အွန်လိုင်း စွယ်စုံကျမ်း Wikipedia က အမေရိက လော့အိန်ကျယ်လိစ်မှ ဖက်ရှင်တိုက် abc (Advisory Board Crystals ) နဲ့ လက်တွဲပြီး
တီရှပ် ထုတ်လုပ်ရောင်းချတာ အခုရောင်း အခုကုန်ဆိုသလို ချက်ချင်း ရောင်းကုန်သွားတယ်။
အဖြူရောင် တီရှပ်လက်ရှည်ဖြစ်ပြီး ၀ီကီပီးဒီးယားရဲ့ အမည်၊ အမှတ်တံဆိပ် စတာတွေကို ဒီဇိုင်းဖော်ပြထားတယ်။ တစ်ထည်ကို ကန်ဒေါ်လာ ၈၅ ဖြစ်ပြီး ရောင်းလို့ရတဲ့ငွေတွေ အကုန်လုံးကို Wikimedia ဖောင်ဒေးရှင်းကို လှူဒါန်းမှာ ဖြစ်ပါတယ်။