What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင် ချစ်သူတိုင်း အကြိုက်တွေ့ကျတဲ့ Adidas ရဲ့တံဆိပ်ခွဲ နှစ်မျိုး

ဒီနေ့ခေတ် လူငယ်တိုင်းရဲ့ သွားလာလှုပ်ရှားမှု Fashion တိုင်းမှာ Shoes တွေရဲ့ ရေစီးကြောင်းကလည်း အရှိန်အဟုန်ခပ်ကြီးကြီးပါ။ သာမန် အဝတ်အစား၊ ဖိနပ်မျိုးလောက်ကတော့ လူတိုင်းဝယ်စီးနိုင်နေကြတဲ့အချိန်မျိုးမှာ အရည်အသွေးကို နားလည်လာကြတဲ့ လူငယ်တွေကြားမှာတော့ Branded And Luxurious Wears မျိုးတွေဟာ ဦးမော့ပြီး သူ့ခေတ်သူ့အခါမျိုးမှာနာမည်အခိုင်အမာနဲ့ အောင်မြင်လာကြပါပြီ။

ဒီလို Brand တွေထဲမှာမှ လူငယ်တိုင်းရဲ့ အသည်းစွဲ Brand တစ်ခုဖြစ်တဲ့ Adidas ကတော့ မကြားဖူးသူမရှိလောက်အောင်ကို သူ့ရဲ့တမူထူးတဲ့ Fashions တွေ၊ Designs တွေ၊ ထူးခြားမှုတွေနဲ့ နာမည်ကြီးတဲ့ Brand တစ်ခုပါ။ အဓိက နာမည်ကြီးစေတာကတော့ Celebrities တွေ၊ Fashionistas တွေ ခုံခုံမင်မင် ဝတ်ဆင်ကြတဲ့ သူ့ရဲ့ Sportwears Collection တွေကြောင့်ပဲဖြစ်ပါတယ်။အဲ့လောက် နာမည်ကြီးတဲ့ Adidas ကို 1949 မှစတင်ပြီး ဂျာမနီနိုင်ငံမှာ Multinational Corporation အဖြစ် စတင်ထူထောင်ခဲ့ပြီး အဝတ်အထည်နဲ့ ဖိနပ်အပြင် တခြား ဖက်ရှင်ပိုင်း ထုတ်ကုန်တွေကို စတင်ထုတ်လုပ်ဖြန့်ဖြူးခဲ့ပါတယ်။ ခုချိန်မှာတော့ Europe မှာ အကြီးဆုံး Sportwears ထုတ်ကုန် Brand တစ်ခုဖြစ်လာပြီး ကမ္ဘာပေါ်မှာတော့ Nike ပြီးရင် ဒုတိယ နာမည်အကြီးဆုံး ထုတ်ကုန် Brand တစ်ခုဖြစ်လာပါတယ်။အဲ့လောက် နာမည်ကြီးတဲ့ Adidas Brand ကို စွဲမက်ကြတဲ့သူတိုင်း Adidas ရဲ့ ထူးထူးခြားခြား Logo 2 ခုကိုလည်း သတိထားမိကြမှာပါ။ သစ်ရွက်ပုံအစင်းလေးရယ်၊ တြိဂံပုံအစင်းလေးရယ် ဆိုပြီး Adidas ရဲ့ Logo 2 ခုကွဲပါတယ်။ ဒါပေမယ့် အမှန်တော့ 3 ခုပါ။

Addidas စစထောင်ပြီး 1967 ခုနှစ်မှာတော့ ပုံမှန်အစင်းလိုင်းလေး 3 လိုင်းနဲ့ တံဆိပ်ဒီဇိုင်းဆွဲခဲ့ပေမယ့် 1971 မှာတော့ သစ်ရွက်ပုံအစင်းလေး စပြောင်းခဲ့ပြီး 1997 ခုနှစ်မှာတော့ ခုမြင်တွေ့နေကျ တြိဂံအပုံ အစင်းတံဆိပ်လေးနဲ့ ဖြန့်ထွက်ခဲ့ပါတယ်။

2

 

