ဘယ်တော့မှပျောက်ကွယ်မသွားနိုင်တဲ့အရာတွေထဲမှာ ဖက်ရှင်လည်းပါဝင်ပါတယ်။ အဲ့ဒီလိုရေပန်းစားပြီး ဖက်ရှင်ရေ စီးကြောင်းမှာ အမြဲတမ်းနေရာယူထားနိုင်ဖို့ဆိုရင် ထူးခြားဆန်းသစ်တဲ့ တီထွင်ဖန် တီးမှုတွေနဲ့ လမ်းဟောင်းတွေ ကနေဖောက်ထွက်နိုင်မှဖြစ်မှာပါ။
ဒီလိုဖက်ရှင်တွေထဲကမှ ပတ်ဝန်း ကျင်မှာမြင်တွေ့ဖူးနေကျအရာတွေကနေ ကမ္ဘာကျော် Brandတွေအနေနဲ့ဖောက်ထွက် လာတဲ့ ဖက်ရှင်တွေကို မြန်မာ့ပလက်ဖောင်းပရိသတ်တွေနဲ့ ဖက်ရှင်ကို စိတ်ဝင်စားတဲ့သူတွေ အတွက် မိတ်ဆက်ဖော်ပြပေးလိုက်ပါတယ်။
(၁)Hermes ရဲ့Collectionဖြစ်လာတဲ့ ငှက်ပျောရွက်ဒီဇိုင်း
ကမ္ဘာကျော်ပြင်သစ် Brand တစ်ခုဖြစ်တဲ့ Hermes ဖက်ရှင်ကုမ္ပဏီကနေ သူ့ရဲ့ဒီတစ်ခေါက်Collectionသစ်အတွက် ငှက်ပျောရွက်ဒီဇိုင်းနဲ့ လက်ကိုင်အိတ်ကိုဖန်တီးလိုက်ပါတယ်။ ဒီဇိုင်းကို Hermesရဲ့ ဒီဇိုင်နာဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ ပြင်သစ်ဒီဇိုင်နာ Jean Paul ကဖန်တီးခဲ့တာဖြစ်ပါတယ်။ ငှက်ပျောရွက်ကို မုန့်ထုပ်တဲ့နေရာမှာ၊ အစား အသောက်တွေပေါင်းတဲ့နေရာတွေသုံးတဲ့အရွက်တစ်မျိုးလောက်ပဲသိထားခဲ့ပေမယ့် ဒီလိုရိုးရှင်းတဲ့ ဒီဇိုင်းကို inspiration ယူပြီးကမ္ဘာကျော် Brandတစ်ခုရဲ့လက်ကိုင်အိတ်ဒီဇိုင်းအဖြစ်ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။
(၂)အိမ်ရှင်မတွေရဲ့ဈေးဝယ်လက်ကိုင်အိတ်
ဒီလိုအိတ်မျိုးဟာ ပစ္စည်းများများဆန့်တဲ့အတွက် အာရှကအိမ်ရှင်မတွေ ဈေးဝယ်ထွက်တဲ့အခါဈေးဝယ်အိတ် အဖြစ်အသုံးပြုကြတာများပါတယ်။ အရပ်အခေါ် မြွေရေခွံအိတ်လို့ ခေါ်တဲ့ ဒီအိတ်ဒီဇိုင်းကို ကမ္ဘာ့နာမည်ကြီးစပိန် Brand ဖြစ်တဲ့ Balenciaga Fashion House ကသူ့ရဲ့၂၀၁၇ နွေရာသီcollection အဖြစ် မိတ်ဆက်ပြသလိုက် ပါတယ်။ အာရှကအိမ်ရှင်မတွေအနေနဲ့ ဒီအိတ်ဒီဇိုင်းကို ဈေးဝယ်အိတ်လောက်ကလွဲရင် သိပ်ပြီးအရေးတယူ မရှိခဲ့ သလောက် အခုတော့ ကမ္ဘာ့ဖက်ရှင် Runwayမှာ Balenciagaရဲ့မော်ဒယ်တွေက လွယ်လို့ရတဲ့ခပ်ကြီးကြီး အိတ် ဒီဇိုင်းနဲ့ ကျော့ကျော့လေးလျှောက်လှမ်းလာခဲ့တာဖြစ်ပါတယ်။
(၃)ခြေသုတ်အဝတ်ဖျာဒီဇိုင်းလက်ကိုင်အိတ်
အမေရိကန်ရဲ့ နာမည်ကြီးအွန်လိုင်းဖက်ရှင်ဈေးကွက်မှာ ဖက်ရှင်ချစ်သူပရိသတ်တွေကို တအံ့တသြဖြစ်စေခဲ့တာ ကတော့ နာမည်ကြီးအွန်လိုင်းရှော့တစ်ခုဖြစ်တဲ့ Nomad Tribe Shopကနေ ခြေသုတ်အဝတ်ဖျာဒီဇိုင်းနဲ့လက်ကိုင် အိတ်ပါ။ ဒီလက်ကိုင်အိတ်ကိုတွေ့တာနဲ့ ကိုယ့်အိမ်ခြေရင်းမှာ ခင်းထားတဲ့ ခြေသုတ်အဝတ်ဖျာကိုသွားပြီးမြင် မိမှာသေချာပါတယ်။ ဝိုး ခြေသုတ်ဖျာကို ဒီလိုလက်ကိုင်အိတ်အနေနဲ့မြင်ရတော့လည်း တကယ့်ကို အလန်းပဲ။ သင့်အနေနဲ့လည်း ခြေသုတ်ဖျာရှိရုံနဲ့ Handmadeလက်ကိုင်အိတ်လေးဖန်တီးနိုင်တယ်နော်။
(၄)အီတလီ Brandဖြစ်လာတဲ့ ပလက်စတစ်ခြင်းတောင်း
Marni ဆိုတာ အီတလီဇိမ်ခံပစ္စည်းတွေထုတ်လုပ်တဲ့ ဖက်ရှင်ကုမ္ပဏီတစ်ခုဖြစ်ပြီး Marni အမှတ် တံဆိပ်နဲ့ အသုံးအဆောင်တွေဟာ ကမ္ဘာ့ဖက်ရှင်လောကမှာအခိုင်အမာနေရာ ယူထား တာဖြစ် ပါတယ်။ အခု Marni ကနေသူတို့ရဲ့အမှတ်တံဆိပ်နဲ့ အာရှနိုင်ငံက အခြေခံ လူတန်းစား အိမ်ရှင်မ တွေဈေးဝယ်တဲ့နေရာမှာသုံးတဲ့ ပလက်စတင်စခြင်းတောင်းကို itemတစ်ခု အနေနဲ့ထုတ်လုပ် လိုက်ပါပြီ။ ဟုတ်ပါတယ် ဖြူ၊ နီ၊ ပြာ၊ ဝါရောင်စုံ ကွက်လေးတွေဖြစ်အောင် ရက်လုပ်ထားတဲ့ ဒီလို ပလက်စတစ်ခြင်းတောင်းမျိုးကို မြန်မာအိမ်ရှင်မတွေနဲ့လည်း ရင်းနှီးပြီးသားဖြစ်မှာပါ။ ကဲကိုယ့်အိမ်မှာလည်း ဒီလိုခြင်းတောင်းမျိုးရှိတယ်ဆိုရင် သင့်အနေနဲ့ ကမ္ဘာကျော် Brand ကိုပိုင်ဆိုင်ထားတယ်ဆိုတာသတင်းကောင်းပါးလိုက်ပါတယ်နော်။