လျှော်ဖွတ်ခြင်းဟာ အကောင်းဆုံးပါပဲ။
Author:TDA