မိန်းကလေးတွေနေ့စဉ်နေ့တိုင်းကြုံတွေ့နေရတဲ့ပြဿနာတွေထဲမှာ ဘယ်လိုအဝတ်အစားမျိုးဝတ်ရမလဲဆိုပြီးစဉ်းစားရတာလည်း
အလုပ်တစ်ခုပါဘဲ။အပြင်သွားခါနီး အဝတ်ဗီရိုရှေ့မှာ အချိန် တော်တော်ကြာကြာကုန်သွားလောက်အောင်ကိုအဝတ်အစား
တွေရွေးနေရတာကလည်း မိန်းကလေးတွေရဲ့ပြဿနာတစ်ခုပါဘဲ။
ဒီတော့အချိန်အကြာကြီးပေးစရာမလိုတော့အောင်လို့ Fashion Tips လေးတွေကို ပြောပြပေးပါမယ်။
ဒါကတော့ဘယ်တော့မှရိုးမသွားအောင်တဲ့ဂျင်းစတိုင်ကိုမှလူတိုင်းနဲ့လိုက်ဖက်မယ့်ဒီဇိုင်းလေ တွေကို ဖော်ပြလိုက်ပါတယ်။
၁.Charnbray Shirt
အဖြူရောင်ဂျင်းဘောင်းဘီလေးနဲ့ Charnbray Shirt လေးနဲ့ဆိုရင်လည်းအလိုက်ဖက်ဆုံးဖက်ရှင်တစ်ခုပါဘဲ။အဖြူရောင်ကဘယ်ရောင်နဲ့မဆိုလိုက်ဖက်တယ်ဆိုပေမယ့်အပြာရောင်လေးရှပ်အင်္ကျီလေးနဲ့ဆိုရင်တော့တကယ်ကို
လိုက်ဖက်တဲ့အရောင်းလေးပါဘဲ။သင့်မှာဂျင်းဘောင်းဘီအဖြူရောင်လေးရှိတယ်ဆိုရင်တော့အပေါ်အင်္ကျီ ကိုရှပ်အင်္ကျီအပြာရောင်းလေးဝတ်သင့်ပါတယ်။
၂.Off-Shouler Top
ဂျင်းဘောင်းဘီအဖြူရောင်ကိုမှ အပြဲဒီဇိုင်းမျိုးဆိုရင်တော့ ချစ်စရာကောင်းပြီးစတိုင်လည်းကျတဲ့ Off-Shoulder လေးကိုဝတ်ဆင်လို့ရပါတယ်။OffShoulderနဲ့ဂျင်းဘောင်းဘီကလည်းလိုက်ဖက်တဲ့ဖက်ရှင်တစ်ခုပါဘဲ။
ဒီလိုမျိုးလေးဝတ်ပြီရင်တော့ အင်္ကျီနဲ့လိုက်ဖက်မယ့်Accesspriesလေးတွေနဲတွဲဝတ်လိုက်မယ်ဆိုရင်တော့ တကယ်ကိုလှပတဲ့ကောင်းမလေးတစ်ယောက်ဖြစ်သွားစေမှာပါ။
၃.Tied-Up Shirt
အဖြူရောင်ဂျင်းဘောင်းဘီဆိုတာကဖက်ရှင်ရေစီးကြောင်းထဲမှာဆိုရင်တော့ဘယ်တော့မှရိုးအီးမသွားဘဲ အမြဲတမ်းဆန်းသစ်နေတဲ့ဖက်ရှင်တစ်ခုပါဘဲ။အဖြူရောင်ဂျင်းဘောင်းဘီလေးနဲ့ပေါ့ပါးပါးစတိုင်းမျိုးလေးဝတ်ချင်တ.်ဆိုရင်တော့
ရှပ်အင်္ကျီအစင်း(သို့မဟုတ်)ရှပ်အင်္ကျီအကွက်လေးကိုရှေ့လေးကို စည်းထားတဲ့ပုံစံလေးနဲ့ဝတ်မယ်ဆိုရင်တော့အထာကျကျနဲ့လှနေမဲ့ စတိုင်လေးပေါ့။ ဒီလိုမျိုးဝတ်တက်တဲ့ဒီဇိုင်းလေးကဆိုရင်တော့ဖိနပ်ကို Sneakers လေးစီးပြီးဆံပင်လေကို
