လူတော်တော်များများအနေနဲ့ ကိုယ်ဝတ်ဆင်လိုက်တဲ့ အဝတ်အစားကြောင့် အများသူတကာ ကြည့်လိုက်ရင် အထင်ကြီး အားကျစရာကောင်းတယ်လို့ ထင်ရအောင် လိုချင်ကြမှန်လို့ ထင်ပါတယ်။ ဒီလိုမျိုး အားကျဖွယ်ကောင်းအောင် ဖြစ်စေဖို့အတွက် မှန်ကန်တဲ့ အဝတ်စားတွေကို ရွေးချယ်ဖို့လည်း လိုအပ်ပါတယ်။
တချို့သောအမှားတွေကို ရှောင်ကြဉ်ပြီး ရိုးရှင်းစွာ သင့်ရဲ့သွင်ပြင်ကို ကြည့်ကောင်းစေမယ့် စမ်းသပ်မှုမျိုးကို ရှာဖွေပါ။ ဘယ်လို အရာတွေက သင့်ကို ခမ်းနားထည်ဝါတဲ့ အသွင်အပြင်ဆောင်မလဲဆိုတာ ကြည့်ရအောင်...
1. Animal print

animal print အဆင်ဒီဇိုင်းနဲ့ ပြုလုပ်ထားတဲ့ အဝတ်အထည်တွေဟာ ဈေးပေါစေတယ်လို့ ထင်စေနိုင်တယ်။ အဲ့ဒီအစား accessories အသေးလေးတွေဖြစ်တဲ့ ပုဝါမျိုးကို ရွေးချယ်ပေးပါ။ ဒါက သင့်ကို ကြည့်ကောင်းစေမှာ အမှန်ပါပဲ။
2. အနက်ရောင်

အနက်ရောင်ကို ရွေးချယ်တဲ့အခါမှာ အရောင်ကာလာစိုပြေမှုကို အဓိကထား ကြည့်ရမှာ ဖြစ်တယ်။ တကယ်လို့ အရောင်မွဲခြောက်ခြောက်ဖြစ်နေရင် သင့်ကို ရုပ်ထွက်လှစေမှာ မဟုတ်ပါဘူး။ ဒါကြောင့် အရောင်စိုတာကို ရွေးချယ်ပေးပါ။
3. အင်္ကျီလည်ပင်းပုံစံ

လည်ပင်းပေါက်ကို အလွန်အကျွံ ဖော်ပြထားတာဟာ တကယ့်ကို ဆိုးရွားပြီး ပုံပျက်ပန်းပျက်ဖြစ်စေတယ်။ သင့်လျော်လိုက်ဖက်တဲ့ လည်ပင်းပုံစံမျိုးကိုဘဲ ရွေးချယ်ဖို့ အကြံပေးချင်တယ်။
4. ဖိနပ်

ဒေါက်မြင့်ဖိနပ်မြင့်မြင့်ကြီးကြီးတွေက အပေါစားဆန်ပြီး သက်တောင့်သက်သာ ရရှိစေမှာ မဟုတ်ပါဘူး။ classic ဆန်တဲ့ ဒီဇိုင်းမျိုးကို ရွေးချယ်ပါ။
5. ဆိုဒ်

အဝတ်အစား ဝယ်ရာမှာ မှန်ကန်တဲ့ ဆိုဒ်မျိုးကို ရွေးချယ်ဖို့ လိုအပ်တယ်။ အကယ်၍ ပွယောင်းယောင်း ဖြစ်နေမယ်ဆိုရင် သင့်ရဲ့သွင်ပြင်လှစေမှာ မဟုတ်ပါဘူး။ ကွက်တိဖြစ်စေမယ့် အဝတ်အစားမျိုးကိုပဲ ဝတ်ဆင်ပါ။
ဖက်ရှင်နဲ့ပတ်သတ်ပြီး ယုံကြည်မှုရှိလာအောင် ပြောင်းလဲသင့်တဲ့အချက်တွေ
6. ဇာအက်ႌ

ဇာတွေ အလွန်အကျွံများပြားခြင်းဟာ ကြည့်လို့မလှပါဘူး။ လိုအပ်တဲ့ နေရာလောက်မှာပါ ရှိနေခြင်းဟာ အကောင်းဆုံးနဲ့ အလှပဆုံးပါပဲ။
7. Brand logo

brand အစစ်မဟုတ်တဲ့ အဝတ်အစားတွေကို မရွေးချယ်ပါနဲ့။ ရိုးရှင်းပြီး logo မပါတဲ့ အင်္ကျီမျိုးကိုပဲ ရွေးချယ်ပါ။
8. အတွင်းခံအဝတ်အစား

အတွင်းခံဝတ်ဆင်တဲ့အခါ အောက်ကို ထိုးဖောက်မြင်နိုင်မယ့် အင်္ကျီမျိုးကို မဝတ်ဆင်သင့်ပါဘူး။ အတွင်းခံကို ဖုံးအုပ်ပေးနိုင်မယ့် အင်္ကျီမျိုးကိုသာ ရွေးချယ်ဝတ်ဆင်ပါနော်။
9. Jewelry

အရွယ်အစားကြီးပြီး ပလတ်စတစ်နဲ့ လုပ်ထားတဲ့ Jewelry တွေဟာ ဈေးပေါတဲ့ပုံပေါက်စေပါတယ်။ ရိုးရှင်းပြီး ကြော့ရှင်းလှပတဲ့ jewelry ကို ဝတ်ဆင်ဖို့ အကြံပြုပါတယ်။
10. အိတ်

အရွယ်ပမာဏကြီးမားပြီး ဝန်လေးစေတဲ့ အိတ်မျိုးကို ရွေးချယ်ဖို့ မသင့်ပါဘူး။ အဲ့ဒီအစား တောာင့်တင်းခိုင်ခံ့တဲ့ အိတ်မျိုးကို ရွေးချယ်နိုင်ပါတယ်။
Author:TDA





