ဗိုက်ရွဲနေတဲ့ ယောက်ျားတစ်ယောက်ဟာ ကိုယ့်ဘာသာ ယုံကြည်မှု မရှိတတ်ပါဘူး။ အဲလို လူတွေဟာ အဝတ်အစားပွပွကြီးတွေကို ဝတ်ပြီး သူ့ရဲ့ ခန္ဓာကိုယ်ပုံစံကို ကာကွယ်တတ်ကြပါတယ်။
ဒါပေမယ့် သူတို့မသိတာက အဲလို အဝတ်ပွပွကြီးတွေ ဝတ်တာဟာ သူတို့ဗိုက်ကို ပိုပြီး ရွဲသယောင်တောင် ဖြစ်နေစေတယ် ဆိုတာပါ။ အရမ်းကျပ်တဲ့ အဝတ်အစားတွေ ဝတ်ရင်လဲ ပိုပြီးပိန်ပုံ ပေါက်လာမှာ မဟုတ်ပါဘူး။
ဒါဆိုရင် ယောက်ျားတစ်ယောက်အတွက် အဆင်ပြေစေမယ့် အင်္ကျီပုံစံက ဘယ်လိုလဲ?? မကျပ်မပွ အနေတော်ဝတ်တာက သော့ချက်ပါ။ သင်နဲ့တန်ပြီး ဗိုက်နေရာမှာ အရမ်းမကျပ်တဲ့ အင်္ကျီလိုမျိုးပါ။
စီးပွားရေးလုပ်ငန်းတွေမှာ ဝတ်ဖို့ဆိုရင် မကျပ်မပွ အနေတော် ဘောင်းဘီတွေဝတ်ရမှာပါ။ အနေတောင်ဘောင်းဘီရွေးနည်းကတော့ သင့်တင်ပါးမှာ တင်နေမယ့် ဘောင်းဘီမျိုးကို ရွေးပါ။ ဗိုက်မှာ တင်နေရမှာ မဟုတ်ပါဘူး။ အရှေ့ပိုင်းမှာ အခေါက်တွေပါပြီး တင်းကျပ်နေမယ့် ဟာမျိုးလဲ မရွေးပါနဲ့။
အရေးကြီးဆုံးကတော့ သင့်ရဲ့ ဗိုက်ဟာ ဘောင်းဘီအဝိုင်းထက် ပိုပြီး ကြီးမနေပါစေနဲ့။ လိုအပ်ရင် ဘောင်းဘီ ဆိုဒ်ပိုကြီးတာ ရှာပြီး ခါးပါတ်နဲ့ အနေတော်ဖြစ်အောင် ချိန်ဝတ်ပါ။
အရမ်းကျပ်လွန်း၊ ပွလွန်းတဲ့ ဘောင်းဘီတွေဟာ သင့်ခန္ဓာကိုယ်ကို ပိုပြီး ဝပုံ ပေါက်စေပါတယ်။ သင်နဲ့တော်ပြီး ဗိုက်နေရာမှာ အရမ်းမကျပ်နိုင်တဲ့ ဘောင်းဘီကို အချိန်ပေးပြီး ရှာပါ။ သင့်ကို ပိုပြီး ပိန်ပုံပေါက်စေဖို့ အကြံလေးတွေ ပေးလိုက်ပါမယ်။
– နည်းနည်းလေး ချောင်တဲ့ Denim သားဘောင်းဘီကို ရှာပါ။ Skinny ဘောင်းဘီတွေကို ရှောင်ပါ။
-ပါးပြီး အမှောင်ဘက် အရောင်ရောက်တဲ့ အင်္ကျီတွေကို သုံးပြီး သင့်ဗိုက်ကို ကာနိုင်ပါတယ်။
-လိုအပ်ရင် သင့် ဝမ်းဗိုက်အောက်နားမှာ ခါးပါတ် ပါတ်ထားပါ။ သင့်ဗိုက်က အရမ်းကြီးရွှဲနေတာမဟုတ်ရင် ဒီ Trick လေးက သင့်ကို ပိန်ပုံ ပေါက်စေပါတယ်။
– အမှောင်ရောင်ဘက်ရောက်တဲ့ အဝတ်ပါးတွေကိုသာ ဝတ်ပါ။ အင်္ကျီ ဘောင်းဘီကို အမည်းရောင်ပြေးတွေ ဝတ်ပြီး Jacket ကိုတော့ တခြားအရောင် ဝတ်ပါ။
– ဘေးတိုက် လိုင်းတွေ ပါတဲ့ အင်္ကျီဟာ သင့်ကို ပိုပြီး ဝပုံပေါက်စေပါတယ်။ ဒေါင်လိုက်အစင်းပါတဲ့ အဝတ်အစားတွေ ဝတ်နိုင်ပါတယ်။ လိုင်းတွေ အရမ်းထူမနေဖို့ပဲ ဂရုစိုက်ပါ။
– ပုံ အကြီးကြီးပါတဲ့ တီရှပ်တွေက ပိုပြီး ဝပုံ ပေါက်စေလို့ ရှောင်ရပါမယ်။
-အရမ်းထူတဲ့ ဆွယ်တာ မဝတ်ပါနဲ့။ အမှောင်ရောင် ဆွယ်တာတွေကိုပဲ ဝတ်ပါ။
– တီရှပ်၊ ရှပ်လက်ရှည်တွေကို သင့်ခန္ဓာကိုယ် အချိုးအစားပြောင်းလဲသွားသလို ထင်မှတ်ရအောင် ဝတ်ဆင်နိုင်ပါတယ်။
Source:Gentleman