ပထမဆုံး Logo နဲ့ ဈေးကွက်ထဲမှာမတွင်ကျယ်ခဲ့ပေမယ့် ဒုတိယနဲ့တတိယ Logo တွေကတော့ ခုချိန်ထိ Fashion လေ့လာစိတ်ဝင်စားသူတွေကြားမှာ တွင်ကျယ်နေဆဲပါပဲ။ Trefoil လို့ခေါ်တဲ့ သုံးရွက်ဆိုင်ပဲပင်နဲ့ Adidas တံဆိပ်လေးကတော့ 1972 မတိုင်ခင် Adidas ရဲ့ Founder Adi Dassler က သူ့ရဲ့စီးပွားရေးကို အဝတ်အစားနဲ့ စက်မှုအားကစားဘက်ကိ ဦးတည်ချဲ့ထွင်ချင်လာတာကြောင့် အဲ့အပိုင်းကို ပုံဖော်မှန်း သိသာစေမယ့်ပုံရိပ်တစ်ခုကို Brand တံဆိပ်အဖြစ်ထူထောင်ချင်ခဲ့ရာမှ နဂိုမူလ အစင်း 3 ကြောင်းနဲ့ ရိုးရိုးတံဆိပ်ကိုမှ သုံးရွက်ဆိုင်ပဲပင်ပုံစံပုံဖော်ပြီး Brand တံဆိပ်ကွဲပြားစေခဲ့ပါတယ်။ အဲ့ဒီ Brand ဟာ သူ့ခေတ်အခါမှာ လူထုကြား တော်တော်လေး Hit ဖြစ်ခဲ့ပါတယ်။

3

 

တြိဂံပုံအစင်းကတော့ 1990 မှာ Creative Director Peter Moore စတင် အိုင်ဒီယာဖော်ခဲ့ပြီး အစင်းကြောင်း 3 ခုဆိုတာ တြိဂံပုံစံ ချွန်တက်မြင့်မားသင့်တဲ့ အသွင်ပြင်ဖြစ်တယ်လို့ Founder Adi Dassler ကိုပြောကြားခဲ့ရာမှ အတည်ပြုချက်ရခဲ့ပါတယ်။ အဲ့ Logo နဲ့ ပထမဆုံး ထုတ်လုပ်ခဲ့တဲ့ Version ဟာ ကုမ္ပဏီရဲ့ စက်မှုထုတ်ကုန်အတွက်ဖြစ်လာခဲ့ပေမယ့် 1997 မှာတော့ Adidas ကုမ္ပဏီတစ်ခုလုံးရဲ့ တံဆိပ်ဖြစ်ခဲ့ပါတယ်။တြိဂံပုံဟာ တခြားထူးခြားတဲ့ သင်္ကေတအနေနဲ့ တောင်တန်းကြီးပုံစံနဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်မယ့် သင်္ကေတကောင်းတစ်ခုဖြစ်တာမို့ အားကစားသမားတွေအတွက်အသင့်တော်ဆုံး တံဆိပ်လည်းဖြစ်ပါတယ်။ အဲ့ဒီ တြိဂံပုံတံဆိပ်ကိုတော့ ခုအခါမှာ Adidas ရဲ့ အားကစားသုံး Fashion တွေအတွက် အဓိကထုတ်လုပ်နေဆဲဖြစ်ပါတယ်။

4

 

သုံးရွက်ဆိုင် Trefoil ပုံ Logo ကတော့ Addidas ရဲ့ Classic ဖြစ်တဲ့ အရင်တည်းကထုတ်လုပ်နေဆဲ Fashion ပစ္စည်းထုတ်ကုန်တွေအတွက် ဆက်လက်ထုတ်လုပ်နေဆဲဖြစ်ပါတယ်။ဒီလောက်ဆို Adidas Crazy တွေ၊ Adidas ချစ်သူတွေလည်း Brand Logo 2 ခု ဘယ်လိုကွဲပြားလည်း ဗဟုသုတရလောက်ပြီဖြစ်မှာပါ။

7

 

Source:Akhayar

Read 982 times
Rate this item
(1 Vote)