သင်္ကြန်ရောက်ဖို့လည်း နည်းနည်းပဲ လိုတော့တယ်။ပြင်ဆင်စရာရှိတာတွေလည်း မပြင်ရသေး၊Budget လည်း ချိန်နေရသေးဆိုတဲ့သူတွေအတွက် ဒီနေ့မှာတော့ Budget နည်းနည်းပဲ သုံးပြီး သင်္ကြန်မှာ လန်းလို့ရမယ့် Stylenote တစ်ချို့ကို ပြောပြပေးချင်ပါတယ်။
ဒီ Stylenote ဟာဆိုရင် Festivalတွေသွားမယ့်မမတွေ၊ညီမလေးတွေအတွက် တကယ့်ကို ပိုက်ဆံအများကြီး ကုန်စရာလည်း မလို၊ကဲရတာ သက်တောင့်သက်သာလည်းရှိ၊ပေါ့ပေါ့ပါးပါးလည်း ဖြစ်မယ့် Stylenote တစ်ခုစာ လိုအပ်သမျှ စုစည်းပေးထားပါ။
T-shirt
============
Basic ကနေ စသွားမယ်ဆိုရင် မဖြစ်မနေ ပါသင့်တာက T-shirt တွေပါ။T-shirt တွေက Festival မှ မဟုတ်ပါဘူး..ဘယ်လောက်နှစ်ကြာသွားသွား ဘယ်တော့မှ ရိုးမသွားတဲ့ အတွဲအစပ်ပေါ့။အရိုးရှင်းဆုံးက အလန်းဆုံးပဲမဟုတ်လား။Festival တွေသွားမှာဆိုတော့ T-shirt ရွေးတဲ့အခါ ကျွန်မတို့အနေနဲ့ အရောင်ထင်းနေဖို့ကိုရွေးသင့်ပါတယ်။အဖြူနဲ့ အနက်ကတော့ မပါမဖြစ်ဖြစ်ပြီးတော့ အခုလောလောလတ်လတ်
ခေတ်စားနေတဲ့အထဲကဆို ပိတောက်ခြောက်ရောင်(tumblr yellow)၊Army Green၊အဖြူများတဲ့ ပန်းဖျော့ (Millnieal Pink) စတဲ့အရောင်လေးတွေက ရွေးချယ်ချင်စရာလေးတွေပါ။တကယ်လို့ ဗြောင် T-shirt မျိးမဝတ်ချင်ဘူးဆိုရင် ခေတ်စားနေတဲ့ Slogan နဲ့ Graphic ဒီဇိုင်းတွေကို ပိုအသားပေးသင့်ပါတယ်။Festival quotes တွေ၊tumblr quotes တွေ ကိုယ့်စိတ်ကြိုက် slogan တွေနဲ့ customized လုပ်ထားတဲ့ T-shirt တွေက သင့် Fashion ကို level-up လုပ်ပေးနိုင်ပါတယ်။အောက်ကတွဲစပ်မယ့် ဘောင်းဘီ သို့မဟုတ် skirt ကိုဦးစားပေးမယ်ဆိုရင်တော့ Leatherတွေ၊Pattern ထင်းထင်းရှုပ်ရှုပ်တွေ၊အပေါက်အပြဲခပ်များများနဲ့Ripped Jeansတွေ၊Skirt ပုံစံဆန်းတွေကို စမ်းကြည့်သင့်ပါတယ်။Skirt ဆိုလည်း Jean လို ၊leather အရောင်တောက်လိုမျိုးတွေက ပိုအဆင်ပြေပြီး T-shirt ကဘောင်းဘီတို၊ဘောင်းဘီရှည် ဘာနဲ့ဝတ်ဝတ်ရွေးစရာမလိုပါဘူး။အကုန်လိုက်ဖက်ပြီးသားပါ။ရိုးရိုးရှင်းရှင်း T-shirt ချည်း သက်သက် ဝတ်တဲ့ style ကနေ ကွဲထွက်ချင်တဲ့အခါမှာတော့ ကိုယ်နဲ့ကွက်တိကျတဲ့ T-Shirt မျိုး အပေါ်ကဇာပါး Bralette ထပ်တာမျိုး၊-shirt တစ်ထည်တည်းဝတ်မယ်ဆိုရင်လည်း oversized ဖြစ်တာမျိုး ရွေးဝတ်ပြီး T-shirt အောက်က ဖောက်ထွင်းမြင် Fishnet လိုဇာလက်ရှည် အင်္ကျီခံဝတ်တာမျိုး၊Corset တွေ၊ခါးပတ်ကြီးကြီးတွေနဲ့ တွဲဝတ်တာမျိုးတွေ လုပ်လို့ရပါတယ်။နောက်တစ်မျိုးက ကိုယ်မဝတ်ဘဲ ဂျောင်ထိုးထားတဲ့ တီရှပ်တွေကို တစ်ဝက်လောက်က ဖြတ်ပြီး Bralette တွေနဲ့ တွဲဝတ်တာမျိုး၊Ripped လုပ်ပြီး Cele တစ်ချို့ ဝတ်သလိုမျိုး ထွင်လို့ရပါတယ်။T-Shirt တွေကို ရွေးမယ်ဆို ဘာနဲ့တွဲတွဲ အဆင်ပြေတာမို့ သူတစ်မျိုးအတွက်ပဲ ပိုက်ဆံသုံးရမှာပါ။
Bralettes/Strap Tops /Tank Tops
=======================
ဒါကတော့ Festival တွေအတွက်ကောင်မလေးတွေအများဆုံးရွေးချယ်ကြတဲ့ pieceတွေပါ။အလွတ်လပ်ဆုံးနဲ့ အပေါ့ပါဆုံးဖြစ်တဲ့အပြင် အကိတ်တွေပဲဖြစ်ဖြစ်၊LCD တွေပဲဖြစ်ဖြစ် ဝတ်လို့အဆင်ပြေတဲ့ piece တွေပါ။Bralette တွေကိုတော့ Jean Skirtအတိုလေးတွေနဲ့ပဲဝတ်ဝတ်၊Ripped jeanတွေ၊Boyfriend Jeanတွေပဲ ဖြစ်ဖြစ် တွဲလို့လှပါတယ်။Skinny ဖြစ်တဲ့ Ripped Jean တွေနဲ့လည်း အထူးလိုက်ဖက်ပြီး ကိုယ့်မှာရှိပြီးသား ဘောင်းဘီတွေနဲ့ ပြန်အထာကျနိုင်တဲ့အပြင် မ၀တ်ရဲရင်လည်း အပေါ်ကနေ ဂျင်းကုတ်လေးတွေ၊အပေါ်ထပ်လေးတွေနဲ့ ထပ်ဝတ်လို့ရပါတယ်။နောက်တစ်မျိုးအနေနဲ့ကတော့ ငယ်ငယ်တုန်းက ဝတ်ကြတဲ့ ကြိုးသိုင်းပုံစံ overall လေးတွေကို အမြင်ဆန်းသွားအောင် Bralette တွေ၊Strap Topတွေနဲ့တွဲလိုက်တာပါ။Festival မှာဆိုတော့ ခပ်ပွပွ Boyfriend Jean ဆန်ဆန် overall တွေ၊အတို Overallလေးတွေနဲ့ Overall Skirt လေးတွေက ရွေးဖို့အသင့်တော်ဆုံးပါပဲ။Overall နဲ့ မဝတ်ချင်သေးဘူးဆိုလည်း Bralette တွေကို bodyfit top လေးတွေပေါ်က ထပ်ဝတ်တာ၊shirtအရောင်တောက်တောက်နဲ့ တွဲဝတ်တာမျိုးလုပ်လို့ရသလို Bralette ချည်း သက်သက် ဝတ်ရမှာ မရဲဘူးဆိုရင် အပေါ်ကနေ ထပ်တဲ့ See-through Top လေးတွေ ထပ်ဝတ်နိုင်ပါတယ်။Bralette တွေ၊Strap Tops