What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမျိုးသမီးတွေ ဂျင်းအကျပ်ကို ဘာလို့ ကြိုက်တာလဲ

မေးခွန်းက အမျိုးသမီး ကြီးငယ်မဟူ အကုန်လုံးကို သိမ်းကျုံးပြီး မေးထားခြင်း ဖြစ်နေသည်။ အကယ်စင်စစ် သူ့အကြိုက်နှင့်သူသာ ဖြစ်သည်။

ဂျင်းအကျပ်ကို ကြိုက်သည်၊ ဂျင်းအပွကိုကြိုက်သည် ဆိုသည်ထက် ၀တ်ဆင်ပြီး သွားလာလှုပ်ရှားသည့်အခါ အဆင်ပြေပြီး သက်သောင့်သက်သာ ရှိသည်ကိုသာ ကြိုက်ကြခြင်း ဖြစ်သည်။ ၀တ်ဆင်ပြီးသောအခါ ကြည့်ကောင်းနေဖို့ လိုသည်။ ကိုယ်ဝတ်ထားသည့် အ၀တ်အစားကို စိတ်ချလက်ချ ရှိနေဖို့ လိုသည်။ သို့ဖြစ်ရာ ဂျင်းအကျပ်အပွသည် တစ်ဦးချင်းစီ၏ သဘောထားအပေါ်သာ မူတည်ပေသည်။


ဖက်ရှင်ကျကျ ၀တ်ဆင်ခြင်း
===============
မိမိ၏ခါး၊ တင်ပါး၊ ပေါင်တံ၊ ခြေတံအရှည် စသည့်အင်္ဂါရပ်များနှင့် ဆီလျော်သည့် အရွယ် size ကိုသာ ၀တ်သင့်သည်။ ပွလွန်းလျှင်လည်း ကြည့်မကောင်း၊ ကျပ်လွန်းလျှင်လည်း သွေးလှည့်ပတ်စီးဆင်းမှုကို ကျပ်စည်းထားသလို ဖြစ်နေသဖြင့် ကျန်းမာရေး ရှုထောင့်မှ မ၀တ်ဆင်သင့်ဟု ဆိုရသည်။ ဆီလျော်သည့် အရွယ် size သည်သာ ဖက်ရှင်ကျကျ ၀တ်ဆင်ခြင်း ဖြစ်သည်။

Size အရွယ်
=======
အမျိုးသမီးတို့၏ စိတ်မှာ Size ကို စွဲလန်းခြင်း ဥပါဒါန် ကိန်းအောင်းနေသည်။ ထိုစွဲလန်းခြင်းကြောင့် ဆီလျော်သည့် Size ထက် ပိုငယ်သော ဂျင်းဘောင်းဘီကို ရွေးချယ်မိစေသည်။ အင်္ကျီ Size ၊ တီရှပ် Size ၊ ဘောင်းဘီ Size စသဖြင့် Size အသီးသီး ရှိနေရာ ထို Size တိုင်းသည့် ကိန်းဂဏန်းတစ်ခုကို အတိအကျ ဖော်ပြပေးနေသည်။ ထိုကိန်းဂဏန်းက ပေါင်ချိန်စက်မှ ပြောပြသည့် ကိုယ်အလေးချိန် ကိန်းဂဏန်းထက် ပိုစိုးမိုးသည်။
Size စွဲလန်းခြင်းက အနိုင်ယူစိုးမိုးထားသော အမျိုးသမီးတစ်ဦးသည် ပိန်လွန်းသူ ဖြစ်ပါက သူ့အတွက် Size ထက် ပိုကြီးသော Size ကို ရွေးချယ်ဝယ်ယူလိုသည်။ ဥပမာ သူနှင့် သင့်တော်သည့်က “size 3” ဆိုပါက “size 4” ကို ရွေးချယ်ရန် လက်က အလိုလို ရောက်သွားမည်ဖြစ်သည်။ ၀သောသူဟု ယူဆခံရသော မိန်းမသားတစ်ဦးသည် သူ့အတွက် size ထက် ပိုငယ်သော size ကို ရွေးချယ်လိုသည်။
ဝတ်ဆင်သည့်အခါ အနည်းငယ်ကျပ်နေသော်လည်း လူးလွန့်ထိုးထည့်ကာ ၀တ်လိုက်မည်။ ငါက ဘယ် size ဟု ပြောပြအသိပေးလိုသော size ကို ၀ယ်မည် ဖြစ်သည်။ ဥပမာ သူ့အတွက် ကျပ်နေသော size 4 ကို ၀တ်ဆင်ပြီး သူက size 4 ဟု ပြောလိုမည် ဖြစ်သည်။ သူသည် size 4 ဟုလည်း စွဲလန်းမှတ်ယူထားမည်ဖြစ်သည်။
ထိုအတိုင်း Size စွဲလန်းခြင်းက သူ့ကို စိုးမိုးထားမည်ဖြစ်သည်။
ဂျင်းဘောင်းဘီရှည်ထဲ ခြေတံက ပြည့်ကျပ်နေသည်မှာလည်း မြင်ရသူတို့အတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်နေစေသည်။ ဂျင်းဘောင်းဘီက အလှကို ကျပ်ထုပ်ပြီး ပုံဖော်ပေး ထားမည်။
Size စွဲလန်းခြင်းက စိုးမိုးထားခြင်းသည့် အပြင်းအပျော့ ကွာခြားသည်။ ယခင်က size 6 စကပ်ကို ၀တ်ဆင်ခဲ့သော အမျိုးသမီးတစ်ဦးသည် ယခု ၎င်း size 6 စကပ်ကို ၀တ်သည့်အခါ ကျပ်နေသဖြင့် မတော်တော့လျှင် သူ့ကိုယ်ခန္ဓာ ခါးတုပ်ပြီး ပုံပျက်နေပြီဟု တုန်လှုပ်မိမည်။ နံပါတ် ၆ နဲ့ မတော်တော့ဘူးဟု စိတ်အနှောက်အယှက်ဖြစ်မည်။ သူသည်လည်း size ၏ စိုးမိုးခြင်းကို ခံထားရသူ ဖြစ်သည်။
ထိုသို့ တုန်လှုပ်သွားသည့်အခါ ခါးတုပ်သွားပြီကို သိသော်လည်း ဘယ်နှလက်မလဲ ဆိုသည်ကို မသိနိုင်ချေ။ သိရသည့် ဂဏန်းမှာ size အရွယ်အစား ဂဏန်းသာ ဖြစ်သည်။ အကယ်၍ စကပ် size ကို လက်မဖြင့် ဖော်ပြမည်ဆိုလျှင် တုန်လှုပ်ခြင်းသည် ပိုကြီးမားသွားလိမ့်မည်။ ထို့ကြောင့်လည်း ဖက်ရှင်တိုက်ကြီးများသည် ၀ယ်ယူသူ ခြောက်ခြားစေခြင်း မရှိစေဖို့ စကပ်ကို ခါးအရွယ်အစား လက်မအတိအကျဖြင့် ဖော်ပြခြင်းအစား size ဂဏန်းကိုသာ အသုံးများကြသည်။

