တချို့ကောင်မလေးတွေက ကိုယ့်ကိုယ်ကိုဝတယ်ဆိုပြီး ဘယ်လိုအဝတ်အစားမျိုးတွေဝတ်ရမှန်းမသိ ဖြစ်နေကြပါတယ်။
အတိုတွေဝတ်ရင်လည်း ခြေသလုံးကြီးလို့ဆိုပြီး မဝတ်ရဲပဲဖြစ်နေကြတာတွေ့ရပါတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေဖို့က အဓိကပါပဲ။ ဒါကြောင့် ဝတုတ်မလေးတွေအတွက် ချစ်စရာကောင်းနေစေမယ့် ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁)၀တဲ့ကောင်မလေးတွေက ဘောင်းဘီကိုကျပ်တာတွေမဝတ်ပဲ နည်းနည်းပွတဲ့ဘောင်းဘီတိုလေးတွေကို ဝတ်ဆင်ပါ။ ဒီလိုဘောင်းဘီမျိုးကိုဝတ်ရင်တော့ အင်္ကျီကို ကိုယ်ကျပ်လေးတွေနဲ့ တွဲဖက်ဝတ်ဆင်ပေးပါ။ ဒီဖက်ရှင်လေးက သင့်ကိုကြည့်ရမဆိုးစေပဲ ချစ်စရာကောင်းစေမှာ သေချာပါတယ်။

(၂)၀တဲ့ကောင်မလေးတွေက ဂါဝန်တိုလေးတွေဝတ်ရင် အရမ်းချစ်စရာကောင်းပါတယ်။ ဒါပေမယ့် ဂါဝန်ကို အရမ်းကားတာတွေ အရမ်းပွတာတွေတော့ မဝတ်သင့်ပါဘူး။ ဒါတွေက လူကိုပိုဝစေပါတယ်။ ဒါကြောင့် ချစ်စရာကောင်းပြီးလှပတဲ့ ဂါဝန်တိုလေးတွေကို ဝတ်ဆင်ပေးတာဟာ သင်နဲ့လိုက်ဖက်မှုပိုရှိစေပါတယ်။

(၃)Jumpsuit အတိုလေးတွေကလည်း ဝတဲ့ကောင်မလေးတွေနဲ့ လိုက်ဖက်ပါတယ်။ ဒီဖက်ရှင်လေးကျတော့ အရမ်းလည်းမကျပ်သလို၊ အရမ်းလည်းမပွပါဘူး။ ဝတ်ရတာလည်း သက်တောင့်သက်သာရှိစေတော့ အရမ်းအဆင်ပြေစေမှာပါ။ ဒါကြောင့် ဝတဲ့ကောင်မလေးတွေအနေနဲ့ ဒီဖက်ရှင်လေးကိုလည်း ရွေးချယ်သင့်ပါတယ်။

(၄)အခုနောက်ပိုင်းမှာခေတ်စားလာတဲ့ Pant လေးတွေကိုလည်း crop top ကိုယ်ကျပ်လေးတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဒီဖက်ရှင်လေးဆိုရင်တော့ သင့်ကို စတိုင်လ်ကျပြီး မိုက်နေစေမှာပါ။ ဝတဲ့သူတွေက အောက်ပိုင်းကို ပွတာတွေဝတ်မယ်ဆိုရင် အပေါ်ပိုင်းကို ကိုယ်ကျပ်လေးတွေ ဝတ်ဆင်ပေးသင့်ပါတယ်။

(၅)All Black Fashion လေးကလည်း ဝတဲ့သူတွေဝတ်ရင် ပိန်သွားသလို ဖြစ်စေပါတယ်။ ဒီတိုင်းမဝတ်ချင်ရင် အပေါ်ကနေ ဂျင်းအင်္ကျီလးတွေထပ်ဝတ်လည်း ရပါတယ်။ မိတ်ကပ်လေးသာပြင်ပြင်ဆင်ဆင်နဲ့ နေလိုက်ရင် အရမ်းချစ်စရာကောင်းသွားမှာ သေချာပါတယ်။

(၆)၀တုတ်မလေးတွေအနေနဲ့ ချစ်စရာကောင်းတဲ့ ဂါဝန်တိုလေးတွေကို ဝတ်ဆင်ဖို့ လုံးဝမမေ့ပါနဲ့။ ခြေသလုံးကြီးမှာကြောက်နေရင် Boots အရှည်ဖိနပ်တွေဝတ်လို့လည်း ရပါတယ်။ ဒါပေမယ့် ဒီလိုဖိနပ်မျိုးကျတော့ ခရီးသွားတဲ့အခါမျိုးမှာမှ ပိုပြီး သင့်တော်မယ်လို့ ထင်ပါတယ်။

(၇)ခပ်မိုက်မိုက် စကပ်အကျပ်လေးတွေနဲ့ ကိုယ်ကျပ်အင်္ကျီလေးတွေကိုလည်း တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ကိုယ်က အရမ်းကျပ်နေလို့ သိပ်မဝတ်ရဲရင် အပေါ်က အင်္ကျီအရှည်လေးတွေ ထပ်ဝတ်သွားလို့ရပါတယ်။ ကိုယ်ကသာဝတ်တတ်ရင် ဘာမဆို လိုက်ဖက်မှုရှိပြီး လှနေမှာပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလေးရှိဖို့ကလည်း လိုတာပေါ့။
Source:we media





