ဖက်ရှင်ဟာတစ်ပတ်ပြန်လည်တယ်ဆိုတဲ့စကားဟာအမြဲတမ်းမှန်နေတော့မှာပါ။ဘာလို့လဲဆိုတော့ 1990လောက်တုန်းကတည်းကခေတ်စားခဲ့တဲ့ ဝတ်ပုံစားပုံတွေကို လက်ရှိအချိန်မှာ မိန်းကလေးတော်တော်များများက သဘောကျနှစ်ခြိုက်စွာဝတ်ဆင်နေကြတုန်းပါပဲ။ တစ်ခါတစ်လေမှာကိုယ်ကိုတိုင်တောင် ၉၀လောက်ကခေတ်စားခဲ့တာလားဆိုတာမသိဘဲ ကြိုက်နှစ်သက်စွာဝတ်ဆင်နေမိတာမျိုးရှိနိုင်ပါတယ်။အဲ့ဒီစတိုင်တွေကဘာတွေလဲဆိုတော့
၁။ဂျင်းစကပ်အတို

အရမ်းအရမ်းကိုမိုက်တဲ့ဂျင်းစကပ်တွေပါ။အင်္ကျီတော်တော်များများနဲ့လည်းတွဲဝတ်လို့အဆင်ပြေပါတယ်။ ချစ်စရာကောင်းတဲ့ကောင်မလေးတွေဝတ်ထားတဲ့ အခါမှာတော့Super Cuteလို့ဘဲပြောရတော့မှာပါ။
၂။မရှိမဖြစ်ဂျင်း

ဂျင်းအဝတ်အစားတွေကိုမကြိုက်တဲ့သူမရှိသလောက်ပါပဲ။ ခန္ဓာကိုယ်အရွယ်အစားကို ထည့်တွက်နေစရာမလိုဘဲခပ်မိုက်မိုက်အသွင်ကိုဆောင်သွားမှာကတော့ ဂျင်းပါပဲ။
၃။Choker

Chocker တွေဟာလည်း တစ်ကျော့ပြန်ဖက်ရှင်တွေပါပဲ။ဖက်ရှင်ကျတဲ့ကောင်မလေးတွေကို ခပ်မိုက်မိုက် Chockerအနက်ရောင်လေးတွေနဲ့ မကြာခဏမြင်ဖူးကြမယ်ထင်ပါရဲ့။
၎။Plaid

အကွက်လေးတွေကလည်း ခါးမှာပတ်ပြီးတော့ ဝတ်တာမျိုးဘဲဖြစ်ဖြစ် အပေါ်ကထပ်ပြီးတော့ဝတ်တာဘဲဖြစ်ဖြစ် စတိုင်ကျတာပါပဲလေ။အဲ့ဒီတော့ မဒီလေးတွေက ခုထိဒီစတိုင်ကို ကြိုက်နေကြတာမဆန်းပါဘူးလေ။
အမျိုးသားတွေ မနှစ်သက်ကြတဲ့ ချစ်သူကောင်မလေးရဲ့ အဝတ်အစား အပြင်အဆင်များ
၅။Slip dress နဲ့ Vintage Tee

ကောင်မလေးတွေကို ပိုမိုချစ်စရာကောင်းသွားစေတာကတော့ Slip dress နဲ့ Vintage Tee ပါပဲ။
Source:we media





