What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်ချစ်သူတိုင်း သိထားသင့်တဲ့ K- Fashion Brand များ

Korea ရဲ့ Fashion ဟာ ကျွန်မတို့ အပေါ် လွန်ခဲ့တဲ့ နှစ်တွေတည်းက လွှမ်းမိုးနိုင်ခဲ့ပါတယ်။ဒီဘက်နှစ်ပိုင်းတွေမှာဆိုရင်လည်း Korea Fashion Week တို့၊Celebrities Fashion တွေတို့ကနေ ကျွန်မတို့ မြင်တွေ့ရမှာက High-Ended and Classic ဖြစ်လွန်းတဲ့ Fashion တွေထက် လူငယ်ဆန်ဆန် Hype ဖြစ်တဲ့ Fashion တွေပါ။

နောက်ပိုင်းမှာဆို လူငယ်တွေတော်တော်များများက Street Fashion ကိုပဲ အသားပေး ၀တ်လာကြပြီးတော့ Supreme တို့၊Off-White တို့၊KITH တို့လို Brand တွေဘက် လူစိတ်ဝင်စားများလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မကတော့ ဒီလို လူတိုင်းဝတ်နေကျ Brand တွေထက်စာရင် လူသိပ်မသိသေးတဲ့ Brandတွေဝတ်ပြီး မတူတဲ့ ဖက်ရှင် ဖန်တီးလိုက်တာ ပိုအထာကျမှာလို့ တွေးမိပါတယ်။ဒီအတွက် အရင်ဆုံး ပြေးမြင်မိတာက Korea Fashion Brand တွေပါ။
လတ်တလောမှာလည်း ရေစီးကြောင်းမှာ လူငယ်တွေ စိတ်ဝင်စားမှု အများဆုံးက Korea Fashion လည်း ဖြစ်နေတော့ Korea Celebrities တွေကြားမှာလည်း နာမည်ရပြီး သိထားသင့်တဲ့ K-Fashion Brand တွေအကြောင်း ဖော်ပြပေးလိုက်ရပါတယ်။
KYE

aKye2
KYE (Kah-ee လို့ အသံထွက်ရတဲ့)ရဲ့ ပဲ့ကိုင်ရှင်က Kathleen Kye ဖြစ်ပြီးတော့ သူမဟာ London’s Central Saint Martins မှာ ပညာသင်ယူခဲ့တာပါ။သူမရဲ့ ပထမခြေလှမ်းဖြစ်တဲ့ Menswear တွေကို ၂၀၁၁ မှာ စတင်ခဲ့ပြီးတော့ ငယ်ရွယ်ပြီး အထာကျတဲ့ သူ့လက်ရာစတိုင်လ်တွေဟာ အမေရိကန်နဲ့ ကိုရီးယား ဂီတလောကမှာ နာမည်ကျော်ပါတယ်။KYE ကို အားပေးကြတဲ့ Cele တွေကို ပြောရမယ်ဆိုရင် Rihanna ,2NE1,Rita Ora နဲ့ G-Dragon တို့လို ဒိတ်ဒိတ်ကြဲ ဆယ်လီတွေ ပါဝင်ပါတယ်။KYE ရဲ့ collection တွေဟာဆိုရင် New York Fashion Week မှာလည်း လူသိများပြီး ပုံမှန် Lifestyle မှာလည်း လူတိုင်းဝတ်ဆင်လို့ရတဲ့ ပုံစံတွေဖြစ်ပါတယ်။Bold ဖြစ်ပြီးTrendy Pieces တွေပါဝင်တာ၊အထာကျပြီး Badass Look တွေကို ပြောင်းလဲဖန်တီးလို့ ရနိုင်တာ KYE ရဲ့ ပုံစံသင်္ကေတလို့တောင် ဆိုနိုင်ပါတယ်။
Hyein Seo

