What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကျန်းမာရေးကောင်းမွန်စေရန် အထောက်အကူပြုပေးမယ့် ဖက်ရှင်ပစ္စည်းများ

လွတ်လပ်စွာ ဝတ်စားဆင်ယင်နိုင်ကာ သွက်သွက်လက်လက်လည်း လှုပ်ရှားသွားလာနိုင်မည့် အဝတ်အစားများသည် ယနေ့ဖက်ရှင်လောကမှာ တစ်ခေတ်ဖြစ်နေပါတယ်။

လွတ်လပ်စွာ ဝတ်စားခြင်းက ကျန်းမာရေးနှင့်ပတ်သက်၍ များစွာအထောက်အကူပေးနိုင်သလို ကျစ်လျစ်လှပသော ကိုယ်ခန္ဓာရရှိရန်အတွက်လည်း များစွာအထောက်အကူပြုနိုင်ပါတယ်။ ထိုကဲ့သို့ပင် ကျန်းမာရေးနှင့် သင့်တင့်လျောက်ပတ်မှုရှိသည့် အခြားဖက်ရှင်ပစ္စည်းများထဲကမှ (၁ဝ) မျိုးကို သိထားခြင်းဖြင့် ကြိုတင်ပြင်ဆင်နိုင်စေရန် ဖော်ပြပေးလိုက်ရပါတယ်။

အားကစားရှုးဖိနပ်များ

1
သွက်လက်စွာ လှုပ်ရှားသွားလာနိုင်ရန်အတွက် လိုအပ်သော ဖက်ရှင်ပစ္စည်းများထဲတွင် အားကစားရှုးဖိနပ်များက အပါအဝင်ဖြစ်ပါတယ်။ ထိုရှုးဖိနပ်များစီးခြင်းက သင့်ခြေဖခွက်အား သင့်တင့်လျောက်ပတ်သည့် အထောက်အပံ့ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

ယောဂဘောင်းဘီများ

2
အမျိုးသမီးဝတ် ယောဂဘောင်းဘီများကို ဝတ်ဆင်ခြင်းက အချိန်ပြည့်အပြင်သို့ သွားလာလှုပ်ရှားနေရသူများ အိမ်ပြန်အဝတ်အစားလဲစရာမလိုတော့ဘဲ Gym သို့ တဆက်တည်း သွားရောက်လေ့ကျင့်နိုင်မှာဖြစ်ပါတယ်။ ကိုယ်ခန္ဓာအလှကိုလည်း ပေါ်လွင်စေမှာ ဖြစ်သလို သွေးလေလည်ပတ်မှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

ကိုယ်ခန္ဓာတိုင်းတာမှုလက်ပတ်

3
အချိန်ကိုသာသိရှိရန်မဟုတ်ဘဲ သင့်ခြေလှမ်း၊ အိပ်စက်မှု၊ နှလုံးခုန်နှုန်း စသည်တို့ကိုပါ တိုင်းတာမှတ်သားပေးသည့်အတွက် ကျန်းမာရေးအတွက် အထောက်အကူပြုရုံသာမက ဖက်ရှင်ကျကျလည်း ဝတ်ဆင်နိုင်မှာဖြစ်ပါတယ်။

ခေါင်းစွပ်ဆွယ်တာများ

4
ရာသီဥတုအေးမြသည့်အချိန်များတွင် သွက်သွက်လက်လက်လှုပ်ရှားရသည့် ကိစ္စများကို လုပ်ဆောင်ရမည့်အခါများတွင် ဝတ်ဆင်နိုင်ပါတယ်။

လက်ပြတ်အင်္ကျီများ

5
ထိုအင်္ကျီများသည် ပူအိုက်သောအချိန်များတွင် အေးမြသည့်ခံစားချက်ကို ပေးစွမ်းနိုင်မှာဖြစ်သလို အားကစားလုပ်သည့်အခါမှာလည်း အနှောင့်အယှက်မရှိ လွတ်လပ်စွာ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

လက်ပွေ့အိတ်များ

6
ကြိုးသိုင်းအိတ်၊ ပုခုံးလွယ်အိတ်များကို သယ်ဆောင်မည့်အစား အရွယ်အစားသေးငယ်သည့် လက်ပွေ့အိတ်လေးများကို ပြောင်းလဲကိုင်ဆောင်ခြင်းက သင့်ဇက်၊ အကျောရိုး၊ ပုခုံး အစရှိသည့်တို့အား နာကျင်မှုဖြစ်ပေါ်စေခြင်းမှ သက်သာစေမှာဖြစ်ပါတယ်။

ဖိနပ်အပါးများ

7
ဒေါက်ဖိနပ်များကို စီးသည့်အခါမှာ ကိုယ်အလေးချိန်ညီညာမှုမရှိသည့်အတွက် ပြင်းထန်သည့်ထိခိုက်မှုများကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ထို့ကြောင့် သင့်ကျောရိုးနှင့် ခြေထောက်ကျန်းမာရေးအတွက် ဖိနပ်အပါးများကိုရွေးချယ်ရန် တိုက်တွန်းချင်ပါတယ်။

နေကာဦးထုပ်များ

8
သင့်ဆံသား၊ မျက်လုံးနှင့် အသားအရေတို့ကို ပြင်းထန်သည့် ခရမ်းလွန်ရောင်ခြည်သက်ရောက်မှုမှ ကာကွယ်ပေးနိုင်သည့်အတွက် အပြင်သွားသည့်အခါများတွင် မဖြစ်မနေအသုံးပြုပေးသင့်ပါတယ်။

အပွဒီဇိုင်းဝတ်ဆင်ခြင်း

9
ထိုကဲ့သို့ အပွဒီဇိုင်းဝတ်ဆင်ခြင်းက သင့်အသားအရေကို လေဝင်လေထွက်ကောင်းမွန်စေကာ ချွေးထွက်ဖို့လည်း အခွင့်အလမ်းပေးနိုင်မှာဖြစ်ပါတယ်။

ဆိုဒ်ကြီးနေကာမျက်မှန်များ

10
မျက်လုံးကျန်းမာရေးကို ထိန်းသိမ်းနိုင်ရန် ခရမ်းလွန်ရောင်းခြည်များမှ ကာကွယ်ပေးသည့် နေကာမျက်မှန်များကို တပ်ဆင်ခြင်းက အင်မတန် အထောက်အကူပြုပေးနိုင်ပါတယ်။ ထို့အပြင် ပုံမှန်ဆိုဒ်များထက် အနည်းငယ်ကြီးမားသည့် နေကာမျက်မှန်များက မျက်လုံးကိုသာမက မျက်လုံးတဝိုက်ရှိ နူးညံ့သည့် တစ်သျှူးစများကိုလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

 

Source:my style

Read 1146 times
Rate this item
(1 Vote)