ဒီနှစ်ရဲ့ ဖက်ရှင်မှာ နေ့တိုင်းက Demin တွေပဲ ဝတ်ရလောက်အောင် ခေတ်စားလာမှာဆိုတော့ ဖက်ရှင်ချစ်သူတို့ အခုကတည်းကနေ ဂျင်းဝတ်စုံတွေ စုထားလိုက်တော့နော်။
သက္ကရာဇ် ၂၀၀၀ ခုနှစ်ဝန်းကျင်က နှစ်တွေမှာ ကိုယ်တွေ Dark Denim တွေ အနားလိုင်းအစင်းတွေပါတဲ့ ဂျင်း ဒီဇိုင်းတွေ အလွန်အကျုး ဝတ်ဆင်ခဲ့ကြတာ မှတ်မိကြမှာပေါ့။ ဒီနေ့တွေမှာ တော့ Tom Ford ၊ Versus ၊ Nina Ricci စတဲ့ ကိန်းခမ်းကြီးလှ တဲ့ သူတို့ရဲ့ လျှောက်လမ်းတွေ ပေါ်မှာ တောက်ပပြီး သိပ်လှတဲ့ ဂျင်းတွေဟာ ပြန်ပြီး အသက်ဝင်လာပါတယ်လေ။ ကိုယ်တွေဟာ ဒီလို ဒီဇိုင်နာ Brand တွေရဲ့ လျှောက်လမ်းတွေပေါ်မှာ Denim တွေကို ပြန်လည် တွေ့ရမယ်လို့ ဘယ်တွေ့မှ မတွေးထင်ခဲ့ဘူးလေ။ ပြီးတော့ အဲဒီ ဒီဇိုင်းတွေက သိပ်ကို လှပနေမယ်လို့လည်း မမျှော်လင့်ခဲ့မိဘူးပေါ့။ အခုတော့ ဒီဇိုင်နာတွေရဲ့ တင်ဆက်မှုတွေကို အခြေခံပြီး ကိုယ်ပိုင်ဂျင်းဖက်ရှင်တွေကို ဆန်းသစ်ဖို့ သူတို့ရဲ့ လက်ရာတွေကို လေ့လာလိုက်ရအောင်နော်။
Softness in Dark Denim
Zadig & Voltaire ရဲ့ ခပ်မှောင်မှောင် အရောင်ရှိတဲ့ Denim Shirt Dress ကို ဇာတွေနဲ့ တွဲဖက် ဒီဇိုင်းဆင်ထားတော့ ခပ်ကြမ်းကြမ်း ဂျင်းရဲ့ သဘာဝမှာ သိမ်မွေ့မှုနဲ့ အလှတရားကို ပေါင်းစပ်ထားတဲ့ အတွက် ဆန်းသစ်တဲ့ အမြင်နဲ့ သိပ်ကို မိုက်တဲ့ ဖက်ရှင်တစ်ခုကို ရမှာပါ။
Jonathan Simkhai ရဲ့ Lace Top နဲ့ ဂျင်းဘောင်းဘီ ခပ်ပွပွကို တင်ဆင်ထားသည်မှာ Street Style ကြိုက်တဲ့ ကောင်မလေးတွေအတွက်တော့ သိပ်ကို ကွက်တိကျလွန်းတယ်လေ။
Denim with Floral Print
Floral Print တွေကို Denim တွေအပေါ်မှာ ဒီဇိုင်းလုပ်ထားတဲ့ Adam Selman ရဲ့ ဂျင်းဝတ်စုံလိုမျိုး ဝတ်ဆင်မယ်ဆိုရင်တော့ နုပျိုပြီး အထာကျတဲ့ Fashion Girl တစ်ယောက်ဖြစ်သွားမှာ အမှန်ပဲနော်။
Denim Suiting
ဖက်ရှင်ဂုရုကြီး Tom Ford ကတော့ Suite တွေထုတ်လုပ်ဖို့ အသားစတွေ မရှိတော့ဘူးလား ဆိုပြီးတော့ မေးခွန်းထုတ်စရာကောင်းလောက်အောင်ပဲ ဒီနှစ်မှာ သိပ်ကို မိုက်တဲ့ ဂျင်းအသားနဲ့ ချုပ်လုပ်ထားတဲ့ Suite တစ်ခုကို တင်ဆက်ပြသသွားတာကို အားလုံးပဲ မြင်တွေရမှာပါ။
Selvedge Denim
လိုင်းအစင်းတွေအများကြီး ဖော်ပြ ဒီဇိုင်းထွင်ထားတဲ့ Selvedge Denim ဝတ်စုံတွေရဲ့ ထူးခြားလှပလွန်းတဲ့ လက်ရာတွေကို Kenzo ၊ Mugler ၊ Nina Ricci တို့ရဲ့ လျှောက်လမ်းပေါ်မှာတွေ့ရမှာပါ။ Fashion Girl တွေအတွက် တော့ ဒီနှစ်နွေရာသီဝတ်စုံမှာ Selvedge Denim တွေကို ထပ်ပေါင်းဖို့လိုတာ အမှန်ပဲနော်။
Denim Dress
Fendi Denim Dress ကတော့ Design Detail တွေအများကြီး နဲ့ သိပ်ကိုမိုက်နေပြီး ဒီနှစ်နွေရာသီမှာ ဖက်ရှင်ချစ်သူတွေ ကိုယ်ပေါ်မှာ အဲဒီလို ဝတ်စုံတွေကို မြင်တွေ့ရတော့မှာဆိုတာ အသေအချာပဲနော်။
source:moda magazine