What's new

×

Warning

JUser: :_load: Unable to load user with ID: 845


၂ စက္ကန့်တိုင်းမှာ အိတ်တစ်လုံး ရောင်းရတဲ့ Kipling

ကစ်ပ်လင်း Kipling အိတ် ရောင်းအားက ကြေက်ခမန်းလိလိ။ ပျမ်းမျှအားဖြင် နှစ်စက္ကန့်ကို အိတ်တစ်လုံး ရောင်းရသည်။

အာရှရောင်းအား
***********
ကစ်ပ်လင်းသည် အာရှနိုင်ငံများဖြစ်သော မြန်မာ၊ တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ သြစတေးလျ၊ အိန္ဒိယ၊ ဘရူနိုင်းနှင့် ပါကစ္စတန် တို့တွင် ရောင်းချပေးလျက်ရှိသည်။
ရန်ကုန်မြို့တွင် မြန်မာပလာဇာနှင့် တော်ဝင်စင်တာတို့တွင် ဖွင့်လှစ်ထားသည့် MK ဖက်ရှင်ဆိုင်တွင် ရောင်းချပေးလျက်ရှိသည်။
အာရှတိုက်တွင် ကစ်ပ်လင်းအိတ် ရောင်းအားမှာ တစ်မိနစ်လျှင် ကစ်ပလင်းအိတ် ၇ လုံး ရောင်းရသည်။

နိုင်ငံတကာ ရောင်းအား
***********
KIPLING အိတ်အရောင်းဆိုင်များ နိုင်ငံပေါင်း ၆၀ ကျော်တွင် ရှိနေပြီး ကမ္ဘာတစ်လွှားတွင် အရောင်းဆိုင်များမှ တစ်နှစ်လျှင် အိတ်ပေါင်း ၆ သန်းကျော် ရောင်းရသည်။ ပျမ်းမျှအားဖြင့် နှစ်စက္ကန့်လျှင် ကစ်ပ်လင်းအိတ် ၂ လုံး ရောင်းရသည်။ တစ်မိနစ်လျှင် အိတ် ၃၀ လုံး ၀န်းကျင် ရောင်းရသည်။

မျောက်ကလေး
**********
KIPLING အိတ်၏ အမှတ်တံဆိပ် သင်္ကေတမှာ မျောက် ဖြစ်သည်။ အဘယ်အကြောင်းကြောင့် မျောက်ကို သုံးရသနည်း
မူလအစသည် ဘယ်လ်ဂျီယံနိုင်ငံ အင်န်တွပ်မြို့ (Antwerp)တွင် ၁၉၈၇ ခုနှစ်တွင် စတင်ခဲ့သည်။ သို့ဖြစ်ရာ ယခုအခါ သက်တမ်း ၃၀နှစ်သာသာ ရှိပြီ ဖြစ်သည်။ Paul Van de Velde, Vincent Haverbeke နှင့် Xavier Kegels တို့ သုံးဦးက ကမ္ဘာကျော် ကလေးစာပေဖြစ်ပြီး လူကြီးများပါ ကြိုက်ကြသည့် The Jungle Book မှ စိတ်ကူးစိတ်သန်းများ ပွာများပြီး ဇာတ်ကောင် မျောက်ကို ပင်တိုင်သင်္ကေတအဖြစ် သုံးစွဲရန် ဆုံးဖြတ်ကြသည်။ သို့ဖြစ်ရာ လုပ်ငန်းအမည်ကို ရွေးရာ၌ ၎င်းစာအုပ်ကို ရေးသားသူ Rudyard KIPLING ၏ာ အမည်မှ KIPLING ကို သုံးစွဲဖို့ ဆုံးဖြတ်ကြသည်။
အဆိုပါ တောတွင်းသား ဇာတ်ကောင်ကို ကာတွန်းဆရာကြီး သော်က မြန်မာမှုပြုရာ၌ အရိုင်း ဟူသောအမည်ဖြင့် တောတွင်းသားတစ်ဦးကို မွေးဖွားပေးခဲ့သည်။
KIPLING ၏ အိတ်များတွင် သုံးစွဲသော နိုင်လွန်အတွန့်သားသည် အဆိုးထဲမှ အကောင်းကို ရထားခြင်း ဖြစ်သည်။ စတင်လုပ်ကိုင်သည့် ၁၉၈၇ ခုနှစ်တွင် ဆေးဆိုးရာ၌ အပူပေးရာတွင် အပူလွန်ကဲသွားရာမှ နိုင်လွန်အတွန့်သား ဖြစ်သွားသည်။ ထိုအတိုင်း ဖက်ရှင်တွင် သုံးစွဲလိုက်ကြသည်။ ထိုအတွန့်သားမျိုးကို ဆက်လက်သုံးစွဲကြရာ KIPLING ၏ လက်ကိုင်အိတ်များအတွက် ပင်ကိုအမှတ်အသား တစ်ခု ဖြစ်သွားသည်။
KIPLING သည် EASTPAK, Jansport, Napapijri, Reef, Vans, The North Face, Lee, Wrangler နှင့် Timberland တို့ကို လုပ်ကိုင်သည့် VF Corporation ၏ ထီးရိပ်အောက်တွင် ရပ်တည်သည်။

