အဝတ်အစားအသစ် ဝယ်ယူတော့မယ်ဆိုရင် ဘယ်အချက်ကို အဓိကစဉ်းစားပြီး ဝယ်ယူဖြစ်ပါသလဲ။ ဆိုင်မှာတုန်းက သဘောကျပြီး အိမ်မှာပြန်လာမှ ကိုယ်ဝယ်လာတဲ့ အဝတ်အစားတွေမှာ ပြစ်ချက်တစ်ခုခု တွေ့ရင်လည်း ပြန်ပြီး ပြင်လို့မရတော့ပါဘူးနော်။
ဒါကြောင့် ဘာပဲဝယ်ဝယ် သတိထားရမယ့် အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။
၁။ ကိုယ့်ထက်အရမ်းရှည်တဲ့ ဘောင်းဘီထက် ကွက်တိဖြစ်တာကိုဝယ်ပါ။
၂။ ချုပ်ရိုးချုပ်သားကို သေချာကြည့်ပါ။
၃။ ဘောင်းဘီမှာကပ်ထားတဲ့ ဆိုဒ်နံပါတ်ကို မယုံပါနဲ့ ဝတ်ကြည့်ပါ။
၎။ ဈေးချတဲ့ အချိန်ကို စောင့်ပါ။
၅။ မလိုအပ်ပဲ မဝယ်ပါနဲ့ သည်းခံပါ။
၆။ ဈေးပေါတာထက် ဘယ်လောက်ခံမလဲအပေါ်မှာ တန်ဖိုးဖြတ်ပါ။
၇။ ဘာနဲ့ တွဲဝတ်မလဲဆိုတာ အစကတည်းက သေချာစဉ်းစားပါ။
၈။ ဆွယ်တာဝယ်မယ်ဆိုရင် ထိုးထားတဲ့ပုံကို သေချာကြည့်ပါ။
၉။ ဖိနပ်ဝယ်တဲ့အခါ သက်တောင့်သက်သာရှိတာ ရွေးဝယ်ပါ။
Source:my style