What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ချစ်စရာလည်းကောင်း မိုက်လည်းမိုက်နေစေမယ့် Summer Fashion

နွေရာသီလည်းရောက်ပြီချစ်တို့ရေ အပြင်ထွက်ရင်ကိုယ်လည်းအေးချမ်း မြင်ရသူလည်း မပူလောင်ရလေအောင် ဘာတွေရွေးဝတ်နေကြတုန်း။ ချည်သားအေးအေးလေးတွေ အရောင်ဖျော့ဖျော့လေးတွေကိုအများစုကရွေးဝတ်နေကျဆိုပေမယ့် အဲဒီထက်ပိုပြီး အိုင်ဒီယာလေးတွေရအောင် Summer Fashion Tips အနေနဲ့မျှဝေပေးချင်တာလေးတွေရှိပါတယ်။

နွေရာသီမှာလည်း အေးအေးဆေးဆေးနဲ့လန်းနေအောင် ဒီဝတ်စုံတွေကို ဘီရိုအပေါ်ဆုံးကိုရွေးထုတ်ထားလိုက်ပေတော့။
ဇာအဖြူ

white lace 2
ဇာအဖြူလေးတွေက ဘယ်အချိန်ဝတ်ဝတ် ဝတ်တဲ့သူကိုလည်း သန့်ပြန့်သားနားသွားစေသလို မိန်းကလေးဆန်ပြီးချစ်စရာလည်းကောင်းစေပါတယ်။ ဇာအဖြူအကျီလေးဝတ်မယ်၊ စကတ်တိုနဲ့ Heels လေးစီးမယ်ဆိုရင် မြင်သူတိုင်းကြည့်လို့လှစေမယ်။ ဂျင်းစကတ်တိုနဲ့တွဲဝတ်ပြီး ဖိနပ်ပါးလေးစီးရင်လည်း လှပြန်ရောလေ။ ဒါကြောင့် ဇာဂါဝန်အဖြူနဲ့ ဇာအကျီအဖြူလေးတွေ မဖြစ်မနေဝယ်ထားသင့်တယ်နော်။
တီရှပ်လေးတွေရဲ့အရေးပါမှု

65A7737
နွေရာသီဆို တီရှပ်ပွပွတစ်ထည်ပဲကောက်စွပ်လိုက်ချင်တာကတော့ လူတိုင်းပါပဲနော်။ ဒီတော့ Cotton များများပါတဲ့ တီရှပ်လေးတွေရှိထားဖို့တော့လိုပါတယ်။ တီရှပ်ဗြောင်တစ်ထည်နဲ့ ပွဲတိုးအောင်ဝတ်ဆင်လို့ရတယ်နော်။ ဘယ်လိုဝတ်မလဲဆိုရင် အောက်က ဂျင်းဘောင်းဘီအပြာဖျောဖျောလေးတွေ၊ ဂျင်းစကတ်တိုလေးတွေ၊ Floral Skirt ဖားဖားလေးတွေနဲ့တွဲဝတ်ရုံပါပဲ။ နေရထိုင်ရတာပေါ့ပါးသလို စတိုင်လ်လည်းကျစေတယ်။ ဘယ်တော့မှလည်း မရိုးတဲ့နွေဖက်ရှင်ပါ။ တီရှပ်ကိုလည်း အနက်ရောင်ကလွဲလို့ အရောင်တောက်တောက်လေးတွေစိတ်ကြိုက်ဝတ်နိုင်ပါတယ်။
Shoulder off လေးတွေ

K6A7417a 1
ခုချိန်က Shoulder off လေးတွေခေတ်စားနေတာဆိုတော့ ဒီဒီဇိုင်းလေးတွေကို ဘယ်ချန်လို့ရပါမလဲနော်။ ပွင့်ရိုက်လေးတွေပါတဲ့ Shoulder off ဂါဝန်လေးတွေ၊ Shoulder off jumpsuit လေးတွေက ဒီနွေအတွက်သင့်တော်သလို တော်ရုံချွေးထွက်တာမျိုးလောက်ဆိုရင် ရုပ်ပျက်ဆင်းပျက်လည်းမဖြစ်စေဘူးလေ။ ဘာဝတ်ရမလဲ ဦးနှောက်စားနေစရာမလိုဘဲ တစ်ထည်တည်းကောက်ဝတ်လိုက်ရုံနဲ့လှချင်ရင်တော့ Shoulder off ဂါဝန်လေးတွေကို ဆောင်ထားပါ။ Shoulder off အကျီဖြူလေးနဲ့ ခေါင်းလောင်းဘောင်းဘီရှည်ဖားဖားလေးတွေဝတ်မယ်ဆိုရင်လည်း ဘယ်ပဲသွားသွားဖက်ရှင်ကျကျတင့်တယ်နေစေမှာပါ။
Crop-top လေးတွေ

crop top 1
နွေရာသီမို့ ခန္ဓာကိုယ်တစ်ခုလုံးပိတ်ပြီး လုံနေအောင်ဝတ်ဖို့တော့မလိုပါဘူး။ ဒါကြောင့် Crop-top ခပ်ပွပွလေးတွေကိုဘောင်းဘီတိုလေးတွေ စကတ်တိုလေးတွေနဲ့ တွဲဝတ်ပေးပါ။ ဆွဲသား Crop-top တွေလို Sexy ကျနေတာမျိုးမဟုတ်ဘဲ ပွပွကားကားလေးနဲ့ ချစ်စရာကောင်းစေမှာပါ။

Ripped Jeans လေးတွေ

jacket
နွေရာသီမှာ ဝတ်လို့လည်းကောင်း စတိုလ်လည်းမိုက်နေစေတာက Ripped Jeans လေးတွေပါ။ အရောင်ရင့်ရင့်တွေရှောင်ပြီး အရောင်ဖျောလေးတွေ၊ လူငယ်ဆန်တဲ့ ဒီဇိုင်းလေးတွေ ရောယှက်ထားတဲ့ Ripped Jeans အတို အရှည်လေးတွေက အများဆုံးရွေးထုတ်ထားသင့်ပါတယ်။ အကျီကိုလည်း Cotton အကျီလေးတွေ၊ တီရှပ်လေးတွေအပြင် ချည်ကတ္တီပါလိုမျိုး အေးအေးလေးနဲ့ ပေါ့ပေါ့ပါးပါးရှိတဲ့အရာတွေကိုရွေးနိုင်တယ်လေနော်။ ဒါကြောင့် နွေရာသီမှာ လွတ်လပ်ပေါ့ပါးရမယ် မိုက်လည်းမိုက်နေရမယ်ဆိုရင်တော့ Ripped Jeans လေးတွေကိုမျက်စိမှိတ်ပြီး ဝယ်လိုက်သင့်ပါပြီ။
ဒီလောက်ဆိုရင်တော့ ချစ်စရာလည်းကောင်း မိုက်လည်းမိုက်နေစေမယ့် နွေရာသီဖက်ရှင်လေးတွေအတော်အသင့်ပိုင်ဆိုင်ထားနိုင်ပါပြီ။ ဒီမှာရှိတဲ့ တချို့ Brand တွေမှာလည်း Summer Collection လေးတွေထွက်နေပြီမို့ အလွယ်တကူရှာဖွေနိုင်မှာပါ။

source:akhayar life style

Read 1475 times
Rate this item
(0 votes)