left arm

 

အတုအစစ် ခွဲနည်း
************
KIPLING အိတ်တွင် မျောက်ရုပ်ပါသည်။ မျောက်ရုပ်ကို သေသေသပ်သပ် ကျကျနန လုပ်ထားသည်။ ၀ဲဘက်လက်မောင်းတွင် အစငယ်ကို တွဲချုပ်ပြီး လုပ်ငန်းအမည်၊ လုပ်ငန်းဝက်ဘ်ဆိုက် စသဖြင့် ဖော်ပြပေးထားသည်။ ထိုအစငယ်ကို မျောက်ဝဲလက်တွင် တွဲချုပ်မထားဘဲ အိတ်တွင် တွဲချုပ်ထားပါက အတုဖြစ်နေနိုင်သည်။
လိုဂိုသည် အိတ်၏ အဓိကအရောင်နှင့် အတူတူ သို့မဟုတ် မတိမ်းမယိမ်း အရောင်ကို သုံးစွဲသည်။ လိုဂို တံဆိပ်ကပ်ထားရာ၌ အိတ်နှင့် အရောင်တခြားစီဖြစ်နေလျှင် အတု ဖြစ်နေနိုင်သည်။
အိတ်အတွင်းမှာ အဖြူရောင်အသားဖြင့် မှတ်တမ်းမှတ်ရာ လေဘယ်ပါသည်။ ၎င်း လေဘယ်တွင် အမည်လိုဂို၊ product code အစရှိသည့် အချက်အလက်များ ဖော်ပြပေးထားသည်။ ၂၀၀၃ ခုနှစ်တွင် ၎င်းလေဘယ်စနစ်ကို စတင်သုံးစွဲခဲ့သည်။

Kipling Abela SN Handbag Monkey

suzan na

ထုးခြားသော အင်္ဂါရပ်များ
**********
KIPLING မျောက်အမြီးသည် သစ်ပင်မှာ ချိတ်ပုံသည် လက်ကိုင်အိတ်က အမျိုးသမီး ပခုံးပေါ် ချိတ်ထားပုံကို ဖော်ညွှန်းသည်။
ဖက်ရှင်ရာသီတစ်ခုလျှင် မျောက်ရုပ်အမျိုးမျိုး အမျိုးပေါင်း ၈၀ ထုတ်လုပ်သည်။ အရောင်မတူကြချေ။ ထိုမျောက်ကို အမည်ပေးထားပြီး ၎င်းအမည်သည် ကမ္ဘာပေါ်ရှိ KIPLING ဆိုင် တစ်ဆိုင်ဆိုင်တွင် လုပ်ကိုင်သော ၀န်ထမ်းတစ်ဦး၏ အမည်ဖြစ်သည်။ သို့ဖြစ်ရာ တစ်ရာသီလျှင် ၀န်ထမ်း ၈၀ ဦး အမည်ဖြင့် မျောက်များ ဒီဇိုင်းထုတ်ပေးသည်။
KIPLING အိတ် သုံးစွဲသော အမျိုးသမီးဦးရေ ၃၅ သန်း ကျော်သွားပြီ ဖြစ်သည်။

textiledirectory.com.mm

Read 1278 times
Rate this item
(0 votes)