လေးတွေရဲ့ ဈေးဆို အများဆို ၁သောင်းကျော်ရုံပဲဆိုတော့ ကျွန်မတို့အနေနဲ့က ရှိပြီးသား ဘောင်းဘီတွေ၊Skirt တွေနဲ့တွဲလိုက်ရုံပါပဲ။တစ်ကိုင်းကြိုး Top လေးတွေဝတ်တဲ့အခါ ကြိုးက ထိန်းထားပေမယ့် ရင်ပြတ် Crop Topတွေ၊Off-shoulder ခါးလွတ်တွေကတော့ ကိုယ်နဲ့ Fit ဖြစ်နေမှ အဆင်ပြေတာမို့လို့ ကျွန်မကတော့ တစ်ကိုင်းကြိုး Bodysuit လို ဝတ်စုံလေးတွေပိုရွေးစေချင်ပါတယ်။ရင်ပြတ် top လေးတွေဆို ဘောင်းဘီတို၊ဘောင်းဘီရှည်၊comfypant ၊Skirt အထိ အကုန်လိုက်ဖက်သလို အိမ်မှာရှိပြီးသား ဘောင်းဘီတွေ၊skirt တွေနဲ့ ပြန်တွဲဝတ်လို့ရပါတယ်။
Girly Tops
==========
မိန်းမဆန်ဆန်နဲ့ အပေါ့ပါးဆုံးဝတ်မယ်လို့ စဉ်းစားထားတယ်ဆိုရင်နောက်ထပ် သင့်တော်တာတစ်ခုက Bodyfit Top လေးတွေနဲ့ Off-shoulder Bodyfit Topတွေပါ။ရိုးရိုးရှင်းရှင်းနဲ့ အရောင်တောက် Bodyfit Top တွေကို ကျွန်မတို့က skirt တွေနဲ့ တွဲဝတ်နိုင်သလို ဂျင်းဘောင်းဘီရှည်တွေနဲ့လည်း လန်းလို့ရပါတယ်။ပိုပြီး hot ချင်ရင်တော့ leather skirt လို၊cutting မိုက်မိုက်နဲ့ အထာကျတဲ့ sexy skirt လိုမျိုးတွေနဲ့ပါ တွဲဝတ်နိုင်ပါတယ်။ Sweatpant လို ဘောင်းဘီတွေကလည်း Bodyfit top တွေနဲ့ အထူးသင့်တော်ပြီး So tumblred ပါပဲ။ မိန်းမဆန်တဲ့ ဒီလို tops လေးတွေဆို Centre တော်တော်များများ၊Brand တော်တော်များများရဲ့ ဆိုင်တွေမှာရနိုင်ပြီးတော့ online shopတွေ၊Website တွေကလည်း တော်တော်များများဝယ်လို့ရပါတယ်။Bodyfit Top လေးတွေကရေစိုရင် အရမ်းကပ်သွားမှာဆိုတော့ ခပ်ထူထူနဲ့ အရောင်ရင့်ရင့်လေးတွေကို ပိုရွေးချယ်ဖို့တော့ အကြံပေးပါရစေနော်။
Boho Looks
============
Coachella လို ပွဲမျိုးမှာဆို Bohemian Look တွေ အများဆုံးတွေ့ရတယ်ဆိုတာ ကောင်မလေးတော်တော်များများသတိပြုမိမှာပါ။Coachella လိုပွဲမျိုးမှာ Boho စစ်စစ်ပုံစံမျိုးဝတ်လည်း အဆင်ပြေပေမယ့် ကျွန်မတို့ဆီမှာတော့အဲလို Bohemian စစ်စစ် ပုံစံမျိုး သိပ်မဝတ်ကြတာ သတိထားမိပါတယ်။ဒါ့ကြောင့် မိန်းမဆန်ဆန်လည်း ဖြစ်ပြီး boho