ကမ်းခြေကို သွားကြမယ့်ပျိုမေတို့အဖို့ ကမ်းခြေနဲ့လိုက်ဖက်ပြီး အလန်းစားဖက်ရှင်တွေကိုစဉ်းစားရတာကလည်း ခေါင်းခဲစရာတစ်ခုပါပဲနော်။
ကိုယ်တွေရဲ့Social Network မှာလည်း ပျော်စရာအမှတ်တရတွေကို ဖန်တီးပြသဖို့ကလည်း အမှန်တကယ် သစ်လွင်နေဖို့ လိုအပ်ပါတယ်။
အဲ့လိုနေ့ရက်တိုင်း၊ နေရာတိုင်းမှာ ဖက်ရှင်ကျစေဖို့ ကမ်းခြေမှာတကယ့်ကိုလန်းစေမယ့် ကမ်းခြေဖက်ရှင်လေးတွေကို ရွေးချယ်ပေးလိုက်ပါတယ်။
1.Dressy Shirt makes you Fly

ပွပွယောင်းယောင်း ချည်သား Shirt Dress တွေကို လှိုင်းတွေနဲ့အပြိုင် ဖက်ရှင်ကျကျလွင့်မျောနိုင်ပြီး ပင်လယ်လေတွေနဲ့အတူ လှပစွာ ပျံသန်းနိုင်မှာ အသေချာပါပဲ။
2.Boho Chic on the Beach

လှုပ်လှုပ်လဲ့လဲ့ ဝေ့ကနဲ ဝဲကနဲ လွင့်မျောပြီးကမ်းခြေရဲ့ သဘာဝအရောင်တွေအတူ အသားကျကျ အနုပညာဆန်ဆန် လှပစေတာက Boho Chic ရဲ့အလွင့်အမျောဖက်ရှင်တွေပါပဲ။
3.Mismatch Bikinis to Sexy Beauty

နေရောင်တောက်တောက်ရဲ့ အောက်မှာ ထင်းကနဲ လင်းကနဲ ညှို့အားပြင်းပြင်း လှပနေမှာကတော့ အထက်အောက်အရောင်သွေးမတူ အဆင်မညီတဲ့ Mismatch Bikini တွေပဲလေနော်။
4.Leave footprints under Maxi Dress

ပင်လယ်လေရဲ့ တိုက်ခတ်ခြင်းတွေနဲ့အတူ ရေလှိုင်းတွေကိုငေးကြည့်ပြီး လမ်းလျှောက်တဲ့အခါ ကိုယ်တွေရဲ့ ခြေလှမ်းတိုင်းဟာ ဖက်ရှင်ကျပြီး လှပနေဖို့ဆို Maxi Dress တွေကို ဝတ်ဆင်ထားဖို့ လိုတာပေါ့။
5.Floating Flowers

Floral Dress တွေ၊ Floral Swimsuit တွေ၊ Floral outfits အလွင့်အမျောလေးတွေကတော့ ကမ်းခြေတွေနဲ့အတူ တူယှဉ်တွဲပေါ်ထွန်းလာတယ်လို့ထင်ရလောက်အောင်ကို အသားကျလိုက်ဖက်လွန်းလှတာကြောင့် ကမ်းခြေသွားတိုင်း ပန်းပွင့်ဒီဇိုင်းတွေကို ရွေးချယ်လိုက်ပါ။
6.Print Tee Everywhere

ငယ်ရွယ်ခြင်း၊ ပေါ့ပါးခြင်း၊ လတ်ဆတ်ခြင်း၊ ရွှင်မြူးခြင်းတွေ ကပ်ငြိနေတဲ့ Print Tee တစ်ထည်ဟာ နုပျိုသစ်လွင်ခြင်း အလှတရားတစ်ခုနဲ့ ဖက်ရှင်ကျနေမှာအမှန်ပါပဲ။
7.Add Bright Neon

နေရောင်တောက်တောက်တွေနဲ့အပြိုင် တောက်ပတော့မယ်ဆို ကိုယ်တွေရဲ့ကမ်းခြေဖက်ရှင်မှာ Neon အရောင်တောက်တောက်တွေကို ရွေးချယ်ရမှာပေါ့။
8.Go Classic with Stripes

အစင်းတွေမျဉ်းတွေဟာ ကမ်းခြေရဲ့သဘာဝအမှန်တရားတစ်ခုနဲ့အတူ လိုက်ဖက်လှပနေမှာပါ။ ကမ်းခြေသွားတိုင်း Stripe Tee တွေ Stripe Dress တွေမကျန်ခဲ့ဖို့ သိပ်ကိုအရေးကြီးပါတယ်။
9.Don’t Forget Denim

ကမ်းခြေရဲ့ကြမ်းရှရှသဲပွင့်တွေ၊ ခပ်ပြင်းပြင်းရိုက်ခတ်နေတဲ့ ရေလှိုင်းကြီးတွေ၊ ကြီးမားကြမ်းတမ်းလှတဲ့ ကျောက်ဆောင်တွေနဲ့အပြိုင် ဖက်ရှင်ကျစေမှာကတော့ Denim စတိုင်လေးတွေပါပဲ။ ကမ်းခြေသွားဖို့အထုတ်ပြင်ပြီဆိုတာနဲ့ Denim နဲ့ပတ်သတ်တာမှန်သမျှကို ယူသွားဖို့မမေ့နဲ့နော်။
Source:Moda





