ဖိနပ်ကလူတစ်ယောက်အတွက် ဒုတိယအရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ နေ့စဉ်သွားလာနေရတဲ့အချိန်မှာ ဖိနပ်စီးရတာပေါ့ပါးပြီး ခန္ဓာကိုယ်နဲ့တစ်သားတည်းဖြစ်နေမှ သွက်လက်ပေါ့ပါးနေမှာပါ။
ဖိနပ်ကို ရွေးချယ်တဲ့အခါလည်း ကိုယ့်နေ့စဉ်ဘဝနဲ့လိုက်ဖက်မယ့် ပုံစံမျိုးကိုရွေးချယ်သင့်ပါတယ်။ ခေတ်ရေစီးကြောင်းအတိုင်း အမီလိုက်နိုင်ဖို့ဆိုတာလည်းမဖြစ်နိုင်တော့ နေ့စဉ်သွားရလာရတဲ့အခါ စီးရတာလည်း အဆင်ပြေမယ် ဈေးနှုန်းအနေနဲ့လည်း အသင့်အတင့်ရှိမယ့်ပုံစံမျိုးလေးတွေ ရှာပြီးဝယ်ဝတ်သင့်ပါတယ်။ ခက်ခက်ခဲခဲ စဉ်းစားနေစရာမလိုဘဲ ဘယ်အဝတ်အစားနဲ့ဆို လိုက်ဖက်မယ့် ဖိနပ်ပုံစံ ၄မျိုး ကိုဖော်ပြပေးလိုက်ပါတယ်။
၁။ Pencil Heel/ Lady Shoe

Pencil Heel က မိန်းကလေးတော်တော်များများနဲ့ လိုက်ဖက်သလို မြန်မာထမီ၊ စကတ် နဲ့ ဘောင်းဘီတို့လို ပုံစံအားလုံးနဲ့ လိုက်ဖက်လွန်းလှပါတယ်။ အမြင့်ကတော့ အစားစားရှိပါတယ်နော်။ ၂လက်မစ ပြီး ၄လက်မခွဲအထိ ဒေါက်ဖိနပ်အမြင့်တွေအစားစားပဲနော်။ အရောင်အနေနဲ့ဆိုရင်တော့ အသားရောင်၊ အမည်းရောင်၊ ပန်းရောင် နဲ့ အနီရောင်လေးတွေကတော့ ပျိုမေတို့အကြိုက်များတဲ့ အရောင်လေးတွေပါ။ အမည်းနဲ့ အသားရောင်လေးတွေကတော့ အကျီင်္အရောင် မရွေးပါဘူး။
၂။ Flat Lady Shoe

လေဒီရှူး ဖိနပ်အပါးလေးတွေက သက်သောင့်သက်သာလည်းရှိတယ်။ စကတ်၊ ထမီ နဲ့ ဘောင်းဘီတို့နဲ့လည်း လိုက်ဖက်တယ်။ ပုံစံမျိုးစုံရှိပြီး အရောင်မျိုးစုံနဲ့ ဒီဇိုင်းမျိုးစုံရှိတော့ ကိုယ်ဝတ်မယ့် အကျီင်္ဒီဇိုင်းအပေါ်မူတည်ပြီး ကြိုက်သလိုရွေးချယ်လို့ရပါတယ်။ မိုးတွင်းလည်းအစီးခံအောင် ထုတ်လေ့ရှိတဲ့ ဒီဇိုင်းလေးတွေတောင်ရှိသေးတော့ ရာသီဥတုလည်းမရွေးတော့ဘူးပေါ့။
၃။ Strappy Sandal

Strappy Sandal ကတော့ ကြိုးသိုင်းဖိနပ်အပါးဖြစ်တဲ့အတွက် စီးတဲ့အခါ ရိုးရိုးကြီးနဲ့ ပုံတုံးကြီးလည်းဖြစ်မနေတော့ဘူး။ မိန်းကလေးဆန်ဆန်နဲ့ လှလည်းလှတယ်။ အဝတ်အစားတိုင်းနဲ့လည်း လိုက်ဖက်တယ်။ ထမီနဲ့ တွဲဝတ်မယ်ဆိုရင်တော့ ဖိနပ်နဲ့ ထမီအနားနဲ့ မငြိအောင် သတိတော့ထားပေးနော်။ ကြိုးသိုင်းဖိနပ်လည်းဖြစ်တော့ ဖိနပ်လွယ်လွယ်ကူကူပြတ်မှာကိုလည်းစိတ်ပူနေစရာမလိုတော့ဘူးပေါ့။
၎။ Block Heel

Block Heel က ဒေါက်အထူပုံစံလေးနဲ့လာတာပါ။ Block Heel လေးက မိန်းကလေးတိုင်းနဲ့ လိုက်ဖက်တယ်နော့်။ သူက ဒေါက်အချွန်တွေလိုမျိုးလည်း ခြေဖနောင့်နာတာမျိုးလည်းမရှိဘူး။ ဒေါက်ပါတယ်ဆိုပေမယ့် သက်သောင့်သက်သာရှိတယ်။ ချောလဲမှာလည်းမပူရဘူး။ အဝတ်အစားလည်းမရွေးဘူး။ Block Heel မှာက ပန်းပုံလေးတွေ Handmade ထိုးထားတဲ့ ဒီဇိုင်းလေးတွေလည်း ရှိပါတယ်။ Block Heel က 2017 မှာ Trend ဖြစ်လာတဲ့ ဒီဇိုင်းဆိုလည်း မမှားပါဘူး။
ကဲ…ပြောပြခဲ့တဲ့ ဖိနပ်ပုံစံ (၄)မျိုးလုံးက မမတို့ ညီမလေးတို့ရဲ့ ခြေထောက်ကို မနာကျင်စေမယ့်ပုံစံလေးတွေအပြင် ဝတ်လိုက်ရင် သက်သောင့်သက်သာဖြစ်စေမယ့်ပုံစံမျိုးလေးတွေရော ပြောပြပေးထားတဲ့အတွက် အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်။
Source:Akhayar
			    
					
		  	