ဆန်ဆန် ပုံစံဘက်သွားတဲ့ outfit လေးတွေကိုလည်း ဝတ်ကြည့်စေချင်ပါတယ်။ဘယ်လိုမျိုးလဲဆိုတော့ Cardigan တွေနဲ့ တွဲလိုက်တာမျိုး၊Hippie Printed လေးတွေကို ဘောင်းဘီတိုတွေ၊Ripped Jean တွေနဲ့ တွဲလိုက်တာမျိုး၊အတွန့်အဖတ်တွေပါတဲ့ off-shoulder တွေ၊Top တွေကိုအသားပေးဝတ်လိုက်တာမျိုးပါ။Cardigan တွေအပေါ်က ထပ်မယ်ဆိုရင် Cardigan အသားပေးဖြစ်လို့ အောက်က ဝတ်စုံကို ကိုယ့်မှာရှိပြီးသားဝတ်လိုက်လို့ရပါတယ်။Hippie Printed လေးတွေဝတ်မယ်ဆိုလည်း အောက်က ကြိုးတစ်လုံးပဲဖြစ်ဖြစ်၊စွပ်ကျယ်ဖြစ်ဖြစ် ခံဝတ်ပြီးမှ အပေါ်က ထပ်ဝတ်လိုက်လို့ရပါတယ်။Off-shoulder လို၊Boho Top လိုမျိုးလေးတွေဆိုရင် Bohemian ပွင့်ရိုက်လေးတွေ၊Denim Jean တွေနဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့အရောင်တွေကို ရွေးချယ်နိုင်ပါတယ်။ဒီလို Boho Looks ၀တ်တဲ့အခါ များသောအားဖြင့် Boho Outfit တော်တော်များများက အသားပါးလျလျနဲ့ ပေါ့ပါးတာမို့ ရေစိုလည်း ပြဿနာမရှိတော့ပါဘူး။Boho Look သွားမယ်ဆိုရင် Cardigan နဲ့ Printed Shirt တွေပေါ်မှာပဲ ငွေဖြုန်းလိုက်ရင် အဆင်ပြေပါတယ်။
Denims
=============
ဂျင်းတွေကလည်း ပွဲတော်တွေတိုင်းအတွက် ချန်လှပ်လို့မရတဲ့ အပိုင်းအစတွေပါ။ဘယ်တော့မှ မရိုးတဲ့ ဂျင်းတွေနဲ့ Fashion တစ်ခုဖြစ်သွားနိုင်ပါတယ်။အိမ်မှာ ရှိပြီးသား Jean Pant တစ်ထည်ကို ပြန် DIY လုပ်ပြီး Jean Coat တွေနဲ့ တွဲလိုက်တာမျိုး၊Skirt နဲ့ Jean Coat တွဲဝတ်လိုက်တာမျိုးလေး စမ်းလည်း ရပါတယ်။ဒါပေမယ့် ရေအရမ်းစိုရင်တော့ ၀တ်ရတာ လေးလေးပင်ပင်ကြီး ဖြစ်တတ်တာ သတိထားပေးရမယ့်အချက်ပါ။
Comfy Pants
===========
Altheisure Style လွှမ်းတဲ့ ဖက်ရှင်ကလည်း ဒီနှစ်ပိုင်း လူငယ်တွေအရမ်းဝတ်လာကြတာဖြစ်လို့ ချန်ခဲ့လို့မရပါဘူး။Track pants အတိုလေးတွေက ခန္ဓာကိုယ်ကောက်ကြောင်းကိုပေါ်စေသလို ခပ်ပွပွ ဘေးလိုင်းစင်းပါတဲ့ sweatpant လိုဘောင်းဘီတွေ၊leggingတွေက သက်တောင့်သက်သာနဲ့ စတိုင်လ်ကျကျ အထာဖမ်းလို့ရစေတယ်လေ။ဒီလိုဘောင်းဘီတွေကို Crop