ကလေးမွေးပြီးလို့ စတိုင်လ်ကျကျမနေရတော့ဘူးမထင်နဲ့နော်။
တက်တက်ကြွကြွနဲ့ဝတ်ဆင်နိုင်ဖို့ အလန်းစား Jean Style များကို ရွေးချယ်ကြည့်ပါဦး။ကလေးမမွေးခင်တုန်းက Jean ဘောင်းဘီကိုမှ စွဲလမ်းနှစ်သက်စွာ ဝတ်ဆင်တတ်တဲ့ ခေတ်မေမေများအတွက် ကလေးမွေးပြီးတဲ့အခါမှာကော Jean ဘောင်းဘီ ဘာလို့ဆက်ဝတ်လို့ မရရမှာလဲ? ကလေးမွေးပြီးတဲ့အခါမှာကော Jean ကို ဝတ်လိုက်ရင်လည်း ခန္ဓာကိုယ်အချိုးအစား အထာကျနေအောင်လို့ ဘယ်လို Jean မျိုးကို ဝတ်ဆင်သင့်တယ်ဆိုတာကို အကြံကောင်းလေးအနည်းငယ် ပေးချင်ပါတယ်။
1. High Waist
သဘာဝဆန်ဆန်အချိုးကျလှပတဲ့ ကိုယ်လုံးမျိုးကို မေမေတို့ ပိုင်ဆိုင်ဖို့အတွက်ဆိုရင် ဒီလို High Waist Jean အမျိုးအစားကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ ဒီလိုဘောင်းဘီမျိုးက ခါးအပေါ်ပိုင်းထိဆွဲပြီးဝတ်လို့ရတဲ့အတွက် ခါးပိုင်းကိုပိုမိုသေးသွယ်စေပါတယ်။

2. Wide Led
တကယ်လို့ မေမေတို့က ကိုယ့်ရဲ့ပေါင်နဲ့တင်ပါးတွေကို အနည်းငယ်သေးစေချင်တဲ့ ပုံမျိုးပေါက်စေချင်တဲ့ဆိုရင်တော့ ဒီလိုပုံစံ Jean ကိုရွေးချယ် ဝတ်ဆင်သင့်ပါတယ်။ ဘောင်းဘီရဲ့ ခြေထောက်ပုံစံကတော့ နည်းနည်းခေတ်နောက်ကျတဲ့ ပုံစံမျိုးဆိုပေမယ့် အရောင်နည်းနည်းရွေးချယ်မှု ဆန်းသစ်မယ်ဆို တကယ့်မော်ဒန်ဖြစ်တဲ့ ဘောင်းဘီမျိုးပါ။

3. Trouser
ဒီလို Jean မျိုးဆိုရင်လည်း ပေါ့ပါ့ပါးပါးနဲ့ ဘယ်နေရာမဆို ဝတ်ဆင်ဖို့အကောင်းဆုံး စတိုင်လ်လေးပါ။ မေမေတို့အနေနဲ့ ရုံးသွားတာပဲဖြစ်ဖြစ်၊ ထသွားထလာပဲဖြစ်ဖြစ် အခုလို Jean မျိုးကို ရွေးချယ်မယ် အပေါ်ကအကျီလေးကဘာပဲဖြစ်နေဖြစ်နေ အထာကျကျနဲ့လှပစေပါတယ်။

source:kalay





