အမျိုးသားတွေရော အမျိုးသမီးတွေရော ကိုယ်ဝတ်ဆင်ရမယ့် ဖိနပ်ပေါ်မူတည်ပြီး ခြေအိတ်ရွေးချယ်ရာမှာ ခြေအိတ်ရဲ့အရှည်၊ အရည်အသွေး နှင့် အမျိုးအစားအရာတွေကို ကြည့်ပြီး ရွေးချယ်သင့်ပါတယ်။
ရွေးချယ်ရာမှာလည်း မှန်ကန်အောင် ရွေးချယ်တတ်ဖို့ လိုပါတယ်။ တကယ်လို့ သင်ဟာ ရွေးချယ်မှုမမှန်ကန်ခဲ့ဘူးဆိုလျှင် ခြေထောက်အသားမာတက်တာတို့၊ အက်ကွဲကြောင်းဖြစ်တာတွေ နဲ့ခြေဆီနံတာတွေဖြစ်တတ်ပါတယ်။ဒါကြောင့်ခြေအိတ်တွေကို ဘယ်လို မှန်ကန်အောင် ရွေးချယ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
1.Ankle Length Socks

တကယ်လို့ သင်ဟာ သားရေဖိနပ်လိုမျိုးပါးတဲ့ ရှုးဖိနပ်စီးတဲ့အခါ၊ နေ့စဉ်စီးလေ့ရှိတဲ့ ရှုးဖိနပ်တွေစီးတဲ့အခါ ဒါမှမဟုတ် အားကစားလုပ်တဲ့အခါမှာ ဝတ်လို့အဆင်ပြေစေရုံသာမက သင့်ရဲ့ခြေထောက်ကိုလည်း မနာကျင်အောင် ကာကွယ်ပေးမှာပါ။ အမျိုးသားရော အမျိုးသမီးရော ဝတ်ဆင်လို့ရပါတယ်။
2.Quarter Length Socks

quarter length sock တွေဟာ သင့်ရဲ့ခြေကျင်းဝတ် အထက်ထိ ဝတ်ဆင်ရပြီးတော့ ခြေထောက်နောက်ကျော မှာဖြစ်တဲ့ အရည်ကြည်ဖုဖြစ်တာနဲ့ ဖိနပ်ပေါက်တဲ့ဒဏ်ကနေ အကောင်းဆုံး ကာကွယ်ဖုံးအုပ်ပေးမှာပါ။ အမျိုးသားတွေ အနေနဲ့ ပွဲအခမ်းနားတွေ သို့မဟုတ် ပုံမှန်ထသွားထလာ သွားတဲ့အခါတွေမှာ ဝတ်ဆင်လို့ရပါတယ်။ အမျိုးသမီးတွေ အတွက်ကတော့ ကိုယ်လက်လှုပ်ရှားတဲ့အခါမှာ အားကစားဖိနပ်နှင့်အတူ ဝတ်ဆင်နိုင်ပါတယ်။
3.Crew Length Socks

crew length ခြေအိတ်တွေကို ဆောင်းရာသီ နှင့် တောင်တက်တာတို့ ပြေးတဲ့အခါတွေမှာလိုမျိုး ကိုယ်လက်လှုပ်ရှားကစားတဲ့အခါ ဝတ်ဆင်နိုင်ပါတယ်။ အလျားအရှည်က ၆လက်မကနေ ၈လက်မထိ ရှိပါတယ်။ ကောင်းမွန်တဲ့ ကာကွယ်မှုတွေကို ပေးစွမ်းနိုင်မှာပါ။ အမျိုးသားရော အမျိုးသမီးပါ ဝတ်ဆင်နိုင်ပါတယ်။
4.Mid-Calf Length Socks