Topတွေ၊T-shirt တွေကအစ နောက်ဆုံး Bralette တွေနဲ့၊ရင်ပြတ်Fearless Top တွေနဲ့ပါ တွဲဖက်ပြီး Festival တွေမှာ ဂေါ်နေအောင် ဝတ်လို့ရပါတယ်။ကျွန်မအပေါ်မှာ ပြောခဲ့သလို တီရှပ်ပဲရှိရှိ၊Crop Top ပဲရှိရှိ အောက်မှာဝတ်မယ့် Comfy Pant ကိုရှာပြီး တွဲလိုက်ရုံပါပဲ။နောက်ဆုံးအရမ်းမိုက်တဲ့ Comfy ရှာဖို့ ခက်ခဲရင်တောင် Trackpant တစ်ထည်ကို DIY နည်းနဲ့ ဘေးခွဲချလိုက်ပြီး လန်းနိုင်ပါတယ်။
Outer Wears & DIYS
=============
အပေါ်ထပ်တွေကတော့ Style တစ်ခုအနေနဲ့ ဝတ်ဆင်လို့ရသလို ကျွန်မတို့ရဲ့အဝတ်အစားနဲ့ပတ်သက်ပြီး သက်တောင့်သက်သာမဖြစ်တဲ့အခါမျိုး၊ရိုးရှင်းတယ်လို့ခံစားနေရတဲ့အခါမျိုးမှာ Coverအနေနဲ့ သုံးနိုင်ပါတယ်။ရုတ်တရက် ကရင်းခုန်ရင်း ကိုယ့်အဝတ်အစားက အဆင်မပြေဖြစ်သွားတောင် သူတို့ကို cover လုပ်ပြီး ဆက်ကဲလို့ ရတယ်လေ။ဥပမာ ရင်ပြတ် top ဝတ်ထားပေမယ့် သူက fit မဖြစ်တော့ပဲ လျောလျောကျနေတဲ့အခါမျိုး၊off-shoulder က ပခုံးအရမ်းကျလွန်းပြီး စိတ်ကျဉ်းကျပ်စေတဲ့အခါမျိုးမှာ အပေါ်ထပ် တစ်ထည်ကောက်ဝတ်လိုက်ရင် အဆင်ပြေသွားပြီ။အပေါ်ထပ်အတွက်လည်း အထွေအထူး Festival တွေအတွက်ရယ်လို့ အသစ်ဝယ်နေစရာမလိုပါဘူး။အိမ်မှာရှိပြီးသားJean Coat ကို ခါးနားပြန်ဖြတ်ပြီး ripped လုပ်တာ၊jean coat နောက်ကျောကို ကိုယ်မဝတ်တော့တဲ့ တီရှပ်က Sticker ကပ်လိုက်တာ၊Jean Coat ပေါ်ကနေ Spray နဲ့စာတွေရေးတာ၊သံကွင်းတွေတပ်တာ စသည်ဖြင့် DIY နည်းနဲ့ ပိုက်ဆံမကုန်အောင် လုပ်လို့ရပါတယ်။Festival မှာ အထူးလိုက်ဖက်တဲ့ အပေါ်ထပ်တွေကတော့ အရောင်တောက်တောက်Bomber ခပ်ပါးပါးလေးတွေ၊Holographic ဆန်ဆန် Bomber တွေ၊Accessories သို့မဟုတ်ဆေးခြယ်ထားတဲ့ ခပ်ပါးပါးJean Coatတွေ၊Altheisure Jacket တွေနဲ့ Trendy Color Jean Coat တွေပါ။
အခုဆိုရင် Budget နည်းနည်းပဲသုံးပြီး ကိုယ့်မှာရှိပြီးသားလေးတွေနဲ့ ဘယ်လိုပြန်တွဲစပ်ရမလဲဆိုတာ သိလောက်ပါပြီနော် ကောင်မလေးတို့ရေ။သင်္ကြန်မှာ အလန်းဆုံးလေးဖြစ်သွားအောင် ပြင်ဆင်လိုက်ပါတော့။
source:moda magazine