ပွယောင်းယောင်းလေးထုံးလိုက်မယ်ဆိုရင်တော့အရမ်းမိုက်တဲ့စတိုင်လေးပဲပေါ့။
၎.Black Top
အရောင်တွေထဲမှာအလိုက်ဖကဆုံးကတော့အဖြူနဲ့အမည်းပါဘဲ။ဒီတော့ဂျင်းဂျင်းဘောင်းဘီအဖြူရောင်လေးဝတ်မယ်ဆိုရင်တော့အပေါ်အင်္ကျီလေးကို အမည်းရောင်းလေနဲ့တစ်ခြားAccessories လေးတွေနဲ့တွဲ
ဝတ်လိုက်မယ်ဆိုရင်တော့မိန်းကလေးဆန်ဆန်ချစ်စရာကောင်းပြီး သပ်သပ်ရပ်ရပ်လေးနဲ့လှပနေမှာဖြစ်ပါတယ်။
၅.Floral Top
အရောင်းလေးတွေနဲ့ ပန်းပွင့်အင်္ကျီလေးကိုဂျင်းဘောင်းဘီ အဖြူရောင်လေးနဲ့ ဝတ်လိုက်မယ်ဆိုရင်တော့မိန်းကလေးဆန်ပြီးလှလှပပနဲ့ ပေါ့ပေါ့ပါးပါးလေးနဲ့ချစ်ဖို့လည်ူကောင်းနေမှာပါ။
Accessories တွေကိုလည်းအများကြီးမဝတ်ဘဲ ရိုးရိုးရှင်းရှင်းလေးဘဲဝတ်ပြီးအိတ်သေးသေးလေးလွယ်လိုက်ရင်တောင်လှသွားမှပါနော်။ဒီလိုဒီဇိုင်မျိုးလေးဆိုရင်နွေရာသီဖက်ရှင်အနေနဲ့လည်းလိုက်ဖက်ပါတယ်။
၆.Crop Top
ခန္ဓာကိုယ်ပိန်ပိန်ပါးပါးကောင်မလေးတွေဆိုရင်တော့ဂျင်းဘောင်းဘီအဖြူရောင်လေးနဲ့ Crop Top လေးနဲ့ဆိုရင်လည်းဖက်ရှင်းကျပြီး စတိုင်ကလည်ူအရမ်ူလန်းတဲ့ကောင်းမလေးဖြစ်သွားမှာပါ။လိုက်ဖက်တဲ့
Accessries လေးနဲ့ဆိုရင်တော့ပိုပြီးပြည့်စုံသွားတာပေါ့။Accessoriesလေးတွထည့်တဲ့အခါမှာလည်းအများကြီးမဟုတ်ဘဲ ဆွဲကြိုးလေးလောက်ဘဲဆိုရင်တောင် ခေတ်ဆန်ဆန်လေးနဲ့ဆွဲဆောင်မှုရှိနေစေမှာပါ။
၇.Striped Top
အဖြူရောင်ဂျင်းဘောင်းဘီကို အပေါ်ကနေ အစင်းပါတဲ့အင်္ကျီလေးနဲ့ဝတ်မယ်ဆိုရင် မျက်လုံးထဲမှာမြင်လိုက်ရင်တောင် တော်တော်ကိုလှပပြီးဆွဲတောင်မှုရှိနေပါပြီး။ ဂျင်းဘောင်းဘီအဖြူရောင်လေးကို
အပေါ်ကနေအဖြူအမည်းအစင်းအင်္ကျီ လေးနဲ့ဝတ်လိုင်မယ်ဆိုရင်တော့ရိုးရိုးလေးဆိုပေမယ့်လည်းဒီလိုအဝတ်အစားမျိုးနဲ့ဆိုရင်လူကြားထဲမှာတောင် ထင်ရှားနေမှာဖြစ်ပါတယ်။