What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တင်းကြပ်လွန်းတဲ့ ဂျင်းဘောင်းဘီကိုမဝတ်သင့်တဲ့အကြောင်းအရင်း

ဂျင်းဘောင်းဘီက ဘယ်တော့မှရိုးမသွားတဲ့ ဖက်ရှင်တစ်ခုဖြစ်ပြီး အမျိုးသားရော၊ အမျိုးသမီးများရော နှစ်ခြိုက်စွာဝတ်ဆင်ကြတာကို တွေ့ရပါ တယ်။ ဂျင်းဖက်ရှင်ကလည်း ဒီဇိုင်းအမျိုမျိုး၊ ပုံစံအမျိုးမျိုးနဲ့ စုံလင်လှတာကြောင့် ရွေးချယ်စရာများပြားလှပါတယ်။

ဂျင်းဘောင်းဘီအပွဒီဇိုင်း၊ အကြပ်ဒီဇိုင်း၊ ခြေရှူးစတဲ့ ဒီဇိုင်းမျိုးစုံထဲကမှ တင်းကြပ်နေတဲ့ ခြေရှူးဂျင်းဘောင်ဘီကို လူငယ်တွေတော်တော်များများက ပိုလို့ဝတ်ဆင်ကြတာကို တွေ့ရပါတယ်။ ဂျင်းဘောင်ဘီအကြပ်လေးတွေက သပ်သပ်ရပ်ရပ်နဲ့ စမတ်ကျစေတာတော့ အမှန်ပါပဲ။ မိန်းကလေးတွေဝတ်ဆင်လိုက်ရင်လည်း ခြေထောက် လေးသွယ်လျသွားပြီး ခြေတံရှည်ရှည်လေးနဲ့ လှပသွားစေပါတယ်။ ခြေရှူးဂျင်းဘောင်းဘီက လှပစေတယ်ဆိုပေမယ့်လည်း တင်းကြပ်လွန်း နေရင်တော့ ကျန်းမာရေးအတွက် ထိခိုက်နိုင်ပါတယ်နော်။
(၁) ဂျင်းဘောင်းဘီက စမတ်ကျစေတယ်ဆိုပေမယ့် အရမ်းတင်းကြပ်လွန်းနေရင် ခြေထောက်နဲ့ ခြေကျင်းဝတ်အကြောများကို နာကျင်စေပါတယ်။ ခဏပဲဝတ်တာက ပြဿနာမရှိပေမယ့် နေ့စဉ်နေ့တိုင်းကြာရှည်စွဲမြဲစွာ ဝတ်မယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ခြေကျင်းဝတ်နာကျင်တာ၊ ခြေထောက် ကိုက်ခဲလာတာမျိုး ဖြစ်လာတတ်ပါတယ်။ ဒ့ါကြောင့် ဂျင်းဘောင်းဘီဝတ်ရင် ခြေထောက်ကိုတင်းကြပ်သွားစေတဲ့ ဘောင်းဘီမျိုး နေ့စဉ် မဝတ်သင့်ပါဘူးနော်။
(၂) တင်းကြပ်လွန်းတဲ့အဝတ်အစား၊ ဒါမှမဟုတ် ဂျင်းဘောင်းဘီကို ဝတ်ဆင်မယ်ဆိုရင် သွေးလည်ပတ်မှုအားနည်းစေပါတယ်။ ခန္ဓာကိုယ်တွင်းသွေးများက ကောင်းမွန်စွာလည်းပတ်မှု မရှိတဲ့အပြင် ခါးတစ်ဝိုက်မှာ တင်းကြပ်နေတဲ့ ဂျင်းဘောင်းဘီကြောင့် အစာချေစနစ်ကို ကမောက် ကမဖြစ်သွား စေပြီး အက်ဆစ်ဓာတ်များ အလွန်အကျွံထွက်နိုင်ပါတယ်။ ဒီလိုအက်ဆစ်ဓာတ်များကြောင့် နှလုံးကိုထိခိုက်နိုင်ပြီး သွေးခုန်နှုန်း ကို မူမမှန်စေတော့တာကြောင့် နှလုံးရောဂါဖြစ်နိုင်ချေများပြားသွားပါပြီ။
(၃) တင်းကြပ်လွန်းတဲ့ဂျင်းဘောင်းဘီကို ဝတ်ဆင်တဲ့သူတွေအများစုက စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့လည်း ဆိုထားပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ တင်းကြပ်နေတာကြောင့် အားကြိုးမာန်တက်ဆွဲတင်လိုက်ရတဲ့အခါမှာ အရမ်းဝနေလို့များလား ဆိုတဲ့စိတ်က သူ့အလိုလိုဖြစ်ပေါ်လာပါပြီ။ ထိုင်လိုက်ရင်လည်း ဗိုက်ဆူနေသလား၊ ဝလာတယ်ထင်တယ်ဆိုတဲ့ ဆိုက်ကိုတွေဝင်လာတတ်ပါတယ်။ ဒီလိုနဲ့ပဲ လှချင်တော့ ဝိတ်လျော့၊ အစားအသောက်လျော့လာတယ်။ အမှန်တကယ်လှနေပြီးသားဖြစ်နေတာတောင့် ဒီလိုအတွေးတွေ ဝင်သွားစေ တာကြောင့် စိတ်ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။
(၄) ကြွက်သားများကို နာကျဉ်စေနိုင်တာကလည်း တင်းကြပ်လွန်းတဲ့ ဂျင်းဘောင်းဘီပါပဲ။ အလွယ်တကူကွေးနိုင်၊ ဆန့်နိုင် မပြုလုပ်နိုင်တော့ တာကြောင့် ခြေထောက်ကကြွက်သားများ နာကျင်မှုဒဏ်ကို ခံစားရပါတော့။ သွေးလည်ပတ်မှုမကောင်းတော့တာကြောင့်လည်း ကြွက်သားများ ကို ထိခိုက်စေနိုင်ပါသေးတယ်။

source:myanmaplatform

Read 1232 times
Rate this item
(0 votes)