aHS5
တကယ်လို့ Rihanna ရဲ့ စတိုင်လ်တွေကို အမြဲသတိထားမိနေတဲ့သူဆိုရင်တော့ Hyein Seo ကို သိနေမှာပါ။သူမက Royal Academy of Fine Arts in Antwerp မှာ ပညာသင်ကြားခဲ့တာဖြစ်ပြီးတော့ ၂၀၁၄ မှာတုန်းက ပွဲဦးထွက်အနေနဲ့ New York Fashion Week မှာ ပါဝင်ခဲ့ပါတယ်။အဲဒီနောက် ရက်သတ္တပတ်အကြာမှာတော့ RiRi တစ်ယောက် သူမရဲ့ “Fear” စကားလုံးပါတဲ့ အဖြူရောင်
သားမွှေးပ၀ါကို ၀တ်ဆင်လာတာ တွေ့ခဲ့ရပါတယ်။အဲဒီနောက်ပိုင်းမှာတော့ Rihanna ရဲ့ Fashion တွေမှာ Hyein Seo က မပါမဖြစ် ဖြစ်လာခဲ့ပါတယ်။RiRi ရဲ့ အထာနဲ့ သူ့ရဲ့ဒီဇိုင်းတွေက ကွက်တိကျသလို CL တို့ GD တို့လို K Fashion ဂုရုကြီးတွေတောင် Hyein Seo ကို ၀တ်ဆင်တာ တမြင်ရမှာလည်း ဖြစ်ပါတယ်။သူမရဲ့ Collections တွေထဲမှာဆိုရင် ပြန်ပြီး ဒီဇိုင်းထွင်ထားတဲ့ miniskirt အကွက်တွေ၊ဖာထေးထားအကွက်ဒီဇိုင်းတွေနဲ့ Bomber Jacketsတွေ၊Tee ခပ်မိုက်မိုက်တွေနဲ့ Street Style ဘက်ကို အသားပေးတဲ့ Pieces တွေပါဝင်ပါတယ်။
Flemaadonna

aflemma4
ဒီ Brand ကတော့ Runway ပေါ်က Trendy Pieces တွေကို ရနိုင်မှာဖြစ်သလို Flemaadonnaကို ၀တ်ဆင်တဲ့ကောင်မလေးတစ်ယောက်ဟာ အရောင်အသစ်အဆန်းတွေနဲ့ ဖက်ရှင်အသစ်အဆန်းတွေကို ဆန်းဖို့ ဘယ်တော့မှ ကြောက်မနေတဲ့တစ်စုံတစ်ယောက်ဖြစ်တယ်ဆိုတာ ရည်ညွှန်းတယ်လို့ ဆိုထားတဲ့အတွက် အထာကျကျ မိုက်နေချင်တဲ့သူတွေ ရွေးသင့်တဲ့ Brand ပါ။မိန်းမဆန်ဆန် Pieces တွေလည်းရှိသလို Street မှာလည်း ပြန်ပေါင်းစပ်လို့ရတာလေးတွေရှိလို့ အတွဲအစပ်မိုက်မိုက်လေးတွေ လုပ်ချင်တဲ့သူတွေ သဘောကျမယ့် Brand လည်း ဖြစ်ပါတယ်။
ROCKET X LUNCH

arocket
ROCKET X LUNCH ကတော့ တကူးတက အားစိုက်ထုတ်စရာမလိုဘဲ အထာကျမှုရှိနေဖို့ရဲ့ စံနမူနာဖြစ်ပြီးသူတို့ရဲ့ လိုဂိုကို ဒီဇိုင်းမှာ ထည်သွင်းပေါင်းစပ်ခြင်းမရှိတဲ့ K Brand တွေထဲက တစ်ခုဖြစ်ပါတယ်။Brand Logo ထင်ထင်ရှားရှားကြီး ပါတာမျိုး မကြိုက်တဲ့သူတွေအတွက်တော့ တော်တော်လေး အဆင်ပြေပါတယ်။သူ့ရဲ့ Collection မှာဆိုရင် ရွေးချယ်စရာတွေများပြားပြီး Layered Tee တွေကစလို့ Leather Jacket တွေ၊ခပ်ပွပွ Oversized Shirt တွေနဲ့ ချုပ်ရိုးချုပ်သား သေသပ်တဲ့ Pant တွေအဆုံး ရေစီးကြောင်းနဲ့အညီ ခေတ်စားနေတဲ့ ဖက်ရှင်တွေကို ရနိုင်မယ့် Brand ပါ။
Charm's

acharm5
ကိုရီးယားမှာတော့ စုံတွဲတွေ ခေါင်းစခြေဆုံး ဆင်တူ ၀တ်ကြတဲ့ ဖက်ရှင်ဟာ သမားရိုးကျလိုပါပဲ။Charm’s က ဒီ Aesthetic ကို ယူထားတာဖြစ်ပြီး Match ဖြစ်တဲ့ Puffer Jacket တွေ၊လိုဂိုပါတဲ့ တီရှပ်တွေကနေ IPh Case တွေကို ထုတ်တာပါ။Bold ဖြစ်ပြီး Grunge Chic ကိုနှစ်သက်တဲ့ သူတွေအတွက်ကတော့ Charm’s က တကယ်ကို ရွေးချယ်ချင်စရာဖြစ်ပါတယ်။ဒီ Brand ဟာ Urban Streetwear Style လည်း ဖြစ်တာမို့ Kpop လောကမှာလည်း နေရာရတဲ့အပြင် Boyband “Shinee”၊Streetstyle မှာသူမတူတဲ့ ဘုရင်မ Irene Kim တို့နဲ့ ၉၀ ခုနှစ်များဆီ Inspired လုပ်ထားတဲ့ Sportswear Capsule မှာ အတူလက်တွဲခဲ့ပါသေးတယ်။
Nohant

anohant
Nohant (NO-AHNGလို့ အသံထွက်ရတဲ့)ဒီ Brand ဟာ designer Noah Nam ရဲ့ တီထွင်မှုလက်ရာဖြစ်ပြီးတော့ Noah ဟာ French Style ကနေ Inspired လုပ်သူတစ်ယောက်ပါ။
ဒါ့အပြင်သူဟာ Coco Chanel ပြောတဲ့ “Luxury must be comfortable, otherwise it is not luxury.” ဆိုတာကို Inspiration ယူထားသူလည်း ဖြစ်ပါတယ်။Noah ရဲ့ လက်ရာတွေဟာဆိုရင် Urban Fashion ဘက်ကိုသွားပြီး ကိုရီးယားရဲ့ ထိပ်တန်းမင်းသားတွေဖြစ်တဲ့ Park Bo-Gum နဲ့ Yoo Ah-in တို့ပါ ၀တ်ဆင်ကြတာပါ။Yoo Ah-in လို ဖက်ရှင်ကျလွန်းတဲ့ မင်းသားဝတ်တဲ့ Brand ဆိုတော့ ဘယ်လောက်အထာကျလို့လဲဆိုတာ အထွေအထူး ညွှန်းဖို့လိုမယ်တော့ မထင်ပါဘူးနော်။Nohant ရဲ့ unisex line မှာဆိုရင် oversized trench coatsတွေ၊ button-downsအင်္ကျီတွေနဲ့ Signature “Lonely Lovely” Sweatshirt တွေ ပါဝင်ပါတယ်။အပေါ်ထပ်မဟုတ်တဲ့ ၀တ်စုံတွေ (ဥပမာ-တီရှပ်၊ဘောင်းဘီတို၊Shirt)ရဲ့ အများဆုံးဈေးနှုန်းက $200 အောက်လို့လည်း သိရပါတယ်။
SJYP

2720 22701 8547
Denim တွေပေါ်မှာ ပြန်ဆန်းသစ်ထားတဲ့ ဒီဇိုင်းတွေကြောင့် လူသိများတဲ့ SJYP ကတော့ ဇနီးမောင်နှံနှစ်ယောက်ဖြစ်တဲ့ Steve Jung နဲ့ Yoni Pai တို့ရဲ့ လက်ရာပါ။ပတ်စကပ်တွေ၊
ဆန်းသစ်ထားတဲ့ Jean တွေနဲ့ ပြန်လည် ဖာထေးထားတဲ့ Patchwork Style Denim Jacketတွေဟာ Unique ဖြစ်သလို ကိုယ်နဲ့ အခြား တစ်ယောက် ၀တ်ထားတာ ဆင်တူတဲ့ ခံစားချက်မျိုး SJYP ကို ၀တ်နေသရွေ့ရမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ Collection မှာပဲ ထုတ်သမျှရနိုင်သလို ဒီဇိုင်းတွေကလည်း ဘယ်သူနဲ့မှ မတူပဲ ထူးခြားလွန်းတဲ့အတွက်ဖြစ်ပါတယ်။
Gentle Monster

cfd96c3fdb3116c91f1135f9ce6361c2 summer sunglasses product shot
Gentle Monster ကိုတော့ ၂၀၁၂ မှာ စတည်ထောင်တာဖြစ်ပြီး ၂၀၁၄ တုန်းက ကိုရီးယား မင်းသမီး Jun Ji-Hyun တစ်ယောက် သူရဲ့ ရုပ်သံစီးရီး “My Love From the Star” မှာ Gentle Monster က မျက်မှန်တွေ ၀တ်ဆင်ရာကနေ Brand က ပေါက်သွားခဲ့တာပါ။အဲဒီကနေ တစ်ဆင့် Gentle Moster ရဲ့ မျက်မှန်တွေဟာ နေရာတိုင်းမှာ Hot ဖြစ်လာခဲ့ပြီး စူပါထိပ်တန်းမော်ဒယ်လ်တွေဖြစ်တဲ့ Gigi Hadid,Kendall Jenner နဲ့ Miranda Kerr တို့ကပါ ၀တ်ဆင်လာတာ တွေ့ရမှာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ Gentle Monster ရဲ့ ပထမဆုံး North American Store ကို SoHo မှာစတင်ဖွင့်လှစ်ခဲ့ပြီး Tilda Swinton နဲ့တောင် Capsule Collection တောင် ထုတ်ခဲ့ပါသေးတယ်။
StyleNanda

