What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကြိုက်တာလေးရှိရင်ပြောကြည့်လိုက်

အဟောင်းထည် ဖြစ်နေတာကြောင့် မျက်နှာငယ်ရတဲ့ ပြည်ပမှတင်သွင်းော အထည်ဟောင်းများဟာ တကယ်တော့ ယနေ့ကမ္ဘာမှာ တစ်ဖန်ပြန်လည်သုံးစွဲခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ H&M လို ဖက်ရှင်ထည်လုပ်ငန်းကြီးတွေကအစ ကျင့်သုံးနေကြပါပြီ။

 မြန်မာနိုင်ငံမှာလည်း ၎င်းအသိတရား ရှိ၍ ဖြစ်စေ၊ မရှိသော်လည်း တန်ဖိုးတစ်ခု ထားတတ်တဲ့စိတ်ဖြင့် ဘေထုပ်ထည်လို့ခေါ်တဲ့ အထည်ဟောင်းတွေကို ၀ယ်ယူသုံးစွဲသူများ တစ်နှစ်ထက် တစ်နှစ်ပိုမိုများပြားလာနေတယ်။ အဲဒါကြောင့် အထည်ဟောင်း ရောင်းချတဲ့ ဈေးကွက်ကို တစ်စေ့တစ်စောင်း လေ့လာ တငပ်ပြလိုက်ပါတယ်။

”ဈေးကွက်အနေနဲ့ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ မကာအို ဘေထုပ်တွေကို ကျွန်တော်တို့ရောင်းပါတယ်။ ဘေထုပ်လုပ်ငန်းလုပ်ချင်ရင် သင်ယူမှုရှိရမယ်။ ပစ္စည်းအမျိုးအစား နားလည်ရမယ်။ အခုဈေးကွက်မှာ ကျားဝတ်ဘောင်းဘီအနေနဲ့ လီဗိုက်(501) ၊ Lee ၊ ဂျက်ကော့ဘ်ဂျက်ကက်အတိုဂျင်း၊ ၀မ်းကာလာ ဘောင်းဘီတွေက အမှန်အကန်ကြိုက်တဲ့ လူတန်းစားတွေက ၀ယ်ပါတယ်။ အမှန်တံဆိပ် တကယ်ကြိုက်တဲ့သူ တွေအတွက် တထည်ကို ၁၅၀၀၀ ကနေ အနိမ့်ဆုံး ရွေးကျတထည်ကို ၅၀၀ ကျပ်အထိ ရွေးချယ်ဝယ်နိုင်ပါ တယ်” ဟုရောင်းချသူတဦးကပြောပါတယ်။

ယောကျာ်းဝတ်တီရှပ်၊ ရှပ်အင်္ကျီ၊ စပို့ထ်ရှပ်အင်္ကျီများပါဝင်သော ဘေထုပ်တထုပ်ကို အနိမ့်ဆုံး ကျပ်သုံးသိန်းခွဲမှ လေးသိန်း၊ ငါးသိန်းအထိ ၀ယ်ယူရောင်းချရကြောင်း၊ အထည်ကောင်း(ခေါင်ထည်) များပါဝင်မှုပေါ်မူတည်ပြီး အမြတ်ကျန်ကြောင်း သိရပါတယ်။

ထို့အပြင် အထူအပါးအပေါ်မူတည်၍ အထုပ်တထုပ်တွင် အထည် ၂၀၀၊ ၃၀၀ ပါဝင်ကြောင်း၊ အထည်အနည်းအများ မတူညီလျှင်လည်း ဈေးနှုန်းအတက်အကျ များရှိနိုင်ကြောင်း၊ နာမည်ကြီးတံဆိပ်များ၊ ကန်းထရီးရှပ်များ၊ ရှပ်အင်္ကျီလက်ရှည်များပါသော ဘေထုပ်တထုပ်ကို အမြင့်ဆုံး ၆ သိန်းခွဲအထိ ပေးဝယ်ရသည်သိရပါတယ်။

”ကျွန်တော်တို့အပေါ်မှာလည်း မူတည်တယ်။ တချို့အင်္ကျီ၊ ဘောင်းဘီအိတ်ထဲမှာ ဒေါ်လာ၊ နာရီ၊ နိုင်းတူးဖိုက် ဆွဲကြိုး၊ လက်ကောက်၊ သားရေပိုက်ဆံအိတ်၊ စိန်လော့ကပ်သီးတောင်ပါလာတယ်။ ဒါမျိုးလေးတွေကိုလည်း ကျွန်တော်တို့မျှော်ပါတယ်။ အခု ကျွန်တော်တို့နိုင်ငံမှာ အခြေခံလူတန်းစားတွေပဲ ဘေထုပ်အထည်တွေ ၀ယ်ဝတ်နေတာ မဟုတ်ပါဘူး။ ငွေကြေးချမ်းသာတဲ့လူတွေလည်း ကားနဲ့လာဝယ်ကြတယ်”ဟုရောင်းချသူတဦးကပြောပါတယ်။

ရန်ကုန် ဘေထုပ်အထည် ဈေးကွက်တွင် ကြည့်မြင်တိုင်ညဈေးသည် ပထမဖြစ်ပြီး အင်းစိန်ခုံးကျော်တံတား၊ သင်္ဃန်းကျွန်းစံပြဈေး၊ တောင်ဥက္ကလာ နန္ဒ၀န်ဈေး၊ရွှေပြည့်စုံဈေးတို့တွင်လည်း ဈေးကွက်များရှိကြောင်း သိရပါတယ်။

”ဘေထုပ်ဆိုတာ တချိန်ကတော့ ကွာလတီမှကြိုက်တဲ့လူတွေ၊ တချို့အဆိုတော်တွေ၊ ရုပ်ရှင်မင်းသားတွေ တောင် ၀ယ်ဝတ်ခဲ့ကြဘူးပြီး ပစ္စည်းမှန်၊ မမှန်တော့ ကြည့်တတ်ရပြီးဈေးနှုန်းကို အသေအချာဈေးနှုန်းလျော့ချ ဖို့ပြောတတ်မှသာ အဆင်ပြေမှာဖြစ်ပါတယ်။

 

Read 1711 times
Rate this item
(0 votes)