mild-calf length ခြေအိတ်ကိုတော့ အများအားဖြင့်သိုးမွေးနဲ့ ပြုလုပ်ထားပြီး ဆောင်းရာသီလိုမျိုးမှာ သင့်ရဲ့ခြေထောက်တွေကို နွေးထွေးမှုပေးစေမှာ အမှန်ပါပဲ။ ပေါ့ပေါ့ပါးပါးပါး သွားတဲ့အခါနဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့ အခါတွေမှာလည်း အမျိုးသားရော အမျိုးသမီးပါ ဝတ်ဆင်အသုံးပြုနိုင်ပါတယ်။
5.Calf Length Socks

calf length ကသင့်ရဲ့ခြေထောက်မှာရှိတဲ့ ကြွက်သားတွေကို ဖုံးအုပ်ပေးပြီး ဒူးခေါင်းအထက်ဝတ်ဆင်ရတဲ့ ခြေအိတ်ဖြစ်ပါတယ်။ အထူးသဖြင့် အားကစားသမားတွေ ဝတ်ဆင်ကျပြီး နာကျင်မှုကို ကာကွယ်ပေးနိုင်မှာပါ။ အမျိုးသားတွေ အများဆုံးဝတ်ဆင်ကျပါတယ်။
6.Knee Length Socks

knee length sock ကိုတော့ အမျိုးသမီးတွေ ဆောင်းရာသီကာလမှာ များသောအားဖြင့် boot နဲ့အတူ တွဲဖက် ဝတ်ဆင်လေ့ရှိတယ်။ သက်တောင့်သက်သာရှိပြီး သင့်ရဲ့ခြေထောက်ကို နွေးထွေးမှုပေးစေမှာပါ။ လေယာဉ်မောင်းတဲ့အခါ နှင့် စက်မှုလုပ်ငန်းတွေမှာ ယူနီဖောင်းဝတ်စုံတွေနဲ့ အတူ ဝတ်ဆင်ကျပါတယ်။ အမျိုးသားရော အမျိုးသမီးရော ဝတ်ဆင်လို့ရပါတယ်။
7.Thigh High Socks

ဒီခြေအိတ်ကတော့ ဒူးခေါင်းအထက်ထိ ဝတ်ဆင်ရတာပါ။ အမျိုးသမီးတွေအနေနဲ့ စကပ်လေးတွေနဲ့ တွဲဖက်ဝတ်ဆင်မယ်ဆိုရင် ပိုပြီးလှပသွားမှာပါ။ ပိုပြီးဖက်ရှင်ကျအောင် ထွင်ချင်ရင်တော့ ဒီဇိုင်းဆန်းဆန်းခြေအိတ်တွေကို ရွေးချယ်နိုင်ပါတယ်။ ဒီလိုမျိုး ခြေအိတ်ရှည်တွေကို ဒူးခေါင်းလောက်ရှိတဲ့ စကပ်နဲ့ ပထဆုံးဝတ်ဆင်ခဲ့ကျတဲ့သူတွေဟာ စကော့တလန်လူမျိုးတွေဖြစ်ပါတယ်။ အားကစားဖိနပ်တွေနဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။
8.Slip-On Paddings

slip on တွေဟာ ပါးလွှာပြီးတော့ ရှုးဖိနပ်အပါးလေးတွေ ဒါမှမဟုတ် ဘဲလေးအက ကရာမှာလည်း ဝတ်ဆင်နိုင်ပါတယ်။ ခြေအိတ်ဝတ်ထားမှန်းမသိလောက်အောင် ပေါ့ပါးပြီး သက်တောင့်သက်သာ ရှိတဲ့ sock တစ်ခုပါပဲ။ ဖိနပ်ပေါက်တဲ့ဒဏ်ကို ကာကွယ်ပေးပြီး အလွယ်တကူ ဝတ်ဆင်လို့ရပြီး အသုံးတည့်တဲ့ ခြေအိတ်ဖြစ်ပါတယ်။
အခုခြေအိတ်အကြောင်းလေးတွေလဲ စုံစုံလင်လင် ပြောပြပေးပီးပြီ ဆိုတော့ ဘယ်လိုဖိနပ်လေးတွေနဲ့ တွဲဖက်ဝတ်ဆင်ရမလဲဆိုတာကို သိသွားပြီပေါ့နော်။
TDA