mustard style nanda acc shoes off white style nanda sweater 400
tyleNanda ကို ၂၀၀၄ တည်းက go-to online boutique တစ်ခုအနေနဲ့ စတင်ခဲ့တာဖြစ်ပြီး ကိုရီးယား ဖက်ရှင်နဲ့အလှအပအတွက် အားလုံးရနိုင်တဲ့ Brand အဖြစ် သီးသန့်ရပ်တည်နေခဲ့တာပါ။
သူရဲ့ ဈေးနှုန်း Range တွေက T-Shirt တစ်ထည်ကို $30၊Lip Balm တစ်ခုကို $4 လောက်ပဲရှိလို့ Zara တို့၊Forever 21 တို့လို့ retailer တွေနဲ့ သွားဆင်တူပါတယ်။မိန်းကလေးဆန်ဆန် ပုံစံလေးတွေ အများဆုံးရနိုင်မယ့် Brand တစ်ခုဖြစ်သလို ချစ်စရာလူငယ်ဆန်ဆန် pieces တွေလည်း များတဲ့ Brand တစ်ခုလည်းဖြစ်ပါတယ်။
Ader Error

k pop3
တကယ်လို့ သင်က သက်တောင့်သက်သာရှိပြီး အထာကျမှုကို လိုချင်တယ်ဆိုရင်တော့ Ader Error က သင့်တော်တဲ့ Brand တစ်ခုပါ။သူက Unisex Line ဖြစ်ပြီးတော့ သူ့ရဲ့ ပုံစံက နှစ်လိုဖွယ် ကလေးဆန်တဲ့ အတွေးစိတ်ကူးတွေနဲ့ Casualwear တွေ ထုတ်လုပ်ထားတာဖြစ်ပါတယ်။Ader Error ရဲ့ Structured trackpantတွေ၊Oversized Cableknit Sweater တွေဟာဆိုရင် Pastel Shade လေးတွေနဲ့ လာတာတွေ့ရမှာဖြစ်သလို ခြေအိတ်၊ဦးထုပ်၊Backpack၊Phone Case စတာတွေပါ စုံစုံလင်လင်ထုတ်ထားတာပါ။
CRES.E DIM

k pop2
သူ့ကိုတော့ ၂၀၀၉ မှာ စတင်မိတ်ဆက်ခဲ့ပြီး နားလည်ရလွယ်၊ထင်းလင်းတဲ့ လက်ရာတွေကြောင့် လူသိများပါတယ်။ CRES.E DIM ဟာ Deconstructed လုပ်ထားတဲ့ လက်ရာတွေ၊အထပ်ထပ် အလွှာလွှာဖန်တီးတဲ့ လက်ရာတွေမှာ အသေးစိတ်သေသပ်ပြီးတော့ မတူညီတဲ့ Classic Pieces တွေပါ မြင်တွေ့နိုင်ရမယ့် Brand တစ်ခုလည်းဖြစ်ပါတယ်။
APOC (A piece of Cake)

k pop1
စားချင်စရာ ချစ်စဖွယ် ကိတ်မုန့်တစ်ပိုင်းလိုပါပဲ..သူ့နာမည်နဲ့ လိုက်အောင် APOC (A piece of Cake) က အရောင်သွေးစုံစုံနဲ့ အပေါ့ပါးဆုံးဝတ်လို့ရတဲ့ ပုံစံလေးတွေ ထုတ်လုပ်တာပါ။သူ့ရဲ့ နာမည်ကြီး ချည်ကတ္တီပါ Cap ဦးထုပ်တွေဆိုရင် ကိတ်မုန့်ဘူးလေးထဲ ထည့်ပြီး ထုတ်ပိုးသလို လုပ်ပေးထားတာပါတဲ့။ချစ်စရာကောင်းပြီးအရောင်စုံသလို Retro-Inspired လုပ်ထားတဲ့ Pieces တွေလည်း ထုတ်ပြီး အရောင်စုံတဲ့ ခြေအိတ်တွေ၊Gummy Bear Hoodie တွေ၊Tee တွေကြောင့် Streetwear Brand တစ်ခုအဖြစ် လူကြိုက်များပါတယ်။ Girls’ Generation က Hyoyeon ကလည်း ဒီ APOC ကို ၀တ်ဆင်တဲ့ Star တစ်ယောက်ပါ။
source:moda fashion magazine

Read 1161 times
Rate this item
(0 votes)