 

jean tight

ဖြေဖျောက်ခြင်း
========
မိမိနှင့် အံကိုက်ဖြစ်သည့် ကိုယ်ကျပ်ဂျင်းဘောင်းဘီရှည်ကို ၀တ်ဆင်သည့်အခါ ကျပ်သွားလျှင် ဖြစ်စေ၊ ပွသွားလျှင်ဖြစ်စေ ကိုယ်ခန္ဓာ အပိန်အ၀ ပြောင်းသွားပြီဟု သိရသည်။ လိုအပ်လျှင် ကာယလေ့ကျင့်ခန်းများ ယူမည်။ အစားအသောက် စားသောက်ပုံကို ပြောင်းလဲမည်။ အိပ်ချိန်ကို ပြောင်းလဲမည်။ ထိုသို့ ဂရုစိုက်ပြီး ပြဿနာကို မကြီးထွားခင် ဖြေဖျောက်ပေးနိုင်သည်။ သို့မှသာ ဂျင်းဘောင်းဘီအကျပ် ၀တ်ဆင်ခြင်းသည် (၁)စတိုင်လ် (၂) သက်သောင့်သက်သာရှိခြင်း (၃) အဆင်ပြေခြင်းတို့ကို ပေးနိုင်သည့်အပြင် (၄)ကိုယ်ခန္ဓာအပိန်အ၀ ပြောင်းသည်ကိုပါ သိနိုင်ပြီး ထိန်းကျောင်းပေးနိုင်မည်ဖြစ်သည်။

ယခုအခါ ဂျင်းအကျပ်များသည် ၀ါဂွမ်းချည်မျှင်များနှင့်အတူ ဆွဲဆန့်ပေးနိုင်သော spandex ချည်မျှင်များကို အနည်းဆုံး ၄% နှင့်အထက် ရောထည့်ပြီး ရက်လုပ်ထားသော ဂျင်းသားကို သုံးထားသည်။ ၀တ်ဆင်သူနှင့် ကျပ်နေလျှင် spandex ပါခြင်းကြောင့် အလိုက်သင့် ချည်ရှည်ဆန့်ပြီး အလော်တော် ဖြစ်စေသည်။

သို့သော် တန်ဆေး လွန်ဘေး ဆိုသည့်အတိုင်း နေ့စဉ် နာရီများများ ၀တ်ဆင်မည်ဆိုပါက ကိုယ်ခန္ဓာဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေသည်။ အရေပြားကိုလည်း ထိခိုက်စေနိုင်သည်ကို သတိချပ်ရမည်။

Source djs

Read 1919 times
Rate this item
(0 votes)